မန်စီးတီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ၀က်စ်ဟမ်းကို အဝေးကွင်းမှာပင် ၅ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ သူ့အသင်းဟာ ပွဲချိန် အချို့မှာ ဖြစ်ကတက်ဆန်း ကစားနေခဲ့တယ်လို့ ထောက်ပြ သတိပေးလိုက်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ စတားလင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဟက်ထရစ်သွင်းတဲ့ ၈ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ ဒါ့အပြင် ၂၀၁၀-၁၁ နောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။

ပထမပွဲ အနေနဲ့ ရလဒ်ကတော့ လုံးဝ ရလဒ်ကောင်း ဖြစ်ပြီး တိုးတက်ဖို့ လုပ်စရာတွေ ရှိသေးကြောင်းနဲ့ VAR က အသင်း စိတ်ဓာတ်ပိုင်း အတွက် အရေးပါခဲ့တယ်လို့ ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။

မန်စီးတီးဟာ အသက် ၂၁ နှစ်အရွယ် ဂျပန်တိုက်စစ်သမား မီရှီနိုကို ခေါ်ယူခဲ့တယ်လို့ သတင်းထွက်ထားပါတယ်။ ဂျေလိဂ်ကလပ်မှ ကစားသမားဟာ အင်္ဂလန်မှာ ပွဲထွက်ခွင့်ရဖို့ အလုပ်ပါမစ် ရှိဦးမှာမဟုတ်ပဲ ဥရောပကလပ်တွေထံ အငှားထွက် ကစားရဦးမှာဖြစ်ပါတယ်။

မန်စီးတီးရဲ့ အသင်းခေါင်းဆောင်နေရာအတွက် အတည်ပြုမှု ထွက်ပေါ်လာပါပြီ မန်နေဂျာဂွာဒီယိုလာ ကိုယ်တိုင်က ဒေးဗစ်ဆေးဗား တာဝန်ယူမယ်လို့ ဆိုလိုက်ပါတယ်။ လက်ထောက်အသင်းခေါင်းဆောင်အဖြစ် ဒီဘရိုင်း၊ အဂွယ်ရို၊ ဖာနန်ဒင်ဟိုတို့ တာဝန်ယူရမယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲက မန်စီးတီးရဲ့ အရန်ခုံက ကစားသမားတွေဟာ ပြိုင်ဘက်အသင်းတွေ မက်မောလောက်အောင် တောင့်တင်းလှပြီး ဒီထိပ်တန်းအဆင့် ကစားသမားတွေရဲ့ လက်ရှိ ဈေးကွက်တန်းကြေးက ပေါင် ၂၉၀ သန်းထိ တန်ဖိုးရှိနေခဲ့ပါတယ်။

မန်စီးတီးဟာ ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ကို ၂၀၂၃ ထိ အသင်းမှာ ဆက်ရှိနေစေမယ့် လေးနှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်စီးတီး တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီဟာ ဘရာဇီးကလပ် ဖလာမန်ဂိုးက ကမ်းလှမ်းမှု ရခဲ့ပေမယ့် ပယ်ချသွားပါတယ်။ ၄င်းက မွေးရပ်မြေ အီတလီမှာ ဆက်လက် ရှိနေလိုနေပါတယ်။