မန်ယူအသင်းဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူထားပြီး နာပိုလီအသင်း ခံစစ်မှူး ကူလီဘာလီဟာ မက်ဂွဲရားထက် သုံးဆလောက် ပိုတန်ကြေးရှိတဲ့ ကစားသမားလို့ နာပိုလီဥက္ကဌ လော့ရန်တစ်က ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်လိဂ်ရဲ့ တန်းဖိုးထက် ပိုပေးမှုနှုန်း အရဆိုရင် ကူလီဘာလီရဲ့ ပေါက်ကြေးဟာ ပေါင် ၂၅၀ သန်းတောင် ရှိနိုင်တယ်လို့ သူက ဆိုတာပါ။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မန်ယူ က တိုက်စစ်သမားသစ် ရှာဖွေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဈေးကွက်ပိတ်ဖို့ နာရီပိုင်းအလိုမှာတင် မန်နေဂျာ ဆိုးရှားက ကလပ်အသင်းနဲ့ ကိုက်ညီမှု မရှိတဲ့ ကစားသမားတွေကို မခေါ်ပဲ အပြောင်းအရွှေ့ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အကောင်းမြင်မှု၊ အဆိုးမြင်တွေများခဲ့တဲ့ နွေအပြောင်းအရွှေ့ရလဒ်ကို မန်ယူ အမာခံ ပရိသတ်တွေတစ်ဦးကတော့ အတော်လေး ဒေါသထွက်ခဲ့ပြီး ဈေးကွက်ပိတ်ခဲ့တဲ့နောက်မှာ ကလပ်အသင်းရဲ့ ဂျာစီကို မီးရှို့ကာ အသင်းရဲ့ အကြီးအကဲဖြစ်သူ ဝုဒ်ဝတ်ကို ဒေါသတကြီး ဝေဖန်ပြစ်တင် ခဲ့ပါတယ်။

အဲဗာတန်ဟာ မန်ယူ ခံစစ်သမား ရိုဂျိုကို ဈေးကွက် နောက်ဆုံးရက်မှာ ခေါ်ယူဖို့ ညိနှိုင်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ မန်ယူ အသင်း ဟာ ရိုဂျိုအတွက် ပေါင် ၂၀ သန်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လူကာကူ ထွက်ခွာသွားခဲ့တာကြောင့် မန်ယူ နောက်ဆုံးနှစ်ရာသီ ပုံမှန်ဂိုးသွင်းပေးနေတဲ့ အထောင်တိုက်စစ်မှူး ဆုံးရှူံးရမှု ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ပေါ့စခိုးနဲ့ ဂယ်ရီနဗီလ်းကို ကစားသမားဟောင်းတွေကတော့ ဒါကို နစ်နာမှုလို့ မယူဆပဲ သတင်းကောင်းအဖြစ် မြင်နေကြပါတယ်။

မက်ဂွဲယားဟာ စံချိန်တင် အပြောင်းအရွှေ့ မတိုင်ခင် ဖျားနာမှု ဝေဒနာ ခံစားခဲ့ရပေမယ့် တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ် မှာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အင်္ဂလန် ဗဟိုနောက်ခံလူက ဆိုပါတယ်။

မန်ယူနည်းပြ ဆိုးရှားက လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ရတာဟာ နှစ်ဦးနှစ်ဖက်စလုံး ကောင်းဖို့အတွက်ဖြစ်ကြောင်း ကစားသမားသစ် ထပ်မံ မခေါ်ယူခဲ့ပေမယ့်လည်း ဆန်းချက်၊ မေဆင်ဂရင်းဝုဒ်တို့ ရှိနေတဲ့အတွက် ပိုပြီးတော့တောင် ကောင်းလာစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

စကိုင်းစပေါ့မှ သုံးသပ်သူ အာဆင်နယ် ကစားသမားဟောင်း ချာလီ နီကိုလပ်စ်က အာဆင်နယ် အသစ်ခေါ်ယူလိုက်တဲ့ စကော့တလန် နောက်ခံလူ တီရာနေးဟာ မန်ယူခံစစ်မှူး လုခ် ရှောထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။