ဒီအပတ် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ကလပ်အသင်းတွေကနေ ထွက်ခွာသွားတဲ့ အဓိက တိုက်စစ်သမားတွေဖြစ်ခဲ့ကြတဲ့ လူကာကူ၊ ဟာဇက်တို့ မပါဝင်ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ခံစစ်မှူးသစ် မက်ဂွဲရားက ဂန္တဝင်တွေများစွာ ပေါ်ထွက်ခဲ့တဲ့ အိပ်မက်ပြဇာတ်ရုံကြီးမှာ ပွဲထွက်ကစားဖို့ မစောင့်နိုင်လောက်အောင်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။

မန်နေဂျာဆိုးရှားက လေ့ကျင့်ရေးမှာ မြင်ရတဲ့ မက်ဂွဲရားဟာ သူထင်ထားတာက် ပိုအရပ်မြင့်ပြီး လူကောင်ပိုကြီးတယ်လို့ မှတ်ချက်ပေးလိုက်ပြီး ချယ်ဆီးနဲ့ပွဲ ထည့်သုံးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံလိုက်ပါတယ်။

တိုက်စစ်မှူးဆန်းချက်ဟာ လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့် အခြားသော အသင်းဖော်တွေထက် လေ့ကျင့်ရက် တစ်လလောက် နောက်ကျနေပြီး သူပွဲထွက်ခွင့်ရဖွယ် မရှိသေးပါဘူး။ ဒါပေမယ့်လို့ သူ့ကို မကြာခင်မှာ ပွဲထွက်ခွင့်တွေ ပေးသွားမှာပါ။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ ဂျာစီကိုတော့ တိုက်စစ်မှူး မာရှယ်က ပြန်လည် ဝတ်ဆင်မှာဖြစ်ပါတယ်။ မာရှယ်ဟာ ကျောနံပါတ် ၁၁ မတိုင်ခင်ကလည်း အဆိုပါနံပါတ်ကို ဝတ်ဆင်ခဲ့သေးတာပါ။

ယူနိုက်တက်ဟာ လူငယ်ပြိုင်ပွဲမှာ ကလပ်အသင်း ကြယ်ပွင့်တွေဖြစ်တဲ့ ဂိုးမက်စ်၊ တာဟစ်ချောင်၊ ဂရင်းဝုဒ်တို့ကို ထည့်သုံးခဲ့ခြင်း မရှိပဲ အသင်းကြီးအတွက်ပဲ ခေါ်ယူထားခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေက မြို့ခံပြိုင်ဘက် မန်စီးတီးထက် သမိုင်းကျောင်းမှာ ယှဉ်ပြိုင်မှုကြီးမားတဲ့ အနောက်မြောက်ဒါဘီပြိုင်ဘက် လီဗာပူးကပဲ ကလပ်အသင်းရဲ့ ပိုကြီးမားတဲ့ ဒါဘီအသင်းလို့ ရွေးချယ်သွားကြပါတယ်။

ယူနိုက်တက်က အဲရစ်ဆန်ကို ခေါ်ယူမယ်လို့ သတင်းထွက်ခဲ့တုန်းက သူအတော်လေး စိတ်လှုပ်ရှားခဲ့မိတယ်လို့ ကွင်းလယ်လူဟောင်း ပေါစခိုးက ဝန်ခံပါတယ်။ အဲရစ်ဆန်ဟာ ဒီဘရိုင်းလိုပဲ ယူနိုက်တက်ကို ခြားနားစေမယ့် ကစားသမားလို့ သူမြင်ခဲ့ကြောင်း ပြောပြပါသေးတယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှု သုံးခုပဲ ပြုလုပ်ခဲ့အပြီး ကလပ်အသင်းပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်မှုတွေ ပိုများပြားလာနေခဲ့ပါတယ်။

ဒီမနက်ယှဉ်ပြိုင်ကစားသွားတဲ့ လူငယ်ပြိုင်ပွဲမှာ ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဂျိမ်းဂါနာက ဧရိယာအပြင်ဘက်ကနေ အလန်းစားသွင်းဂိုးတစ်ဂိုး ရယူသွားခဲ့ပါတယ်။