ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ မွ ၀က္စ္ဟမ္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ပြဲအတြက္ နာမည္ေက်ာ္ေတြရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္မ်ား အစံုအလင္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ တနဂၤေႏြေန႔ည ၇း၃၀ နာရီ ျဖစ္ပါတယ္။

မိုက္ကယ္အို၀င္

၀က္စ္ဟမ္းက ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၉ ပြဲမွာ ၁ ပြဲသာ ရွံဳးထားပါတယ္။ ျပီးခဲ့တဲ့ တနလၤာကေတာ့ ဗီလာပါ့ခ္မွာ တစ္မွတ္ သာ ရခဲ့ျပီး စိတ္ပ်က္ဖြယ္ ဂိုးမရွိ သေရ ရထားတာပါ။ ဒီတနဂၤေႏြမွာေတာ့ ဂိုးေတြ ျမင္ရဖြယ္ ရိွပါတယ္။ မန္ယူအသင္းကေတာ့ ျပီးခဲ့တဲ့ လိဂ္ ပြဲ ၁၀ ပြဲမွာ ဒုတိယေျမာက္နုိင္ပြဲကို ျပီးခဲ့တဲ့အပတ္က အိုးထရက္ဖို႔မွာ လက္စတာကို တစ္ဂိုး အသာနဲ႕ နုိင္ထားပါတယ္။ ဆိုးရွားရဲ႕ အသင္းဟာ ဒီရာသီ ၀ုဗ္၊ ေဆာက္သမ္တန္တို႔ကို သေရက်ထားတာေၾကာင့္ ဒီပြဲဟာ ထိပ္သီးေလးသင္း ၀င္နုိင္စြမ္း ရွိ မရွိ စမ္းသပ္မႈၾကီး တစ္ခု ျဖစ္လာဦးမွာပါ။ လန္ဒန္ကြင္းၾကီးမွာ တစ္သင္းသင္း နုိင္ရမယ္ ဆိုရင္ ကစားပံု ပိုေကာင္းေနတဲ့ အိမ္ရွင္ပဲ ျဖစ္ပါလိမ့္မယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ၀က္စ္ဟမ္း သေရေတာင္ က်မွာမဟုတ္ဘဲ အနုိင္ေသခ်ာပါတယ္။

​ေရာ္​ဘီဆာ​​ေ​ဗ့ခ်္

စူပါဆန္​း​ေဒး အ​ေစာပိုင္​း ပြဲစဥ္​ အျဖစ္​ ဝက္​ဟမ္​း အသင္​းဟာ မန္​ယူအသင္​းကို လန္​ဒန္ကြင္းၾကီးမွာ ဧည့္ခံကစားရမွာပါ။ မန္​ယူက ၾကားရက္ အက္​စ္​တာနာနဲ႕ ယူရိုပါလိဂ္ပြဲမွာ ​ေျခစြမ္းေကာင္​းမြန္​ခဲ့ျခင္းမ႐ွိခဲ့ဘဲ တိုက္​စစ္ကလည္​း ဂိုးရဖို႔ ႐ုန္​းကန္​ ​ခဲ့ရပါတယ္​။ ဒါေပမယ့္ မန္ယူအသင္းက ဒီပြဲမွာေတာ့ အ​ေဝးကြင္​းမွာ အႀကိတ္​အနယ္​ ကစားကာ ရလဒ္​​ေကာင္​းယူသြားလိမ့္မယ္လို႔ သံုးသပ္လိုက္ပါတယ္။

ဆာ​​ေ​ဗ့ခ်္ ခန္႔မွန္းရလဒ္။ ။ မန္ယူအနိုင္။

ခ်ာလီနစ္ကိုးလပ္ (စကိုင္းစေပါ့)

မန္ယူက ဒီကြင္းလာကစားတိုင္း အမ်က္ထြက္ေနတဲ့ ၀က္စ္ဟမ္းကိုခ်ည္း ေတြ႔ေနတာပါ။ ၀က္စ္ဟမ္းက ၾကံ႕ခိုင္ျပီး ရုပ္ပိုင္းဆိုင္ရာ အားသာခ်က္ေတြ ရွိပါတယ္။ ဒါကို မန္ယူတို႔ ဘယ္လို ေက်ာ္ျဖတ္မယ္ မသိပါဘူး။ လက္စတာဆီက အဖိုးတန္ ၃ မွတ္ ယူနိုင္ခဲ့ေပမယ့္ ၀က္စ္ဟမ္းကိုေတာ့ မန္ယူ ကစားသမားေတြ ကစားပံုနဲ႕ မလြယ္တာ အမွန္ပါ။

မန္ခ်က္စတာ ယူႏုိက္တက္ တို႔ လာကစားတုိင္း ေဒါသထြက္ ေနတဲ့ ၀က္စ္ဟမ္း နဲ႔ ပဲ ရင္ဆုိင္ ရတတ္ ပါတယ္ ။ ၀က္စ္ဟမ္း ဟာ ေတာင့္တင္းၿပီး ကာယပုိင္း အားသာခ်က္ အမ်ားႀကိး ရွိပါတယ္ ။ ဒါကို ယူႏုိက္တက္ တို႔ ဘယ္လို ရင္ဆုိင္ ေက်ာ္ျဖတ္ မလဲဆိုတာ ကြ်န္ေတာ္ မသိပါဘူး ။ လက္စတာ ကို ႏုိင္ခဲ့တာ ယူႏုိက္တက္ အတြက္ တကယ္ကို တန္ဖိုးႀကီး တဲ့ ၃ မွတ္ ျဖစ္ေစခဲ့ ပါတယ္ ။ ဒါေပမယ့္ ၀က္စ္ဟမ္း ကို အႏုိင္ယူႏုိင္မယ့္ ယူႏုိက္တက္ ကစားပံု နဲ႔ ကစားသမား ကို မျမင္ မိတာေတာ့ အမွန္ ပါပဲ ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ၀က္စ္ဟမ္း ၂-၁ မန္ခ်က္စတာယူႏုိက္တက္

ေလာ္ရိုး

တနလၤာေန႔က အက္စတြန္ဗီလာအသင္းကို ၁၀ ေယာက္တည္းနဲ႕ သေရ ရေအာင္ ကစားသြားတဲ့ ၀က္စ္ဟမ္း ေျခစြမ္းက ခ်ီးက်ဴးူစရာပါ။ သူတို႔က တိုးတက္ေနတဲ့ အသင္းလဲ ျဖစ္တယ္။ ဒီတပတ္မွာ ၀က္စ္ဟမ္း မန္ယူကို ယွဥ္ ကစားသြားပါလိမ့္မယ္။ မန္ယူ ကစားပံုက ဒီရာသီမွာ ေျပာပေလာက္ေအာင္ ေကာင္းမြန္မႈ မရွိေသးပါဘူး။ ဒီရာသီ အဖြင့္ပြဲမွာ မန္ယူတို႔ ခ်ယ္ဆီးကို ေလးဂိုးျပတ္ နုိင္ခဲ့စဥ္ကေတာင္ တစ္ပြဲလံုး ေျခစြမ္း ေကာင္းခဲ့တာ မဟုတ္ပါဘူး။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ၀က္စ္ဟမ္း ၂-၁ မန္ခ်က္စတာယူႏုိက္တက္

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ရး၃၀ နာရီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်

ဝက်စ်ဟမ်းက နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲသာ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာကတော့ ဗီလာပါ့ခ်မှာ တစ်မှတ် သာ ရခဲ့ပြီး စိတ်ပျက်ဖွယ် ဂိုးမရှိ သရေ ရထားတာပါ။ ဒီတနင်္ဂနွေမှာတော့ ဂိုးတွေ မြင်ရဖွယ် ရှိပါတယ်။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ လိဂ် ပွဲ ၁၀ ပွဲမှာ ဒုတိယမြောက်နိုင်ပွဲကို ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့မှာ လက်စတာကို တစ်ဂိုး အသာနဲ့ နိုင်ထားပါတယ်။ ဆိုးရှားရဲ့ အသင်းဟာ ဒီရာသီ ဝုဗ်၊ ဆောက်သမ်တန်တို့ကို သရေကျထားတာကြောင့် ဒီပွဲဟာ ထိပ်သီးလေးသင်း ဝင်နိုင်စွမ်း ရှိ မရှိ စမ်းသပ်မှုကြီး တစ်ခု ဖြစ်လာဦးမှာပါ။ လန်ဒန်ကွင်းကြီးမှာ တစ်သင်းသင်း နိုင်ရမယ် ဆိုရင် ကစားပုံ ပိုကောင်းနေတဲ့ အိမ်ရှင်ပဲ ဖြစ်ပါလိမ့်မယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း သရေတောင် ကျမှာမဟုတ်ဘဲ အနိုင်သေချာပါတယ်။

ရော်ဘီဆာဗေ့ချ်

စူပါဆန်းဒေး အစောပိုင်း ပွဲစဉ် အဖြစ် ဝက်ဟမ်း အသင်းဟာ မန်ယူအသင်းကို လန်ဒန်ကွင်းကြီးမှာ ဧည့်ခံကစားရမှာပါ။ မန်ယူက ကြားရက် အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲမှာ ခြေစွမ်းကောင်းမွန်ခဲ့ခြင်းမရှိခဲ့ဘဲ တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် မန်ယူအသင်းက ဒီပွဲမှာတော့ အဝေးကွင်းမှာ အကြိတ်အနယ် ကစားကာ ရလဒ်ကောင်းယူသွားလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဆာဗေ့ချ် ခန့်မှန်းရလဒ်။ ။ မန်ယူအနိုင်။

ချာလီနစ်ကိုးလပ် (စကိုင်းစပေါ့)

မန်ယူက ဒီကွင်းလာကစားတိုင်း အမျက်ထွက်နေတဲ့ ဝက်စ်ဟမ်းကိုချည်း တွေ့နေတာပါ။ ဝက်စ်ဟမ်းက ကြံ့ခိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေ ရှိပါတယ်။ ဒါကို မန်ယူတို့ ဘယ်လို ကျော်ဖြတ်မယ် မသိပါဘူး။ လက်စတာဆီက အဖိုးတန် ၃ မှတ် ယူနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကိုတော့ မန်ယူ ကစားသမားတွေ ကစားပုံနဲ့ မလွယ်တာ အမှန်ပါ။

မန်ချက်စတာ ယူနိုက်တက် တို့ လာကစားတိုင်း ဒေါသထွက် နေတဲ့ ဝက်စ်ဟမ်း နဲ့ ပဲ ရင်ဆိုင် ရတတ် ပါတယ် ။ ဝက်စ်ဟမ်း ဟာ တောင့်တင်းပြီး ကာယပိုင်း အားသာချက် အများကြိး ရှိပါတယ် ။ ဒါကို ယူနိုက်တက် တို့ ဘယ်လို ရင်ဆိုင် ကျော်ဖြတ် မလဲဆိုတာ ကျွန်တော် မသိပါဘူး ။ လက်စတာ ကို နိုင်ခဲ့တာ ယူနိုက်တက် အတွက် တကယ်ကို တန်ဖိုးကြီး တဲ့ ၃ မှတ် ဖြစ်စေခဲ့ ပါတယ် ။ ဒါပေမယ့် ဝက်စ်ဟမ်း ကို အနိုင်ယူနိုင်မယ့် ယူနိုက်တက် ကစားပုံ နဲ့ ကစားသမား ကို မမြင် မိတာတော့ အမှန် ပါပဲ ။

ချာလီ ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၂-၁ မန်ချက်စတာယူနိုက်တက်

လော်ရိုး

တနင်္လာနေ့က အက်စတွန်ဗီလာအသင်းကို ၁၀ ယောက်တည်းနဲ့ သရေ ရအောင် ကစားသွားတဲ့ ဝက်စ်ဟမ်း ခြေစွမ်းက ချီးကျူးူစရာပါ။ သူတို့က တိုးတက်နေတဲ့ အသင်းလဲ ဖြစ်တယ်။ ဒီတပတ်မှာ ဝက်စ်ဟမ်း မန်ယူကို ယှဉ် ကစားသွားပါလိမ့်မယ်။ မန်ယူ ကစားပုံက ဒီရာသီမှာ ပြောပလောက်အောင် ကောင်းမွန်မှု မရှိသေးပါဘူး။ ဒီရာသီ အဖွင့်ပွဲမှာ မန်ယူတို့ ချယ်ဆီးကို လေးဂိုးပြတ် နိုင်ခဲ့စဉ်ကတောင် တစ်ပွဲလုံး ခြေစွမ်း ကောင်းခဲ့တာ မဟုတ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၂-၁ မန်ချက်စတာယူနိုက်တက်

Myan News