မန်ချက်စတာစီးတီး အသင်းဟာ ကွင်းလယ်လူ ဂမ်ဒိုဂန် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ ထိုစာချုပ်အရ ဂမ်ဒိုဂန် ဟာ (၂၀၂၃) အထိ မန်စီးတီး အသင်းမှာ ရှိနေတော့မှာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒါဘီအသင်းမှ ဂိုးသမားကြီး ကာဆန်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

ကာဆန်ဟာ ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်ကြားမှာ တူရကီကလပ် ဘာရာစပေါအတွက် ကစားပေးခဲ့တဲ့ အတွေ့အကြုံရှိပြီး ဝါရင့် ဂိုးသမားကြီးလည်း ဖြစ်တယ်။ မန်စီးတီးဟာ လူငယ်ဂိုးသမား မူရစ်ကို အငှားချထားခဲ့ပြီဖြစ်ကာ စတီဖန်ကိုလည်း ခေါ်ယူထားပေမယ့်လို့ ဘွန်ဒက်လီဂါ ကလပ်ထံ အငှားချထားမှာဖြစ်ပါတယ်။

မန်စီးတီးတောင်ပံသမား ဆာနေး ရရှိခဲ့တဲ့ ဒူးဒဏ်ရာဟာ ACL လို့ ကလပ်အသင်းဘက်က အတည်ပြု ကြေညာလိုက်ပါတယ်။ ဆာနေးဟာ ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်ပြီး ကာလရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ဆာနေးကို ခွဲစိတ်မှု ပြုလုပ်မှာဖြစ်ပြီး ဒူးဒဏ်ရာ အနေအထား အရမ်းကြီး မပြင်းထန်ဖို့ မျှော်လင့်နေရမှာပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှု မပြုလုပ်ခင် အကြိုစမ်းသပ်မှုတွေလည်း လုပ်ခဲ့သေးပြီး ဒဏ်ရာက ပေါ့သေးသေး အနေအထားတော့ မဟုတ်ပါဘူး။ ဆာနေးရဲ့ ဒဏ်ရာဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရာမှာ ရရှိခဲ့တာပါ။

ဆာနေးရဲ့ ဒဏ်ရာက ကစားသမားဘ၀ ထိခိုက်စရာ အနေထား မဟုတ်ပေမယ့် ၄င်းဟာ ဘိုင်ယန်က ကမ်းလှမ်းထားတဲ့ တစ်နှစ် ပေါင် ၂၀.၈ သန်း တန် စာချုပ်ကို လက်လွှတ်လိုက်ရပါတယ်။ ဒေးလီးမေးလ် အဆိုအရ ဂျာမန်ကလပ်ဟာ ဆာနေးအတွက် တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းထိ ပေးဖို့ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။