လီဗာပူးဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အဖွင့်ပွဲကို ပထမဆုံး စကန်ရမယ့် အသင်းဖြစ်ပြီး အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ် တန်းတက် ကလပ် အသင်းဖြစ်တဲ့ နောဝစ်ကို ဧည့်ခံကာ ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒဏ်ရာကနေ ပြန်သက်သာလာကြတဲ့ ချိန်ဘာလိန်၊ လယ်လာနာနဲ့ ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ကိတ်တာလို ကစားသမားတွေ ရှိနေတယ်။ အဓိက တိုက်စစ်သမား မာနေးကလည်း မဲဝုဒ်ကို ပြန်ရောက်နေပြီး အာဖရိကပွဲ ကစားခဲ့တာ သိပ်မကြာသေးတာက နောဝစ်နဲ့ ပွဲ ပွဲထွက်ပေးဖို့ ကြံ့ခိုင်မှုပိုင်းမှာ အဆင်ပြေစေမယ်လို့ ယူဆရပါတယ်။

” ကိတ်တာက ဒီရာသီမှာ ပိုပြီး ကောင်းလာပါတယ်။ သူ့ထံက အများကြီး ပိုရဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မီလ်နာကတော့ မနေ့က အသင်းနဲ့ လေ့ကျင့်ခဲ့ပြီး အဆင်ပြေပါတယ် ” လို့ ယာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်း တောင်ပံသမား ဆာလက်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ အဲဗာတန်အသင်းပရိသတ်ဟာ မနက်ကပဲ အဖမ်းခံခဲ့ရပါတယ်။ အဲဗာတန်ဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင့်ပါကြောင်း သက်သေပြမှုအဖြစ် ကစားသမားသစ် ကိန်းကို ထောက်ခံကြောင်းတွေ လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီကနေ့ညမှာ လီဗာပူးပရိသတ်တွေတွေပဲ ဖန်တီးနိုင်တဲ့ အန်ဖီးညကို ပုံဖော်ထူးဆစ်ပြီး နောက်ထပ် စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမယ်လို့ တောင်းဆိုလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာလက်ဟာ အသင်းကို ရောက်ရှိပြီးကတည်းက ပရီးမီးယားလိဂ်ကို လှုပ်ခတ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာလည်း သုံးနှစ်ဆက် ရွှေဖိနပ် ရရှိဖို့ အလားအလာ ရှိနေပါတယ်။ ဆာလက် ရွှေဖိနပ်ဆုရဖို့ အလေးပေးနှုန်းက 5/1 ဖြစ်ပါတယ်။

မနှစ်က ၂၂ဂိုးနဲ့ အကောင်းဆုံး ရာသီ ပိုင်ဆိုင်ခဲ့တဲ့ မာနေးက ဒီရာသီမှာလဲ အလားတူ အောင်မြင်ဖို့ ရေပန်းစားမှုက 12/1 ရှိပါတယ်။ ယခင်က တစ်ရာသီ ၁၃ဂိုးထက် ပိုမသွင်းနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် အတွက် 12/1 က နည်းလွန်းတယ်လို့ ဆိုနိုင်ပေမယ့် လီဗာပူး တိုက်စစ်သမား ဟာ ဒုတိယ ရာသီဝက် ၂၀၁၉မှာ ပဲ ၁၄ဂိုး ရခဲ့တာပါ။

ဒီနွေမှာ ကစားသမားသစ် များများစားစား မခေါ်ယူဖြစ်တဲ့ အပေါ် ယာဂင်ကလော့ပ်က “ အတိတ်က အကောင်းဆုံးအသင်းတွေကို ကြည့်ပါ။ အခု ကျနော်တို့ အသင်းက အကောင်းဆုံးအသင်းလို့ မပြောနိုင်သေးပေမယ့် လာမယ့် နှစ်အနည်းငယ်အထိတော့ ဒီလူစာရင်းက အတူတကွ ရှိနေဦးမှာပါ ” လို့ အသင်းရဲ့ အမာခံ လူစာရင်း ဆက်ရှိနေသေးကြောင်း ရှင်းလင်းခဲ့ပါတယ်။