နယူးကာဆယ်နဲ့ ပွဲအတွက် အာဆင်နယ်အသင်း လူစာရင်း ထွက်ပေါ်လာရာ တိုက်စစ်မှူး လာကာဇက်တီနဲ့ ကစားသမားသစ်များ မပါဝင်သေးဘဲ ရှိနေတာ တွေ့ရပါတယ်။ အသင်း ပွဲထွက် လူစာရင်းက အောက်ပါ အတိုင်းပါ။

အာဆင်နယ် ကစားသမားဟောင်းကြီး ပေါမာဆန်က အပြောင်းအရွှေ့ ပိတ်တဲ့နေ့မှာတင် ဒေးဗစ်လူးဝစ်နဲ့ တီရာနေးကို အရခေါ်ယူ နိုင်လိုက်တာက အာဆင်နယ်အတွက် ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ပြန်ဝင်ဖို့ အလားအလာကောင်းတွေ ရှိစေကြောင်း သုံးသပ် ပြောဆိုလိုက်ပါတယ်။

” ဒေးဗစ်လူးဝစ်က အာဆင်နယ် ခံစစ် ပြဿနာတွေ အတွက် အဖြေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက အသင်းကို ချန်ပီယံလိဂ် ကစားခွင့် ပြရန်အောင် ကူညီပေးဖို့တော့ လုံလောက် ကောင်းမွန်မှု ရှိပါတယ်။ ဒါက သူ့ကြောင့် အာဆင်နယ်အသင်း အင်အားတောင့်တင်းလာတာ ထက် ပြိုင်ဘက် ချယ်ဆီးအသင်း အင်အားနည်းသွားတာကြောင့်လည်း ပါပါတယ်။” လို့ ပေါမာဆန်က ဆိုပါတယ်။

နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားတဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲကို အာဆင်နယ်တို့ အနိုင်ရထားပါတယ်။ နာမည်ကျော် သုံးသပ်သူ မိုက်ကယ် အိုဝင် က ဒီပွဲမှာ သရေ ရလဒ်သာ ထွက်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီက မူစတာဖီက အသင်းကနေ ထွက်ခွာနိုင်ကြောင်း ခွင့်ပြုထားပေမယ့် ၄င်းသာ ပါဝင်ကစားရင် အာဆင်နယ်အတွက် ကောင်းစွာ စွမ်းဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ထံကနေ အာဆင်နယ် အငှားခေါ်ယူထားတဲ့ ဒန်နီ ဆီးဘယ်လော့ဟာ အသင်း လိုအပ်နေတဲ့ စိတ်ဓာတ်ပိုင်း မာကျောမှုတွေ ယူဆောင်ပေးလာနိုင်တဲ့သူလို့ အမ်မရီက ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်နဲ့ပွဲမှာ ၄င်းကို ကစားခွင့်ပေးဖို့လည်း အမ်မရီက မျှော်လင့်နေတာပါ။

လန်ဒန်ရဲ့အရာရှိတွေက အိုဇေးရဲ့ အိမ်အပြင်ဘက်မှာ လူနှစ်ဦးကို ဖမ်းမိထားပါတယ်။ အိုဇေးကို ခြိမ်းခြောက်မှုအတွက် သူတို့ နှစ်ဦးဟာ အဖမ်းခံရတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ စစ်ဆေးမှုတွေ စတင်ပြုလုပ်သွားပါမယ်။