ဂိုးသမားအယ်လီဆန် နှစ်လလောက်ထိ အနားယူရနိုင်ကြောင်း သတင်းတွေ ထွက်နေတဲ့အပြင် လီဗာပူးဟာ ဈေးကွက်ထဲမှာ ခေါ်ယူလိုရမယ့် ဂိုးသမားသစ်ပါ ရှာဖွေနေတယ်လို သိရပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကတော့ ဘလွန်းဒီအော့ဆုအတွက် ရွေးချယ်ခံရရင် ဂုဏ်ယူမိမှာဖြစ်ပေမယ့်လို့ မရရင်လည်း ဆက်လက်ပြီး ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးလူငယ်တွေဖြစ်တဲ့ ဘရူးစတားနဲ့ အီလီယက်တို့ဟာ ယူ-၂၃ အသင်းအတွက် ပါဝင်ကစားခဲ့ကြပေမယ့် ၄-၀ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် နှစ်ဦးလောက်ကို ခေါ်ယူဖို့ စကားပြောမှုတွေ လုပ်ခဲ့တယ်လို့ ယာဂင်ကလော့ပ်က ဝန်ခံပါတယ်။ ဒါပေမယ့် အေးဂျင့်တွေနဲ့ ညိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့တွေ မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးဆာလက်ဟာ လီဗာပူးအသင်းကို ပြောင်းလာခဲ့ပြီးကတည်းက ဘောလုံးရာသီအစ အဖွင့်ပွဲ သုံးပွဲလုံးမှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုက စတင်နေပြီဖြစ်ပြီး စတာလင် (၃ ဂိုး)၊ ကိန်း (၂ ဂိုး)၊ ဆာလက် (၁ ဂိုး) တို့ရရှိထားပါတယ်။ ဒီကနေ့ညမှာတော့ အာဆင်နယ်၊ ချယ်ဆီး၊ ယူနိုက်တက်တို့ လက်ကျန် အမှတ်ပေးပွဲတွေ ဆက်လက် ယှဉ်ပြိုင်ကြပါမယ်။

လီဗာပူးခံစစ်သမားတွေ နော်ဝစ်နဲ့ပွဲမှာ အနည်းငယ် ယိုယွင်းနေခဲ့တာက ရာသီစမှာ ကစားအား အရှိန်မရသေးလို့ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ အဆိုပါပွဲမှာ ရော်ဘတ်ဆန်ဟာ အနည်းငယ် နောက်ကျခဲ့လို့ လူကျွံထောင်ခြောက်ကို ပြိုင်ဘက်အသင်းသားက လွတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။