မန်ယူအသင်းဟာ မိုနာကိုအသင်းမှ ခြေစွမ်းထက် လူငယ် Hannibal Mejbri ကို ပြောင်းရွှေ့ကြေး ပေါင် ၉ သန်း သုံးကာ ခေါ်ယူခဲ့ပြီး လူငယ်အသင်းများနဲ့ အတူ အကယ်ဒမီမှာ ဆက်လက် ပျိုးထောင်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်သား Mejbri ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ ခြေစွမ်းပြကာ လူသိများလာခဲ့သူပါ။

မန်ယူ ကွင်းလယ်လူ ပေါ့ဘာကတော့ ပထမဆုံး ပွဲထွက်ကစားတဲ့ ပွဲမှာတင် ခြေစွမ်းပြခဲ့တဲ့ ကလပ်အသင်းရဲ့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးရှင် ခံစစ်မှူး မက်ဂွဲရားအား သားရဲကြီးအဖြစ် ကင်ပွန်းတပ်သွားခဲ့ပါတယ်။

ပေါ့ဘာက ” မက်ဂွဲရားကို ကျနော်က သားရဲကြီးလို့ ခေါ်ပါတယ်။ ရိုးရိုးသားသားပြောရရင် သူက တကယ်ကို အထင်ကြီးစရာပါ။ သူက ခေါင်းဆော င်တစ်ယောက်ပါ။ လေ့ကျင့်ရေးမှာလည်း ကျနော်တို့နဲ့ အံ့ဝင်ခွင့်ကျမှု ရှိပါတယ်။ ” လို့ ဖွင့်ဟပြောကြားခဲ့တာပါ။

ချယ်ဆီးအသင်းဘက် သွင်းယူတဲ့ မန်ယူ ရဲ့ ဒုတိယဂိုးနဲ့ တတိယ ဂိုးကြားမှာ ကွာခြားချိန်က ၂မိနစ်ပင် မပြည့်ခဲ့ဘဲ ၉၅ စက္ကန့်သာ ကြာခဲ့တယ် လို့ အချက်အလက်များ က ဖော်ပြခဲ့ပါတယ်။

မန်ယူ ကွင်းလယ်လူ ပေါ့ဘာက ကလပ်အသင်း အဝတ်လဲခန်းကို ဂရက်ထစေတဲ့ အပြုအမှုမျိုး မလုပ်ပါပဲ ဒီရာသီမှာ ကလပ်အသင်း အတွက် အစွမ်းကုန် ကြိုးစားပေးဖို့ အာမခံချက်တစ်ခုကို မန်နေဂျာဆိုးရှားအား ပေးခဲ့တယ်လို့ သိရပါတယ်။

မန်ယူ ခံစစ်မှူးသစ် မက်ဂွဲရားကတော့ ချယ်ဆီးနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အပြင် နောက်ထပ် ပွဲမှာလည်း ပိုကောင်းကောင်းကစားပြီး အိုထရက်ဖိုဒ့်ကို ခံတပ်ဖြစ်စေမယ်လို့ ဆိုသွားခဲ့တယ်။

မက်ဂွဲရားက ” အသင်းအတွက်ကော ကျနော်အတွက် အရမ်းကောင်းတဲ့ စတင်မှုပါပဲ။ ပထမပိုင်းမှာ ကံနည်းနည်းကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုကောင်းခဲ့ပါတယ်။ ” လို့ ပြောဆိုခဲ့တာပါ။

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရပ်ဟာ ၄င်းတို့ကလပ်အသင်းမှ ကွင်းလယ်လူ အိုမိုကို ခေါ်ယူဖို့ ကြိုးစားတဲ့ မန်ယူရဲ့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း လူကာကူဟာ အင်တာမီလန် နဲ့ ပွဲဦးထွက် ပါဝင်ကစားခဲ့တဲ့ Virtus Bergamo ကို ၈ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲမှာ လေးဂိုး သွင်းယူခဲ့ပါတယ်။