အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ နယူးကာဆယ်ကို စိန့်ဂျိမ်းပါ့ခ်မှာ သွားရောက်ရင်ဆိုင်ပြီး အူဘာမီးယန်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုကိုလည်း အူဘာမီးယန်းကပဲ ရရှိခဲ့တာပါ။

ဒီရာသီ ရွှေဖိနပ်ဆု အတွက် မျှော်လင့်ထားလား ဆိုတဲ့ အမေးကို အူဘာမီးယန်းက တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဒါက စိတ်ထဲမှာ အမြဲရှိတယ်လို့ ၀န်ခံလိုက်ပြီး အသင်း နိုင်ပွဲရဖို့ကတော့ အရေးကြီးဆုံး ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါက နယူးကာဆယ်ကို နိုင်တဲ့ပွဲဟာ စိန့်ဂျိမ်းပါ့ခ်သို့ မလိုက်ပါနိုင်ခဲ့တဲ့ အသင်းဖော် အိုဇေးနဲ့ ကိုလာစီနက် အတွက် ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အိုဇေးနဲ့ ကိုလာစီနက်ဟာ လက်တလော ဖြစ်ပွားထားတဲ့ အမှုအခင်းအကြောင့် ရဲတပ်ဖွဲ့ က စစ်ဆေးဆဲ ဖြစ်ပြီး လုံခြုံရေး စိတ်မချရတာကြောင့် လန်ဒန်မှာပဲ ကျန်နေရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ဒီနွေမှာ အငှားနဲ့ ခေါ်ယူထားတဲ့ ဒန်နီ ဆီးဘယ်လော့ ကစားပုံဟာ အိုဇေးလ်၊ မီခီတာရန်တို့နဲ့ ဆင်တူလွန်းနေကြောင်း မော်ရင်ညိုက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်တိုက်စစ်သမားတွေဖြစ်တဲ့ အူဘာမီယန်နဲ့ လာကာဇက်တီတို့ဟာ ကလပ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်သစ်တွေ ချုပ်ဆိုဖို့ စကားပြောမှုတွေ ရှိနေပါတယ်။

တီရာနေးဟာ ပရီးမီးယားလိဂ် အကျော်အမော် ဗန်ဒိုက်လိုပဲ ကျော်ကြားတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်လို့ ဆဲလ်တစ်မန်နေဂျာဟောင်း ဒီလီရာက ပြောဆိုပါတယ်။ ဗန်ဒိုက်ဟာ စကော်တလန်ကလပ် ဆဲလ်တစ်မှာ ထူးချွန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တိုက်ရိုက် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဂျူဗင်တပ်ခံစစ်မှူး ရူဂါနီဟာ စီးရီးအေကလပ်ဖြစ်တဲ့ ရိုးမားအသင်းထံ အငှားထွက်ဖို့ ကြိုးစားနေပါတယ်။ ဒီနွေမှာ အာဆင်နယ်နဲ့ အဲဗာတန်တို့က အပြိုင်ကြိုးစားခဲ့ပေမယ့် ရူဂါနီကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့ပါဘူး။

အာဆင်နယ်ဟာ ကလပ်အသင်း ကွင်းလယ်လူ အိုဇေးကို မေဂျာလိဂ်အခြေစိုက် ဝါရှင်တန်ကလပ် ဒီစီယူနိုက်တက်ထံ ပြောင်းခွင့်ပေးနိုင်ဖို့ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ အိုဇေးဟာ မေဂျာလိဂ်ကလပ်မှာ လုပ်ခလစာ လျော့ယူရမယ်လို့ သိရပါတယ်။