လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေတာ့ ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမားျဖစ္တဲ့ ေမဆန္ေမာင့္ဟာ စိတ္လႈပ္ရွားစရာ ကစားသမားမ်ိဳးျဖစ္ျပီး ကလပ္အသင္းကို ဒုကၡေပးႏုိင္တဲ့သူလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒဏ္ရာရ ကစားသမားေတြ အမ်ားအျပား ရွိေနေပမယ့္ လီဗာပူး ပြဲအမွီ ျပန္ေကာင္းလာၾကျပီျဖစ္တယ္။ အိုဒိြဳင္း၊ ရိစ္ဂ်ိမ္း၊ ကန္တီနဲ႔ ေမာင့္တို႔ဟာ တနဂၤေႏြေန႔ပြဲမွာ ပါဝင္ဖို႔ ေစာင့္ၾကည့္ခံေနရဆဲျဖစ္ျပီး လီဗာပူး အသင္းမွာလည္း ကြင္းလယ္လူ ကီတာ ျပန္ ကစားႏုိင္ေနျပီ ျဖစ္ပါတယ္။

လီဗာပူး တိုက္စစ္မွဴး ဆာလက္ ေဘာလံုးေပးျခင္း နည္းပါးမႈကို ျငင္းခံုေနၾကတာနဲ႔ ပက္သက္ျပီး အီဂ်စ္သား တိုက္စစ္သမားဟာ တကိုယ္ေကာင္း ဆန္သူ တစ္ဦး မဟုတ္ပါဘူးလို႔ အသင္းေဖာ္ ခ်ိန္ဘာလိန္က ကာကြယ္ ေျပာဆိုခဲ့ပါတယ္။

” ဆာလက္က တစ္ကိုယ္ေကာင္းဆန္ျပီး ေဘာလံုးမေပးတာ မဟုတ္ပါဘူး။ သူက တိုက္စစ္သမားတစ္ေယာက္ျဖစ္ျပီး ဂိုးသြင္းဖို႔ လိုတာေၾကာင့္ပါ။ သူက သူလုပ္ရမယ့္အလုပ္ကို သူလုပ္ေနတာပဲ ျဖစ္ပါတယ္။ သူ ဂိုးသြင္းတယ္၊ က်ေနာ္တုိ႔ ပြဲေတြ အႏုိင္ရတယ္။ က်ေနာ္ကေတာ့ ေက်နပ္ပါတယ္။ ဆာလက္ အေနနဲ႔ သူလုပ္လိုတာမ်ိဳး လုပ္ပါေစ ” လို႔ ခ်ိန္ဘာလိန္က ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ၂၀၁၃ ခုနွစ္မွာ မန္စီးတီးအသင္းရဲ႕ လူငယ္ကင္းေထာက္စနစ္ကို ခ်ိဳးေဖာက္ေထာက္လွမ္းဖို႔ ၾကိဳးစားခဲ့တာေၾကာင့္ ေလ်ာ္ေၾကး ေပါင္ တစ္သန္း ေပးခဲ့ရတယ္လို႔ The Times သတင္းစာက ေဖာ္ထုတ္လိုက္ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ နာပိုလီကို ၂ဂိုး ဂိုးမရွိနဲ႕ ရွံဳးနိမ့္ခဲ့ေပမယ့္ ေျခစြမ္းတည္ျငိမ္မႈ ဆက္လက္ ထိန္းသိမ္းရန္ ယာဂင္ ကေလာ့ပ္က အသင္းသားေတြကို သတိေပးခဲ့ပါတယ္။

မန္ယူခံစစ္မဴွးေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံလုပြဲ ပိုမို အသက္၀င္ေစဖို႔ ဒီတနဂၤေႏြမွာ ခ်ယ္ဆီးက လီဗာပူးကို အနိုင္ယူနုိင္ဖို႔ ေမွ်ာ္လင့္ အားေပးေနေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ကလပ္အသင္း တိုက္စစ္သမားေဟာင္း ဆာလက္ဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ေခတ္ဦးအျဖစ္ လန္ဒန္ေျမမွာ ေျခစြမ္းမျပႏိုင္တာက အခြင့္အေရးေတြ နည္းပါးခဲ့လို႔ျဖစ္ေၾကာင္း သံုးသပ္ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပီအက္ဗီအသင္းမွ တိုက္စစ္သမားေလး Donyell Malen ကို ေစာင့္ၾကည့္မႈေတြ လုပ္ေနပါတယ္။ အသက္ ၂၀ အရြယ္ ကစားသမားဟာ အာဆင္နယ္ ကစားသမားေဟာင္းျဖစ္ျပီး နယ္သာလန္ကလပ္ကို အျပီးသတ္ ေျပာင္းေရႊ႔ခဲ့သူျဖစ္ပါတယ္။

Myan News

UNICODE – လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်ဟာ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဖြစ်ပြီး ကလပ်အသင်းကို ဒုက္ခပေးနိုင်တဲ့သူလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားသမားတွေ အများအပြား ရှိနေပေမယ့် လီဗာပူး ပွဲအမှီ ပြန်ကောင်းလာကြပြီဖြစ်တယ်။ အိုဒွိုင်း၊ ရိစ်ဂျိမ်း၊ ကန်တီနဲ့ မောင့်တို့ဟာ တနင်္ဂနွေနေ့ပွဲမှာ ပါဝင်ဖို့ စောင့်ကြည့်ခံနေရဆဲဖြစ်ပြီး လီဗာပူး အသင်းမှာလည်း ကွင်းလယ်လူ ကီတာ ပြန် ကစားနိုင်နေပြီ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာလက် ဘောလုံးပေးခြင်း နည်းပါးမှုကို ငြင်းခုံနေကြတာနဲ့ ပက်သက်ပြီး အီဂျစ်သား တိုက်စစ်သမားဟာ တကိုယ်ကောင်း ဆန်သူ တစ်ဦး မဟုတ်ပါဘူးလို့ အသင်းဖော် ချိန်ဘာလိန်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

” ဆာလက်က တစ်ကိုယ်ကောင်းဆန်ပြီး ဘောလုံးမပေးတာ မဟုတ်ပါဘူး။ သူက တိုက်စစ်သမားတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းဖို့ လိုတာကြောင့်ပါ။ သူက သူလုပ်ရမယ့်အလုပ်ကို သူလုပ်နေတာပဲ ဖြစ်ပါတယ်။ သူ ဂိုးသွင်းတယ်၊ ကျနော်တို့ ပွဲတွေ အနိုင်ရတယ်။ ကျနော်ကတော့ ကျေနပ်ပါတယ်။ ဆာလက် အနေနဲ့ သူလုပ်လိုတာမျိုး လုပ်ပါစေ ” လို့ ချိန်ဘာလိန်က ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၃ ခုနှစ်မှာ မန်စီးတီးအသင်းရဲ့ လူငယ်ကင်းထောက်စနစ်ကို ချိုးဖောက်ထောက်လှမ်းဖို့ ကြိုးစားခဲ့တာကြောင့် လျော်ကြေး ပေါင် တစ်သန်း ပေးခဲ့ရတယ်လို့ The Times သတင်းစာက ဖော်ထုတ်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲမှာ နာပိုလီကို ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းတည်ငြိမ်မှု ဆက်လက် ထိန်းသိမ်းရန် ယာဂင် ကလော့ပ်က အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

မန်ယူခံစစ်မူှးဟောင်း ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံလုပွဲ ပိုမို အသက်ဝင်စေဖို့ ဒီတနင်္ဂနွေမှာ ချယ်ဆီးက လီဗာပူးကို အနိုင်ယူနိုင်ဖို့ မျှော်လင့် အားပေးနေကြောင်း ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပီအက်ဗီအသင်းမှ တိုက်စစ်သမားလေး Donyell Malen ကို စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ အာဆင်နယ် ကစားသမားဟောင်းဖြစ်ပြီး နယ်သာလန်ကလပ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကလပ်အသင်း တိုက်စစ်သမားဟောင်း ဆာလက်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ခေတ်ဦးအဖြစ် လန်ဒန်မြေမှာ ခြေစွမ်းမပြနိုင်တာက အခွင့်အရေးတွေ နည်းပါးခဲ့လို့ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

Myan News