ယူနိုက်တက်နည်းပြ ဆိုးရှားက အသင်း ကွင်းလယ်ဟာ ၄င်း ဖြေရှင်းရမယ့် ပြဿနာ တစ်ခု ဖြစ်ကြောင်း ၀န်ခံ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက် က ပြီးခဲ့တဲ့ရာသီမှာ စီနီယာ ကွင်းလယ်နှစ်ဦး ဖြစ်တဲ့ ဟာရဲရားနဲ့ ဖယ်လိုင်နီကို ဆုံးရှုံးထားတာပါ။

ဆန်းချက် အတွက် အသင်းမှာ နေရာရှိသေးပြီး အခွင့်အရေး ပေးမယ်လို့ ဆိုးရှားက ဆိုထားပေမယ့် အပြောင်းအရွှေ့ မပိတ်ခင် ဆန်းချက် ထွက်ခွာမယ် သတင်းကြီးနေဆဲ ဖြစ်ကာ ၄င်းရဲ့နောက်ကလပ်အသင်းအတွက် ကြေးဖွင့်မှုများ ရှိနေပါတယ်။ ဆန်းချက်ဟာ အင်တာမီလန်သို့ 5/1 ၊ ရိုးမားသို့ 6/1 နဲ့ ဂျူဗင်တပ်သို့ 20/1 လို့ အလေးပေးမှုများ ထွက်ပေါ်နေပါတယ်။

ရာသီအဖွင့်ပွဲစဉ်ကို လှလှပပ ကျော်ဖြတ်ခဲ့တဲ့ ယူနိုက်တက်အတွက် ဆိုးရှားဟာ တကယ့်ကို အားရကျေနပ်နေပေမယ့် သူ့အသင်းဟာ ထပ်မံ တိုးတက်လာဦးမယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွေ့ဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် ဥရောပ အပြောင်းအရွေ့ဟာ စက်တင်ဘာ (၂) ရက်နေ့မှ အဆုံးသတ်မှာ ဖြစ်တဲ့အတွက် ဆန်းချက်၊ ရိုဂျို၊ ဒါမီယန် နဲ့ ဘောပါတို့ရဲ့ သတင်းတွေဟာ ဆက်လက်ထွက်ပေါ်နေဦးမှာပါ။

လာမယ့် တနင်္လာနေ့မှာ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းမှာ အဲရစ်ဘိုင်လေ တစ်ယောက်သာ ဒဏ်ရာပြဿနာကြောင့် ကစားပေးနိုင်မှာ မဟုတ်သေးပါဘူး။

ယူနိုက်တက်က Koulibaly ကို ယူရို သန်း (၉၀) ပမာဏနဲ့ အပြောင်းအရွေ့ မကုန်ဆုံးခင် ကမ်းလှမ်းခဲ့သေးပေမယ့် နာပိုလီဖက်က ငြင်းပယ်သွားခဲ့တယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြနေကြပါပြီ။

ရီးဒင်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက် အရန်အသင်းရဲ့ လူစာရင်းမှာ ဂရင်းဝုဒ်၊ ချောင် နဲ့ ဂိုးမက်စ်တို့ လုံးဝ ပါဝင်လာခြင်း မရှိဘူးလို့တော့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံးသုံးကြိမ်မှာ (၂) ပွဲရှုံး (၁) ပွဲသရေ ရလာဒ်ဆိုး ပေါ်ထွက်ခဲ့တာပါ။

ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ နွေအပြောင်းအရွေ့မှာ ဝုဗ်အသင်း အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး Pedro Neto ဟာ သူ့ရဲ့ ပွဲဦးထွက်မှာပဲ သွင်းဂိုးရယူနိုင်ခဲ့ပြီး ယခုအချိန်မှာ ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားကြောင်း ပြောကြားလိုက်ပါတယ်။

အင်္ဂလန်ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ယူနိုက်တက် တော်တင်ဟမ်တို့နဲ့ အပြောင်းအရွေ့ဟာ မဖြစ်မြောက်ခဲ့ပေမယ့် ဂျုဗင်တပ်အသင်းဟာ တိုက်စစ်မှူး ဒိုင်ဘားလားကို ရောင်းချလိုနေဆဲပါ။