အပြောင်းအရွေ့ကာလ ပြီးဆုံးသွားခဲ့ချိန်မှာ လီဗာပူးကစားသမား ရိုင်ယန်ကန့်ဟာ ရန်းဂျားအသင်းထံ ပြန်လည်သွားရောက်ခြင်း မရှိတော့ပဲ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေတော့မှာပါ။

တစ်ခေတ်တစ်ခါက ပေါင် (၃၅) သန်းပမာဏနဲ့ လီဗာပူးက စံချိန်တင်ပြောင်းရွေ့ကြေး အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဟောင်း အန်ဒီကာရိုလ်းဟာ နယူးကာဆယ်အသင်းထံ Pay as you play လစာပေးချေမှုနဲ့ နယူးကာဆယ်အသင်းထံ ပြောင်းရွေ့သွားခဲ့ပါပြီ။

ကစားသမားခေါ်ယူမှု ကြီးကြီးမားမား ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ လီဗာပူးအသင်းကိုတော့ နောက်ခံလူဟောင်း ကလင်းဂျွန်ဆင်က ကာကွယ်ပြောကြားမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားဟောင်း Don Hutchinson ကတော့ သူ့အသင်းဟောင်းဟာ ကော်တင်ညိုကို အငှားနဲ့ ပြန်လည်ခေါ်ယူခဲ့သင့်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

လီဗာပူးပစ်မှတ် အသက် (၁၉) နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမား Ryan Sessegnon ဟာ တောင်တင်ဟမ်သင်းထံ ပေါင်သန်း (၃၀) နဲ့ ပြောင်းရွေ့တော့မှာ ဖြစ်ပါတယ်။

လီဗာပူး လူငယ်ကစားသမား Taiwo Awoniyi ဟာ Mainz အသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးကစာသမားဟောင်း ရော်ဘီဖောင်လာ ကိုင်တွယ်နေတဲ့ Brisbane Roar အသင်းဟာ သြစတေးလျားလိဂ် ချန်ပီယံ Sydney အသင်းကို (2-0) ရလာဒ်နဲ့ အနိုင်ယူပြီး FFA Cup ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးကစားသမား Ovie Ejaria ဟာ အပြောင်းအရွှေ့ အဆုံးသတ်အချိန်မှာပဲ ရီးဒင်းအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားတာဖြစ်ပြီး နောက်ရာသီမှာ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီမှုလည်း ပါရှိပါတယ်။

လီဗာပူးကစားသမားတွေဖြစ်ကြတဲ့ Alisson Becker (Goalkeeper), Trent Alexander-Arnold, Virgil Van Dijk (Defenders), Jordan Henderson (Midfielder) and Sadio Mane (Forward) တို့ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ရဲ့ နေရာအလိုက် ကစားသမားဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။

နည်းပြကြီး ယာဂင်ကလာပ့်ကတော့ မကြာမီစတင်တော့မယ် ရာသီသစ်မှာ ကွင်းလယ်ကစားသမား ကီတာထံက အများကြီးမျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးဂိုးသမားဟောင်း စကော့ကာဆင်ဟာ မန်ချက်စတာစီးတီးအသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွေ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။