ပေါ့ဘာရဲ့ အမွှာညီအစ်ကို Mathias Pogba ကတော့ ကစားသမားအနေနဲ့ ယူနိုက်တက်ကို စွန့်ခွာပြီး ရီးရဲမက်ဒရစ်ထံ ရောက်ရှိသွားဖို့ဆိုတာ ဖြစ်နိုင်နေဆဲဖြစ်ကြောင်း ကောလဟာလ သတင်းတွေ ပြောကြားခဲ့ပြန်ပါပြီ။

ဘာတန်အသင်းမှာ အငှား ထွက် ကစားနေတဲ့ ယူနိုက်တက် ဂိုးသမား ကီရန် အိုဟာရာဟာ အိုင်ယာလန် ပဏမ လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ ရွေးချယ်ခံရပါတယ်။ ၄င်းက လာမယ့် နိုင်ငံတကာပွဲစဉ်တွေဖြစ်ကြတဲ့ Switzerland, Bulgaria တို့နဲ့ ပွဲစဉ်တွေအတွက် ရွေးချယ်ခြင်း ခံခဲ့ရတာပါ။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ကလပ်အသင်း ဂိုးသမားဖြစ်သူ ဒီဂီယာအား ကလပ်အသင်းရဲ့ နည်းစနစ်အသစ်တွေမှာ အကျွမ်းတဝင်ရှိပြီး အသင်းလိုက်တွေမှာ ပိုမို အံ့ဝင်လာစေဖို့အတွက် အပိုလေ့ကျင့်ရေးတွေ ပြုလုပ်ရမယ့် လမ်းညွှန်မှုတွေ ပြုလုပ်ထားပါတယ်။

ယူနိုက်တက်နဲ့ စာချုပ် နောက်ဆုံးနှစ်ကို ရောက်လာပြီဖြစ်တဲ့ ဒီဂီယာကို ကလပ်ဘက်ကတော့ စာချုပ်သစ် ပေးပြီး ကလပ်အသင်းရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားတွေထဲ ပါဝင်စေကာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။ ဒီဂီယာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ချယ်ဆီးနဲ့ပွဲမှာလည်း လက်စွမ်းပြနိုင်ခဲ့ပါသေးတယ်။

အင်တာမီလန်အသင်းဟာ ရိုးမားအသင်းရဲ့ တိုက်စစ်မှူး ဂျက်ကို ကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်ယူ တိုက်စစ်မှူး ဆန်းချက်ဘက်ကို မြားဦးလှည့်လာခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကျောနံပါတ် ၉ ပြန်လည်ဝတ်ဆင်ခွင့် ရလာခဲ့တဲ့ ပြင်သစ်သား တိုက်စစ်မှူး အန်တိုနီ မာရှယ်က နံပါတ် ၉ ဝတ်ရတာ တာဝန်ပို တာကြောင့် ဂိုးတွေ သွင်းပြမယ်လို့ ပြောကြားလာခဲ့ပါတယ်။

မာရှယ်ဟာ မန်ယူအသင်းကို ရောက်စဉ်က နံပါတ် ၉ ဝတ်ဆင်ခွင့် ရခဲ့ပေမယ့် အဲဒီနောက် နံပါတ် ၁၁ ပြောင်းလဲ ဝတ်ဆင်ကစားခဲ့ရခဲ့ပြီး ဒီနှစ်မှာတော့ လူကာကူ အသင်းပြောင်းသွားတာကြောင့် နံပါတ် ၉ ပြန်ဝတ်ခွင့်ရလာခဲ့ပါတယ်။