ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မာရှယ်၊ ရပ်ဖိုဒ့် (၂ ဂိုး)၊ ဂျိမ်းတို့ရဲ့ သွင်းဂိုတွေနဲ့အတူ ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲကို နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်လည်း တက်ရောက်ကြည့်ခဲ့ပြီး ရလဒ်ကို ကျေနပ်နေဟန်ရှိပါတယ်။

ချယ်ဆီးကို ၄ ဂိုးပြတ် အနိုင်ရခြင်းဟာ မန်နေဂျာ Matt Busby လက်ထက် ၁၉၆၅ ခုနှစ်မှာ အဆင့်မြင့်တန်းအတွင်း လန်ဒန်ကလပ်ကို ၄-၀ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဂိုးအပြတ်ဆုံး နိုင်ပွဲလည်း ဖြစ်လာပါတယ်။

အိုထရတ်ဖိုဒ့်မှာ ချယ်ဆီးအသင်းကို သွင်းဂိုးနှစ်ဂိုး သွင်းယူပြီး ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ရပ်ဖိုဒ့်ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

လူစားဝင်ကစားပြီး ယူနိုက်တက်ကစားသမားဘဝ သွင်းဂိုးတစ်ဂိုး စတင်ရခဲ့တဲ့ ဂျိမ်းကတော့ သူ့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ယူနိုက်တက်မန်နေဂျာဟောင်း မော်ရင်ညိုက ချယ်ဆီးနဲ့ပွဲမှာ တိုက်စစ်ကို လိုက်ပါပြီ နောက်ပြန်မဆင်းနိုင်တဲ့ လုရှောကို ဝေဖန်ခဲ့ကာ မက်ဂွဲရားအနေနဲ့ ဘယ်အစွန်မှာ ကစားကွက်ဖြည့်ပေးဖို့ အများကြီး သင်ယူရပါမယ်လို့ သတိပေးလိုက်ပါတယ်။

ယူနိုက်တက်က တိုက်စစ်မှူး ရပ်ဖိုဒ့်ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားလို့ ကြေညာခဲ့ပေမယ့် စကိုင်းစပေါ့မှာ အားကစားဝေဖန်ရေးသမားအဖြစ် ပါဝင်ခဲ့တဲ့ မန်နေဂျာဟောင်း မော်ရင်ညိုက မက်ဂွဲရားကို ရွေးချယ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဗလန်စီယာဟာ ကလပ်အသင်းရဲ့ အဖွင့်ပွဲစဉ်ကို အိုထရတ်ဖိုဒ့်ကွင်းထံ လာရောက်ပြီး ပွဲကြည့်စင်ကနေ လာရောက် အားပေးခဲ့ပါတယ်။

တိုက်စစ်မှူး ဆန်းချက်ကို စီးရီးအေကလပ် ရိုးမားအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါကြောင်း မန်နေဂျာဆိုးရှားက ဝန်ခံစကား ပြောဆိုပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်ကို အသင်းမှာ ဆက်ထားမလား ဆုံးဖြတ်ရသေးဟန်တော့ မရှိပါဘူး။

ဘယ်အစွန်လူ မက်ဂွဲရားဟာ မနေ့ကပွဲမှာ အဆုံးသတ်ပိုင်းအတွင်း ဘောလုံးပေးမှု ရာနှုန်းပြည့် တိကျခဲ့သလို အမြင့်ဘောကိုလည်း ရာနှုန်းပြည့် အောင်မြင်ခဲ့ပါတယ်။