ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းမှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ကိစ္စရပ်များ ကစားသမားတွေ မပြောကြားဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူ အဖြစ် ပါဝင်လာပြီ ဖြစ်တဲ့ မော်ရင်ညိုက သူ့ကလပ်အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ချယ်ဆီးနဲ့ ယူနိုက်တက် ပွဲစဉ်မှာ သုံးသပ်ပြောဆိုတော့မှာ ဖြစ်ပါတယ်။

အီဒင် ဟာဇက်က ချယ်ဆီးမှာ ဆာရီနဲ့ ကွန်တီထံ က အများကြီး လေ့လာသင်ယူခဲ့ရတယ်လို့ ၀န်ခံခဲ့ပေမယ့် သူ့ရဲ့ငယ်ဘ၀ အိပ်မက်ကတော့ ဇီဒန်းအတွက် ကစားပေးဖို့ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အပြောင်းအရွှေ့ ပိတ်တဲ့နေ့မှာတင် ဒေးဗစ်လူးဝစ်ကို အရခေါ်ယူ နိုင်လိုက်တာက အာဆင်နယ်အတွက် ပြိုင်ဘက် ချယ်ဆီးကို အင်အား နည်းသွားအောင် လုပ်နိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ပြန်ဝင်ဖို့ အလားအလာကောင်းတွေ ရှိစေကြောင်း ပေါမာဆန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး ကစားသမားသစ် ခရစ္စတီယန် ပူလီဆစ် ဟာ ယနေ့ည ယူနိုက်တက်နဲ့ ကစားမယ့် ချယ်ဆီးပွဲမှာ ပွဲဦးထွက် ကစားရဖို့ ရှိနေသလို နည်းပြ ဖရန့်လမ်းပတ်က သူ ခြေစွမ်းပြလိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။

“သူက အရည်အသွေးကောင်းတွေ ရှိတယ်။ အနိုင်ယူနိင်တယ်။ ကောင်းမွန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်တယ်။ ရာသီကြိုမှာတုန်းက ခံစစ်တွေ အနောက်မှာ ပြေးလွှားပြီး ဂိုးအချို့ သွင်းယူခဲ့တယ်။ ဒါက တိုက်စစ်သမားတွေ တောင်ပံကစားသမားတွေဆီကနေ ကျနော် တကယ် လိုချင်တဲ့ အရာပါ။ ” လို့ လမ်းပတ်က ပူလီဆစ်ကို ချီးကျူးစကား ဆိုခဲ့တာပါ။

မန်နေဂျာသစ် လမ်းပတ်မှာ ငယ်ရွယ်တဲ့ အင်္ဂလန်ကစားသမားတွေရှိပြီး ဒါပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကမ္ဘာဖလားချန်ပီယံ ကန်တေကို အိုထရတ်ဖိုဒ့် ခရီးစဉ်မှာ သုံးမယ်လို့ မိုက်ကယ် အိုဝင်က ခန့်မှန်း ထားပြီး ယူနိုက်တက်နဲ့ ချယ်ဆီး သရေ ရလဒ်သာ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်ဟာ သူ့အတွက် မန်နေဂျာဘ၀ စံပြ ဖြစ်တဲ့ မော်ရင်ညိုကဲ့သို့ ချယ်ဆီးနည်းပြ ဘ၀ ပထမဆုံး ပွဲမှာတင် ယူနိုက်တက်ကို အနိုင်ယူပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။