မန်ယူပရိသတ်များဟာ ဒေါ့မွန်အသင်းမှ အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြန်ရှိလာပြန်ပါတယ်။ ဆန်ချိုက နောက်နှစ်မှာတော့ ဒေါ့မွန်မှ ထွက်ခွာဖွယ် ရှိတယ် သတင်းထွက်နေတာပါ။

အင်တာမီလန်အသင်းဟာ မန်ယူတိုက်စစ်သမား ဆန်းချက်ကို အငှားခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ အင်တာ တာဝန်ရှိသူများဟာ အင်္ဂလန်သို့ ရောက်ရှိနေပြီး မန်ယူဘက်မှ တာဝန်ရှိသူများနဲ့ ပြောဆိုဆွေးနွေးနေပြီ ဖြစ်ပါတယ်။

အင်တာနည်းပြ ကွန်တီက ၄င်းရဲ့ နည်းဗျူဟာအသစ်နဲ့ အသင်းကို ပြောင်းလဲတည်ဆောက်နေမှုမှာ ပါဝင်ဖို့ ဆန်းချက်ကို တိုက်တွန်းနေပေမယ့် ကစားသမားဟာ မန်ယူမှာ ရနေတဲ့ တစ်ရာသီ ပေါင် ၉ သန်း လစာကို လျှော့ယူမှ အငှား ထွက် ကစားမှု ဖြစ်မြောက်မှာ ဖြစ်ပါတယ်။

မန်ယူကစားသမားသစ် ၀မ်ဘစ်ဆာကာက ပွဲဦးထွက် ချယ်ဆီးနဲ့ ပွဲမှာ နိုင်ပွဲနဲ့ ရကာ ခြေစွမ်းလည်း ပြနိုင်ခဲ့တာ အတွက် ၀မ်းမြောက် ပျော်ရွှင်နေကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဒါ့အပြင် ရာသီပွဲဦးထွက် နိုင်ပွဲကို ဆက်လက်သယ်ဆောင်သွားပြီး ယုံကြည်မှု အပြည့်နဲ့ ခရီးရှည်ကို ဆက်ရမယ်လို့ ဘစ်ဆာကာက ယူဆထားပါတယ်။ ၄င်းက မန်ယူအသင်းဘက်မှာ တိုးတက်ရမယ့်နေရာလေးတွေလည်း ရှိသေးတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်က ဒီရာသီမှာ ကျောနံပါတ် ၉ ကို ပြန်လည် ၀တ်ဆင်တဲ့နောက် နည်းပြ ဆိုးရှားက ၄င်းကို တာဝန်ယူမှု ပိုရှိစေလိုပြီး ဂိုးတွေ အများကြီး သွင်းဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် စောင့်ကြည့်ကြိုးစားနေတဲ့ခဲ့တဲ့ ဟော်လန် တောင်ပံတိုက်စစ်သမား Steven Bergwijn ဟာ လက်ရှိကလပ် PSV နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုသွားပါတယ်။

ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ ခံစစ်မှူး ရိုဂျိုဟာ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင် ကစားသမား ရောင်းချမှု အချို့ ပြုလုပ်ရန် အစီအစဉ် ရှိဆဲ ဖြစ်ပါတယ်။

ယူနိုက်တက် ဒီနွေမှာ ခေါ်ယူလိုက်တဲ့ ၁၆ နှစ်သား ပြင်သစ်တိုက်စစ်သမား Hannibal Mejri က တစ်နေ့မှာ ယူနိုက်တက်ရဲ့ နံပါတ် ၇ ကို ၀တ်ဆင်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟခဲ့ပါတယ်။