ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက သူဟာ ကလပ်အသင်းအတွက် ဒီရာသီမှာ အပြည့်အဝ အားထုတ်ပေးမှာဖြစ်ကြောင်း မန်နေဂျာဆိုးရှားကို ကတိပေးထားတယ်လို့ သိရပါတယ်။

မန်နေဂျာအိုလီက ယူနိုက်တက်ဟာ ခိုင်မာတဲ့ ခံစစ်လေးယောက်တန်းနဲ့ ဂိုးသမားဒီဂီယာတို့ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်လို့ တိုက်စစ်မှာ သွင်းဂိုးတွေအတွက် အခွင့်အရေး ဖန်တီးမှုတွေကို ပိုစိတ်ချစွာ လှုပ်ဆောင်နိုင်ပြီလို့ ပြောဆိုပါတယ်။

ယူနိုက်တက်နဲ့ သတင်းတွေထွက်ခဲ့မှုအပေါ် အနည်းငယ် အံ့သြသင့်ခဲ့ရတယ်လို့ ဗီလာကွင်းလယ်လူ John McGinn ကပြောပါတယ်။ ဆာအဲလက်စ်က သူ့ကို ခေါ်ယူဖို့ ကလပ်အသင်းကို အကြံပေးခဲ့ကြောင်း သတင်းတွေ ထွက်လာခဲ့တာပါ။

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ဖို့ဒ်က သူ့ရဲ့ ကစားသမားဘ၀ တစ်ခုလုံးကို အသင်းအတွက် ပေးဆပ်လိုကြောင်း သစ္စာပြုလိုက်ပြီး မန်နေဂျာအိုလီလက်ထက်မှာလည်း အသင်းး ပြန်လည်တည့်မတ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

မန်ယူတောင်ပံသမားဟောင်း ရိုင်ယန်ဂစ်က ကွင်းလယ်လူပေါ့ဘာရဲ့ အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးတဲ့ ဒီနွေရာသီအတွင်း အပြုအမှုမျိုးဟာ သူတို့ခေတ်မှာသာဆိုရင် လေ့ကျင့်ရေးကွင်းထဲမှာ ဆောင့်ကန်ခံနေရလောက်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်လူငယ်တွေဖြစ်တဲ့ တာဟစ်ချောင်၊ ဂရင်းဝုဒ်နဲ့ ဂိုးမက်စ်တို့ဟာ ကလပ်အသင်း လူစာရင်းနဲ့ ပါဝင်လာခဲ့ပါတယ်။ ဟိုတယ်ကို ရောက်လာတဲ့ လူစာရင်းမှာ မာတာနဲ့ ဖရက်ကို မတွေ့ရသေးပါဘူး။

ချယ်ဆီးနဲ့ပွဲအတွက် ယူနိုက်တက်လူစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

De Gea, Romero, Grant

Wan-Bissaka, Dalot, Lindelof, Maguire, Jones, Tuanzebe, Smalling, Young, Shaw

Pogba, Pereira, Lingard, Mata, Gomes, Chong, James

Greenwood, Martial, Rashford