အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ရှာခါက သူဟာ ကလပ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ဖို့ရာ ထိုက်တန်မှုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အသင်းခေါင်းဆောင် ကိုစီရယ်နီကို ပြင်သစ်ကလပ်အသင်းထံ လက်လွတ်ထားခဲ့ရပြီးနောက် တရားဝင် အသင်းခေါင်းဆောင် ရွေးချယ်ရခြင်း မရှိသေးပါဘူး။ ရှာခါက ချန်ပီယံလိဂ်ပြိုင်ကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အသင်းကို ခေါင်းဆောင်ခွင့်ရဖို့ မျှော်လင့်နေတာဖြစ်တယ်။

ရှာခါက ပြောရမှာ ” ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို တာဝန်ယူရရင် ကျနော်ရဲ့ စွမ်းဆောင်မှုကို အသိမှတ်ပြုမှုဖြစ်ပါမယ်။ အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဗီအဲရာနဲ့ အွန်နရီတို့ရဲ့ တာဝန်ယူမှုတွေကို ဆက်ခံနိုင်မယ့် အထူးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ အချိန်တိုင်းတိုးတက်နေဖို့ဖြစ်ပြီး ပြိုင်ပွဲထဲမှာရော နေရာစုံမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျနော်တို့ ထပ်သီးလေးသင်းထဲ ဝင်ချင်ပါတယ်။ ဒီနွေမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့အတူ ကျနော်တို့ အောင်မြင်မှုတွေ ရရှိမယ်လို့ ယုံကြည်တယ်။ အသင်းဖော်သစ် ပီပီကလည်း အူဘာမီယန်း၊ လာကာဇက်တီတို့နဲ့အတူ အကောင်းဆုံးတွဲဖက် ကစားသွားနိုင်မှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြ အူနိုင်းအမ်မရီကတော့ အာဆင်နယ် ကစားသမားသစ်ဖြစ်တဲ့ နီကိုးလပ် ပီပီနဲ့ တိုက်စစ်မှူး လာကာဇက်တီတို့ဟာ တနင်္ဂနွေနေ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပွဲထွက် ကစးခွင့်ရဖို့ မဖြစ်နိုင်သေးကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။