တနင်္ဂနွေနေ့ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမယ့် စူပါဆန်းဒေးပွဲဖြစ်တဲ့ ချယ်ဆီးးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူးဆန်းချက် မပါနိုင်ပေမယ့် နွေရာသီ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေအပြင် ကွင်းလယ်လူ ပေါ့ဘာလည်း ပါဝင်နိုင်ကြောင်း မန်နေဂျာဆိုးရှားက ပြောဆိုလာပါတယ်။

ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာပြသနာ အနည်းငယ်ရှိနေတယ်လို့ သတင်းထွက်ထားပေမယ့် မန်နေဂျာကတော့ ပွဲထွက်ကစားမယ်လို့ အတည်ပြုပါတယ်။ ဒါ့အပြင် ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေး ပေါင်သန်း ၈၀ နဲ့ ခေါ်ယူထားတဲ့ မက်ဂွဲရားကလည်း ပွဲထွက်ပါဝင်နိုင်မယ့် မန်နေဂျာက ပြောပါတယ်။

သရဲနီမန်နေဂျာကြီးက “ အသင်းက ကစားသမားတွေအားလုံးပဲ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ ပေါ့ဘာက ဒဏ်ရာ အနည်းငယ် ခံစားခဲ့ရပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထားမှာ ရှိနေတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ မက်ဂွဲရားက ကျနော်တို့ မျှော်မှန်းထားတာထက် ပိုကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူက ကျနော်တို့အတွက် အများကြီး အကျိုးရှိမှာပါ။

အသင်းသားတွေအားလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ရာသီသစ်ကို အကောင်းဆုံး စတင်ဖို့ အသင့်ရှိနေကြပါတယ်။ အဲရစ်ဘိုင်လီကတော့ မကစားနိုင်သေးပါဘူး။ သူက ဒဏ်ရာရနေခဲ့တာကတော့ သတင်းဆိုးပါ။ ကျန်ကစားသမားတွေကတော့ အဆင်သင့်ဖြစ်နေပါပြီ ” လို့ ပြောပါတယ်။

ဆိုးရှားကပဲ ” ဆန်းချက်က အခြားအသင်းဖော်တွေထက် လေ့ကျန်ချိန် သုံး လေးပတ်လောက် နောက်ကျနေတာပါ။ ဒီအခြေအနေမှာတော့ သူမပါနိုင်သေးပါဘူး ” လို့ ပြောဆိုခဲ့ပါသေးတယ်။