ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ မွ အာဆင္နယ္နဲ႕ အက္စတြန္ဗီလာ ပြဲအတြက္ နာမည္ေက်ာ္ေတြရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္မ်ား အစံုအလင္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ တနဂၤေႏြေန႔ည ၁၀း၀၀ နာရီ ျဖစ္ပါတယ္။

မိုက္ကယ္အို၀င္

အာဆင္နယ္ အေနနဲ႕ ဂိုးေတြျပန္ေပးျပီး အမွတ္ေတြ ဆံုးရွံဳးေနေစတဲ့ ခံစစ္အမွားေတြကို ရပ္တန္႔သင့္ပါျပီ။ ၾကာသပေတးေန႔မွာ အာဆင္နယ္က ခက္ခဲတဲ့ ျပိဳင္ဘက္ ဖရန္႔ဖတ္ကို ရင္ဆိုင္ခဲ့ရျပီး ဒီတပတ္ အမ္းမရိတ္မွာ အိမ္ရွင္တုိ႔ သက္ေတာင့္ သက္သာ နုိင္ပြဲ ရမယ္ မထင္ပါဘူး။ ဒီတပတ္ အေစာပိုင္းမွာ ၀က္စ္ဟမ္းဆီက တစ္မွတ္ ရခဲ့ေပမယ့္ အက္စတြန္ဗီလာကလည္း နည္းနည္း စိတ္ပ်က္ေနမယ္ ထင္ပါတယ္။ ဒီရာသီ တန္းဆင္းဇုန္နား မေနခ်င္ဘူး ဆိုရင္ ဗီလာတို႔ တိုးတက္ဖို႔ လိုေနပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ။ တစ္ဂိုးစီ သေရ။

​ေရာ္​ဘီဆာ​​ေ​ဗ့ခ်္

ဒီတစ္​ပတ္​မွ​ာ​ အာဆင္နယ္က အက္​စတြန္​​ဗီလာနဲ႔ အ​ေရးႀကီးပြဲပါ။ အာဆင္နယ္က ၾကားရက္​ ယူ႐ိုပါလိဂ္​ပြဲစဥ္​မွာ ဖရန္​႔ဖတ္ကို အ​ေဝးကြင္​းမွာ ၃-၀ နဲ႔ နိုင္ခဲ့ျပီး အဓိက ကစားသမားေတြကိုလည္း အနားေပးထားနိုင္ခဲ့ပါတယ္။ အမ္​မရီရဲ႕ အသင္းသားေတြဟာ ပြဲပန္းမႈ ဒဏ္ကို ခံရမွာ မဟုတ္ပါဘူး။

ဆာ​​ေ​ဗ့ခ်္ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ အနိုင္။

ခ်ာလီနစ္ကိုးလပ္ (စကိုင္းစေပါ့)

အာဆင္နယ္အသင္းဆို ဘယ္က စေျပာရပါ့မလဲ။ ပီပီဟာ ပရီးမီးယားလိဂ္နဲ႕ အသားက်သင့္ေနပါျပီ။ သူ႔ရဲ႕ ေနရာယူမႈ အလိမ္အေခါက္ေတြနဲ႕ အူဘာမီးယန္းကို အကူအညီ ေပးေနရေတာ့မွာပါ။ အမ္မရီ အေနနဲ႕ နယ္လ္ဆန္၊ ၀ယ္ေလာ့တို႔ကို ဆက္ ကစားေစသင့္ျပီး ခံစစ္မွာေတာ့ လူး၀စ္နဲ႕ ဘယ္သူ႕ကို တြဲဖက္ေပးသင့္လဲ မေျပာတတ္ေတာ့ပါဘူး။ အိမ္ကြင္းမွာ ျဖစ္္လို႔ အာဆင္နယ္ဆီက ဂိုးေတြ ျမင္ရမွာ။ ဗီလာကေတာ့ တိုက္စစ္၊ ကြင္းလယ္ မဆိုးေပမယ့္ ခံစစ္ ေတာ္ေတာ္ေလး ညံ့ပါတယ္။ တန္ျပန္တုိက္စစ္ကေန ဂိုးေတြ ျပန္ရနုိင္ေပမယ့္ အာဆင္နယ္ပဲ အနုိင္ရမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ ၄-၂ ဗီလာ

ေလာ္ရိုး

ခုထိ ေနာက္တန္းအားနည္းခ်က္ကို မျပင္နုိင္ေသးတဲ့ အာဆင္နယ္ကေတာ့ ၀က္ဖို႕ဒ္နဲ႕ ပြဲမွာ ၂ ဂိုးေတာင္ ျပန္ေပးလိုက္ရတာပါ။ ဒါေပမယ့္ ဒီတပတ္ ဆံုတဲ့ အက္စတြန္ဗီလာကေတာ့ အာဆင္နယ္ကို ထိုးေဖာက္နုိင္မယ့္ တိုက္စစ္မ်ိဳး ရွိမေနပါဘူး။ ယူရိုပါလိဂ္ နုိင္ပြဲရထားတဲ့ အာဆင္နယ္ပဲ နိုင္သြားဦးမွာပါ။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ ၂-၀ အက္စ္တြန္ဗီလာ

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ အာဆင်နယ်နဲ့ အက်စတွန်ဗီလာ ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်

အာဆင်နယ် အနေနဲ့ ဂိုးတွေပြန်ပေးပြီး အမှတ်တွေ ဆုံးရှုံးနေစေတဲ့ ခံစစ်အမှားတွေကို ရပ်တန့်သင့်ပါပြီ။ ကြာသပတေးနေ့မှာ အာဆင်နယ်က ခက်ခဲတဲ့ ပြိုင်ဘက် ဖရန့်ဖတ်ကို ရင်ဆိုင်ခဲ့ရပြီး ဒီတပတ် အမ်းမရိတ်မှာ အိမ်ရှင်တို့ သက်တောင့် သက်သာ နိုင်ပွဲ ရမယ် မထင်ပါဘူး။ ဒီတပတ် အစောပိုင်းမှာ ဝက်စ်ဟမ်းဆီက တစ်မှတ် ရခဲ့ပေမယ့် အက်စတွန်ဗီလာကလည်း နည်းနည်း စိတ်ပျက်နေမယ် ထင်ပါတယ်။ ဒီရာသီ တန်းဆင်းဇုန်နား မနေချင်ဘူး ဆိုရင် ဗီလာတို့ တိုးတက်ဖို့ လိုနေပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ။ တစ်ဂိုးစီ သရေ။

ရော်ဘီဆာဗေ့ချ်

ဒီတစ်ပတ်မှာ အာဆင်နယ်က အက်စတွန်ဗီလာနဲ့ အရေးကြီးပွဲပါ။ အာဆင်နယ်က ကြားရက် ယူရိုပါလိဂ်ပွဲစဉ်မှာ ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ နိုင်ခဲ့ပြီး အဓိက ကစားသမားတွေကိုလည်း အနားပေးထားနိုင်ခဲ့ပါတယ်။ အမ်မရီရဲ့ အသင်းသားတွေဟာ ပွဲပန်းမှု ဒဏ်ကို ခံရမှာ မဟုတ်ပါဘူး။

ဆာဗေ့ချ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် အနိုင်။

ချာလီနစ်ကိုးလပ် (စကိုင်းစပေါ့)

အာဆင်နယ်အသင်းဆို ဘယ်က စပြောရပါ့မလဲ။ ပီပီဟာ ပရီးမီးယားလိဂ်နဲ့ အသားကျသင့်နေပါပြီ။ သူ့ရဲ့ နေရာယူမှု အလိမ်အခေါက်တွေနဲ့ အူဘာမီးယန်းကို အကူအညီ ပေးနေရတော့မှာပါ။ အမ်မရီ အနေနဲ့ နယ်လ်ဆန်၊ ဝယ်လော့တို့ကို ဆက် ကစားစေသင့်ပြီး ခံစစ်မှာတော့ လူးဝစ်နဲ့ ဘယ်သူ့ကို တွဲဖက်ပေးသင့်လဲ မပြောတတ်တော့ပါဘူး။ အိမ်ကွင်းမှာ ဖြစ်လို့ အာဆင်နယ်ဆီက ဂိုးတွေ မြင်ရမှာ။ ဗီလာကတော့ တိုက်စစ်၊ ကွင်းလယ် မဆိုးပေမယ့် ခံစစ် တော်တော်လေး ညံ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ ပြန်ရနိုင်ပေမယ့် အာဆင်နယ်ပဲ အနိုင်ရမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၄-၂ ဗီလာ

လော်ရိုး

ခုထိ နောက်တန်းအားနည်းချက်ကို မပြင်နိုင်သေးတဲ့ အာဆင်နယ်ကတော့ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ၂ ဂိုးတောင် ပြန်ပေးလိုက်ရတာပါ။ ဒါပေမယ့် ဒီတပတ် ဆုံတဲ့ အက်စတွန်ဗီလာကတော့ အာဆင်နယ်ကို ထိုးဖောက်နိုင်မယ့် တိုက်စစ်မျိုး ရှိမနေပါဘူး။ ယူရိုပါလိဂ် နိုင်ပွဲရထားတဲ့ အာဆင်နယ်ပဲ နိုင်သွားဦးမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၀ အက်စ်တွန်ဗီလာ

Myan News