မန်ယူ က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဘီဘာအို တိုက်စစ်မှူး အင်နကီဟာ လာလီဂါကလပ်နဲ့ ကိုးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ပေါင် ၁၂၅ သန်းဖြစ်ပါတယ်။

မန်ယူနဲ့ အတူ ပွဲဦးထွက် ပရီးမီးယားလိဂ် ပွဲစဉ်မှာတင် ဂိုး သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ ဝေးစ်တိုက်စစ်သမားလေး ဒန်နီရယ် ဂျိမ်းစ်က ၄င်းထံမှ ခြေစွမ်းကောင်းတွေ အများကြီး ထွက်လာဦးမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မန်ယူ ခံစစ်မှူးဟောင်း ဂယ်ရီနဗီးက မဝေးတော့တဲ့ အနာဂတ်မှာ မန်စီးတီးက ပက် ဂွာဒီယိုလာကို ဆုံးရှုံးသွားနိုင်သလို လီဗာပူးကလည်း ဆာလက်ကို လက်လွှတ်ရနိုင်ပြီး ထိုအချိန်မျိုးမှာ မန်ယူအသင်း အနေနဲ့ ဆုဖလား စိန်ခေါ်မှုအတွက် အခွင့်အရေးယူဖို့ အသင့်ပြင်ထားရန် အားပေးတိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ်မှူးဟောင်း ဂယ်ရီနဗီလ်းကတော့ တိုက်စစ်မှူး မားကက်ရဒ်ဖိုဒ့်ဟာ အသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် တာဝန်ယူထားတဲ့ မာရှယ်ကို ကောင်းကောင်းမွန်မွန် ပံ့ပိုးပေးမယ့်သူ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ကောလဟာလတွေ အကြိမ်ပေါင်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ဖူးတဲ့ ရှနိုက်ဒါဟာ ယခုအချိန်မှာ ကစားသမားဘ၀က အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ပွဲဦးထွက်မှာပဲ အဖွင့်ဂိုးသွင်းယူပြခဲ့တဲ့ ကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ်ကတော့ သူ့အပေါ် ချီးကျူးမှု ပြုလုပ်သွားခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် ၀ုဒ်ဝဒ်ဟာ လက်ရှိနည်းပြ ဆိုးရှားကို ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်ရဲ့ လုပ်ပိုင်ခွင့်တွေ အကုန်လုံး ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပေးအပ်ထားလိုက်ပြီလို့ သိရှိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ အသင်းအတွက် အကွက်မြင်မြင် ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ရဲ့ Class 92 ကစားသမား Ben Thornley ကတော့ တိုက်စစ်မှူးဟောင်း ဇာဟာ ယူနိုက်တက်မှာ တောက်ပခွင့်မရခဲ့တဲ့အတွက် ၀မ်းနည်းမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာကတော့ သူ့ရဲ့ အသင်းဟောင်းအပေါ် (၄-၀) ရလာဒ်နဲ့ အနိုင်ယူနိုင်ခဲ့ခြင်းဟာ တကယ့်ကို လွန်လွန်ကျွံကျွံ ရလာဒ်တစ်ခုလို့ ထင်မြင်မိပေမယ့် ပျော်ရွှင်ခဲ့ရကြောင်း ကြွှေးကြော်လိုက်ပါတယ်။