စူပါကပ်ပွဲစဉ် အပြီး အောင်ပွဲခံနေစဉ် ပရိသတ်တစ်ဦးကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ရသွားတဲ့ ဂိုးသမား အက်ဒရီယန်ကတော့ ၄င်းဟာ ဒီတပတ် လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲ ပါဝင်ကစားဖို့ အသင့် ဖြစ်နေပြီလို့ ခံစားမိကြောင်း ပြောဆိုသွားပါတယ်။ ကလော့ပ်ကတော့ အက်ဒရီယန် အခြေအနေကို စောင့်ကြည့်နေဆဲပါ။

လီဗာပူး လူငယ်တိုက်စစ်သမား ကားတစ် ဂျုံးစ်ဟာ ကလပ်အသင်းနဲ့ ကာလရှည်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် လက်မှတ် ရေးထိုး သွားပါတယ်။ မာဆေးဆိုဒ်သား လူငယ်လေးကို ကာလရှည် စာချုပ် သက်တမ်းတိုးလိုက်တာပါ။

မာဆေးဆိုဒ် ဒေသခံတစ်ယောက် အနေနဲ့ ဒီလို အံ့ဖွယ်ကလပ်အသင်းမှာ ကစားခွင့်ရဖို့က သူ့အိပ်မက်ပဲ ဖြစ်တယ်လို့ ဂျုံးစ်က သက်တမ်းတိုး အပြီး ၀မ်းမြောက်စကား ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး မာနေးကို ရီးရဲမက်ဒရစ်နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပြီး လာလီဂါအသင်းနည်းပြ ဇီဒန်း နဲ့ ဥက္ကဋ္ဌ ပီရက်ဇ် တို့ကြား သဘောထား ကွဲမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

လီဗာပူး အရန်ဂိုးသမား အာဒရီယန်ရဲ့ ဝက်စ်ဟမ်း အသင်းဖော်ဟောင်း နိုလန်ကတော့ ဒဏ်ရာအနည်းငယ် ရရှိနေတဲ့ ဂိုးသမားကို စနေနေ့မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ မြင်တွေ့လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်သမား ရှာကွီရီက ပွဲကစားချိန် နည်းပါးခြင်းနဲ့ ပတ်သတ်ပြီး အဖြေရှာရမှာ ဖြစ်ကြောင်း ၀န်ခံလိုက်က ဘယ်သူမှ အရန်ခုံမှာ ထိုင်မနေလိုဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူး ကစားသမားတွေ ဖြစ်ကြတဲ့ ဖာမီနို နဲ့ ဖာဘင်ညို တို့ဟာ နိုင်ငံအသင်း ဘရာဇီးအသင်းရဲ့ နိုင်ငံတကာ ချစ်ကြည်ရေးပွဲစဉ်တွေ ကစားပေးဖို့ ခေါ်ယူခြင်း ခံထားရတယ်လို့ သိရှိရပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ ခံစစ်လိုင်းကို မြင့်မြင့်ထားပြီး ကစားနေတာဖြစ်တယ်လို့ ဝန်ခံပါတယ်။ အဲ့သည်လို့ ကစားရာမှာ လူကျွံဘောဖမ်းနိုင်မှုက အဓိက ကျလာမှာဖြစ်လို့ ဒီရာသီ VAR စနစ်အပေါ် အကောင်းမြင်နေပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား Allan Rodrigues de Souza ဟာ အံအားသင့်ဖွယ်ရာပဲ ကိုလံဘီယာ၊ ချီလီအသင်းတို့နဲ့ ချစ်ကြည်ရေးပွဲ ကစားရမယ့် ဘုရာဇီးအသင်းအတွက် ရွေးချယ်ခြင်း ခံလိုက်ရပါပြီ။

လီဗာပူး နောက်ခံလူ လိုဗရန်ဟာ လုပ်ခလစာ ညှိနှိုင်းဖို့ အဆင်မပြေမှုကြောင့် ရိုးမားအသင်းနဲ့ အပြောင်းအရွေ့ကိစ္စ ပျက်ပျယ်သွားခဲ့ပြီ ဖြစ်ပါတယ်။