အာဆင္နယ္အသင္းက လြန္ခဲ့တဲ့ႏွစ္ႏွစ္က ေပါင္ ၅ သိန္းတည္းနဲ႔ ေရာင္းထုတ္ခဲ့တဲ့ တိုက္စစ္မွဴး Donyell Malen ဟာ နယ္သာလန္ကလပ္ ပီအက္ဗီကို ေျပာင္းေရႊ႔ရာမွာ ေျခစြမ္းပိုင္း တိုးတက္လာခဲ့ျပီး လက္ရွိ အခ်ိန္မွာေတာ့ ကလပ္အသင္း ၄၅ သင္းက ေစာင့္ၾကည့္ခံေနရတဲ့ ေပါင္ သန္း ၅၀ တန္ ကစားသမား ျဖစ္လာေနခဲ့ပါျပီ။

အသက္ ၂၀ အရြယ္ ကစားသမားဟာ အာဆင္နယ္လူငယ္အသင္းမွာ ထြန္းေတာက္လာခဲ့ေပမယ့္ ပြဲထြက္ခြင့္ မရျခင္းေၾကာင့္ မိခင္ႏုိင္ငံျဖစ္တဲ့ နယ္သာလန္က ပီအက္ဗီအသင္းထံ ေျပာင္းသြားခဲ့တာပါ။ မႏွစ္ကရာသီ ၄၂ ပြဲမွာ ၁၁ ဂိုးသြင္းခဲ့တဲ့ တုိက္စစ္သမားဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၉ ဂိုးထိ ရယူထားႏုိင္ခဲ့ျပီလည္း ျဖစ္ပါတယ္။

ငယ္စဥ္ ကစားသမားဘဝကို ဒီလစ္၊ ကလုဗက္တို႔နဲ႔ လူငယ္အသင္းမွာ ပညာသင္ခဲ့ျပီး အသက္ ၁၆ ႏွစ္အရြယ္ အာဆင္နယ္ အကယ္ဒမီမွာ ဆက္လက္ သင္ယူျပီး ဂႏၱဝင္ၾကီး ဘားကမ့္ရဲ႕ ေျခရာနင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း အခြင့္အေရးေတြ မရခဲ့တဲ့ေနာက္ ႏွစ္ႏွစ္ၾကာ ပညာသင္ယူတဲ့ အာဆင္နယ္ကို စြန္႔ခြာျပီး ပီအက္ဗီကို သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔တင္ ေရာက္ရွိခဲ့တာျဖစ္တယ္။

သီယာရီ အြန္နရီလက္သစ္လို႔ဆိုတဲ့ အဆိုပါ တိုက္စစ္သမားရဲ႕ တန္ေၾကးက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ အာဆင္နယ္ကေန ေခၚယူစဥ္ကထက္ အဆ ၁၀၀ တိုးတက္ခဲ့ျပီလုိ႔ ပီအက္ဗီက ယူဆတတ္။ ကစားသမားရဲ႕ တိုးတက္လာေၾကာင္း သက္ေသျပခ်က္တစ္ခုကေတာ့ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းက ဖာမင္ႏိုေနရာ အစားထိုးဖို႔ ေစာင့္ၾကည့္လာသလို အာဆင္နယ္ကလည္း ကစားသမားေလးကို အသင္းထံ ျပန္ေခၚလိုေနေၾကာင္း သတင္းၾကီးလာခဲ့တယ္။

ကစားသမားေလးကေတာ့ အာဆင္နယ္မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက သူ႔ရဲ႕ အရည္အခ်င္းကို အထင္ၾကီးသလို ယံုၾကည္မႈေတြလည္း ေပးႏုိင္ခဲ့ေပမယ့္ ပြဲကစားခြင့္အရ နယ္သာလန္ကလပ္ကို ေျပာင္းေရႊ႔ခဲ့ရတာပါလို႔ ထုတ္ေျပာထားျပီး လာမယ့္ အေျပာင္းအေရႊ႔မွာ အဂၤလန္ျမကို ျပန္နင္းလာမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်အသင်းက လွန်ခဲ့တဲ့နှစ်နှစ်က ပေါင် ၅ သိန်းတည်းနဲ့ ရောင်းထုတ်ခဲ့တဲ့ တိုက်စစ်မှူး Donyell Malen ဟာ နယ်သာလန်ကလပ် ပီအက်ဗီကို ပြောင်းရွှေ့ရာမှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ ကလပ်အသင်း ၄၅ သင်းက စောင့်ကြည့်ခံနေရတဲ့ ပေါင် သန်း ၅၀ တန် ကစားသမား ဖြစ်လာနေခဲ့ပါပြီ။

အသက် ၂၀ အရွယ် ကစားသမားဟာ အာဆင်နယ်လူငယ်အသင်းမှာ ထွန်းတောက်လာခဲ့ပေမယ့် ပွဲထွက်ခွင့် မရခြင်းကြောင့် မိခင်နိုင်ငံဖြစ်တဲ့ နယ်သာလန်က ပီအက်ဗီအသင်းထံ ပြောင်းသွားခဲ့တာပါ။ မနှစ်ကရာသီ ၄၂ ပွဲမှာ ၁၁ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်သမားဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ ဂိုးထိ ရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ငယ်စဉ် ကစားသမားဘဝကို ဒီလစ်၊ ကလုဗက်တို့နဲ့ လူငယ်အသင်းမှာ ပညာသင်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အာဆင်နယ် အကယ်ဒမီမှာ ဆက်လက် သင်ယူပြီး ဂန္တဝင်ကြီး ဘားကမ့်ရဲ့ ခြေရာနင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အခွင့်အရေးတွေ မရခဲ့တဲ့နောက် နှစ်နှစ်ကြာ ပညာသင်ယူတဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ပီအက်ဗီကို သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့တင် ရောက်ရှိခဲ့တာဖြစ်တယ်။

သီယာရီ အွန်နရီလက်သစ်လို့ဆိုတဲ့ အဆိုပါ တိုက်စစ်သမားရဲ့ တန်ကြေးက လွန်ခဲ့တဲ့ နှစ်နှစ် အာဆင်နယ်ကနေ ခေါ်ယူစဉ်ကထက် အဆ ၁၀၀ တိုးတက်ခဲ့ပြီလို့ ပီအက်ဗီက ယူဆတတ်။ ကစားသမားရဲ့ တိုးတက်လာကြောင်း သက်သေပြချက်တစ်ခုကတော့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက ဖာမင်နိုနေရာ အစားထိုးဖို့ စောင့်ကြည့်လာသလို အာဆင်နယ်ကလည်း ကစားသမားလေးကို အသင်းထံ ပြန်ခေါ်လိုနေကြောင်း သတင်းကြီးလာခဲ့တယ်။

ကစားသမားလေးကတော့ အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက သူ့ရဲ့ အရည်အချင်းကို အထင်ကြီးသလို ယုံကြည်မှုတွေလည်း ပေးနိုင်ခဲ့ပေမယ့် ပွဲကစားခွင့်အရ နယ်သာလန်ကလပ်ကို ပြောင်းရွှေ့ခဲ့ရတာပါလို့ ထုတ်ပြောထားပြီး လာမယ့် အပြောင်းအရွှေ့မှာ အင်္ဂလန်မြကို ပြန်နင်းလာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။