တနင်္ဂနွေညက ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ မန်ယူအသင်းဟာ ပွဲဦးထွက် အဖြစ် ကြီး ၆ ကြီးထဲက ပြိုင်ဘက် ချယ်ဆီးအသင်းကို ၄ – ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထို ပွဲစဉ်မှာ ဗဟိုနောက်ခံလူ မက်ဂွဲရားရဲ့ ထိပ်တန်းအဆင့် အရည်အသွေး ၇ ရပ်ကို မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန်ကြယ်ပွင့် ခံစစ်မှူး မက်ဂွဲရားဟာ ပြီးခဲ့တဲ့အပတ်ကမှ ခံစစ်မှူး တစ်ယောက် အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ မန်ယူအသင်းထံ ရောက်ရှိလာခဲ့တာပါ။

မက်ဂွဲရားက ပွဲဦးထွက်မှာတင် တစ်ဦးချင်းဘောလုံးဖျက်ထုတ်မှု ကာကွယ်မှုတွေကို အခြား ကစားသမားတွေထက် အကြိမ်ရေ တော်တော်များများ လုပ်ဆောင်ခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။

အင်္ဂလန်သားရဲ့ခြေစွမ်းတွေကို မန်ယူအသင်း ဂန္ထဝင်၊ စကိုင်းစပေါ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ ဂယ်ရီနဗီးလ် က အထူးသဘောကျနေပြီး အမွှမ်းတင် ချီးကျူးလိုက်ပါတယ်။

” မက်ဂွဲရား ကစားသွားတာကို ကျွန်တော် အရမ်း သဘောကျတယ်။ ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူတစ်ယောက်ဟာ – ချွေးမပြန်ဘူး။ တည်ငြိမ်မှု ရှိတယ်၊ ပွဲကစားချိန်ရဲ့ အချိန်တိုင်း နောက်တန်းမှာပဲ ရှိမနေဘူး၊ အနိုင်ရရှိဖို့ ဦးဆောင်နိုင်တယ်၊ ဘောလုံးလမ်းကြောင်းကို နားလည်တယ်။ တစ်ဖက် ကစားသမားတွေ ကန်ခွင့် မရအောင် တားဆီးနိုင်တယ်၊ တခြားသော နောက်ခံလူတွေ အတုယူနိုင်အောင် အသင်းကို ထိန်းကျောင်း ဦးဆောင်နိုင်တယ်” လို့ မက်ဂွဲရားရဲ့ ထိပ်တန်း အရည်အချင်း ၇ ရပ်ကို နဗီးလ်က ထုတ်ဖော် ချီူးကျူးခဲ့ပါတယ်။

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လက်စတာအသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ယမန်နေ့က ချဲလ်ဆီးအသင်းကို ၄ – ၀ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့နောက်တန်းမှာ ခံတပ်ကြီးသဖွယ် အကောင်းမွန်ဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။