ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လီဗာပူးနဲ့ နော့ဝစ်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ လီဗာပူးက ၄-၁ ရလဒ်နဲ့ သုံးမှတ် စတင်ရရှိခဲ့ပါတယ်။ အိုရီဂီ၊ ဗန်ဒိုက်၊ ဆာလက်တို့က သွင်းဂိုးတွေ သွင်းယူပေးပြီး နော့ဝစ်ဘက်က OG တစ်လုံး သွင်းယူခဲ့မိတာပါ။

လီဗာပူးပရိသတ်တွေက ကလပ်အသင်းရဲ့ ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ရမှုကို ဦးဆောင်ပေးခဲ့တဲ့ ယာဂင်ကလော့ပ်ကို ကလပ်အသင်း ဂန္တဝင်နည်းပြတွေနဲ့ တွဲဘက်ပြီး အလံအသစ် ပြုလုပ်ပေးလိုက်ပါတယ်။

နော့ဝစ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ဆေးဆရာဝန်က ထမ်းစင်ခေါ်ခဲ့ရတဲ့ ဂိုးသမားအယ်လီဆန်ရဲ့ ဒဏ်ရာ ပြင်းခဲ့ပုံရပြီး နောက်ဆက်တွဲအနေနဲ့ စူပါဖလားကို လွဲမယ်လို့ ကလော့ပ်က ပြောပါတယ်။

စကိုင်းစပေါ့မှ ဂယ်ရီနဗီးက အန်ဖီးကွင်းဟာ ဘောလုံးသမားတိုင်း ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားဖို့ရာ စိတ်ပျက်မိကြမယ့် ကွင်းတစ်ကွင်းပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးနဲ့ နော့ဝစ်ပွဲမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ‘This is Anfield’ အမှတ်သားကို ထိတွေ့သွားခဲ့ပါတယ်။ ယာဂင်ကလော့ပ်ဟာ တားမြစ်ထားတဲ့ အထူးစည်းကမ်းချက်ကို ပယ်ဖျက်ပေးခဲ့ဟန်ရှိပါတယ်။

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းရဲ့ ခံစစ်က ဟာကွက်တွေ များစွာရှိနေပြီး အဆုံးသတ် ပိုကောင်းတဲ့အသင်းနဲ့ ထိပ်တိုက်တွေ့ရင် အရေးနိမ့်မှုတောင် ဖြစ်သွားနိုင်တယ်လို့ ထောက်ပြဝေဖန်လိုက်ပါတယ်။

လီဗာပူးဟာ နော့ဝစ်ကို အနိုင်ရလိုက်လို့ အိမ်ကွင်း ရှူံးပွဲမရှိတာ ၄၁ ပွဲထိ ရှိလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမြင့်ဆုံး မှတ်တမ်းအဖြစ်လည်း စံချိန်သစ် ရရှိသွားပါတယ်။

နော့ဝစ်မန်နေဂျာကတော့ ဘောလုံးရာသီ နှစ်ရာသီခွဲကြာ မည့်သည်အသင်းကမှ အနိုင်မရခဲ့တဲ့ အန်ဖီးကွင်းမှာ အနိုင်ရလဒ်ရဖို့ မျှော်လင့်ခံမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးအသင်း ပရိသတ်တွေက မဲပေးရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းဖော် ဆာလက်၊ ဗန်ဒိုက်၊ ဖာဘင်ဟိုတို့ကို ကျော်ဖြတ်ပြီး ဖာမင်နိုရရှိသွားခဲ့ပါတယ်။

လီဗာပူးခံစစ်မှူး ဂိုးမက်စ်က အသင်းဟာ ပြိုင်ဘက်ကို အထင်သေးပြီး လုံးဝ မကစားခဲ့ကြောင်းနဲ့ မန်နေဂျာယာဂင်ကလော့ပ်က နော့ဝစ်ဟာ ကောင်းမွန်တဲ့ ကစားဟန်နဲ့ တုန့်ပြန်လာမယ်ဆိုတာ သတိပေးထားခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုပါတယ်။