ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ မွ ခ်ယ္ဆီးနဲ႕လီဗာပူး ပြဲအတြက္ နာမည္ေက်ာ္ေတြရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္မ်ား အစံုအလင္ စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ တနဂၤေႏြေန႔ည ၁၀း၀၀ နာရီ ျဖစ္ပါတယ္။

မိုက္ကယ္အို၀င္

ဒီတပတ္ၾကားရက္ ခ်န္ပီယံလိဂ္မွာ ရွံဳးပြဲေတြ႕ထားတဲ့ နွစ္သင္း ဆံုမွာ ျဖစ္ျပီး လီဗာပူးအသင္းရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ အတြက္ စမ္းသပ္မႈၾကီး ျဖစ္ပါတယ္။ ျပီးခဲ့တဲ့လက အစၥတန္ဘူလ္မွာ ဒီနွစ္သင္းဟာ စူပါကပ္ဖလား ဖိုင္နယ္ပြဲ ကစားထားခဲ့ျပီး လီဗာပူး နုိင္ခဲ့ပါတယ္။ ဒီတပတ္ စတန္းဖို႔ ဘရစ္ခ်္မွာေတာ့ လြယ္ကူမွာ မဟုတ္ပါဘူး။ ခ်ယ္ဆီးရဲ႕ လူငယ္ အဂၤလိပ္ ကစားသမားေတြက ရင္ခုန္စရာ ေကာင္းေနျပီး ေအဗရာဟမ္ကေတာ့ ဗန္ဒိုက္ မာတစ္ အတြဲနဲ႕ ထိပ္တိုက္ေတြ႔ဦးမွာပါ။ လီဗာပူး အေနနဲ႕ကေတာ့ ျပည္တြင္းမွာ ျပီးျပည့္စံုတဲ့ ေဘာလံုးရာသီ စတင္ထားတာ ျဖစ္လို႔ ဆက္လက္ ထိန္းဖို႔ ၾကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္ လီဗာပူးအသင္းက ၁၅ ပြဲဆက္ ပရီးမီးယားလိဂ္နိုင္ပြဲ ယူဦးမယ္လို႔ေတာ့ ထင္ေနပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး လီဗာပူး အနုိင္။

​ေရာ္​ဘီဆာ​​ေ​ဗ့ခ်္

နွစ္သင္းလံုးက ၾကားရက္ ခ်န္ပီယံလိဂ္ အုပ္စုပြဲေတြမွာ အသီးသီး ရွံဳးပြဲေတြ႔ထားပါတယ္။ ျပီးခဲ့တဲ့ လ ယူအီးအက္​​​ေအ စူပါဖလား ပြဲစဥ္​မွာ ​ေတြ႔ဆံုခဲ့ၾကစဥ္က ဒီနွစ္သင္း ​ေျခစြမ္​းကြာဟမႈ မ႐ွိခဲ့ကာ လီ​ဗာပူးဟာ ပင္​နယ္​တီ အဆံုးအျဖတ္​နဲ႔ အႏိုင္​ယူကာ ​ဗိုလ္​စြဲခဲ့ပါတယ္​။ ဒီတစ္​ႀကိမ္​မွာလည္​း ၿပီးခဲ့တဲ့ စူပါဖလားတုန္​းက ပံုစံမ်ိဳး အႀကိတ္​အနယ္​႐ွိတဲ့ ပြဲစဥ္​ကို ျမင္​​ေတြ႔ ရလိမ္​့မယ္​လို႔ ဆိုထားပါတယ္။

ဆာ​​ေ​ဗ့ခ်္ ခန္႔မွန္းရလဒ္။ ။ သေရ။

ခ်ာလီနစ္ကိုးလပ္ (စကိုင္းစေပါ့)

လမ္းပတ္ကေတာ့ ဘယ္ျပိဳင္ဘက္အသင္းနဲ႕ ေတြ႔ေတြ႔ တိုက္စစ္ပဲ ဖြင့္ကစားပါလိမ့္မယ္။ ဒါကပဲ လီဗာပူးကို တန္ျပန္တိုက္စစ္ ဆင္ခြင့္ေတြ ရေစမွာပါ။ နွစ္သင္းလံုးကေတာ့ ခ်န္ပီယံလိဂ္ ကစား ပြဲပန္းထားျပီး ရလဒ္လည္း မေကာင္းခဲၾကပါဘူး။ ဒီပြဲမွာေတာ့ လမ္းပတ္ဟာ အိမ္ကြင္း ရလဒ္မေကာင္းေသးတဲ့ မွတ္တမ္းကို ျပင္ဆင္ဖို႔ ၾကိဳးစားပါလိမ့္မယ္။ ခ်ယ္ဆီးဘက္က ေအဘရာဟမ္ကို ၀ီလီယံ နဲ႔ ပက္ဒရိုတုိ႔ ၀န္းရံၿပီး ပြဲထြက္ လာႏုိင္ျပီး လီဗာပူး ခံစစ္ကို ဒုကၡေပးနိုင္မွာပါ။ လီဗာပူး တုိက္စစ္ကလည္း ဘယ္အသင္းကို မဆို ဂိုးသြင္းနိုင္ပါတယ္။ အျပန္အလွန္ ဂုိးေတြ သြင္းၾကၿပီး သေရ က်သြားမယ့္ ပြဲပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး ၂-၂ လီဗာပူး

ေလာ္ရိုး

ေနာက္ဆံုးရ သတင္းေတြမွာေတာ့ ခ်ယ္ဆီးကစားသမား ေမဆန္ေမာင့္ ဒီပြဲ ပါ၀င္ဖို႔ မေသခ်ာပါဘူး။ ေမာင့္ အပါအ၀င္ ခ်ယ္ဆီး လူငယ္ေတြက အသင္းအတြက္ အားကုန္ ထုတ္ကစားျပေနပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ အသာစီးယူထားပါေစ တစ္မိနစ္ေလာက္ ေျခက်သြားတာနဲ႕ ေပးဆပ္မႈၾကီးတယ္ဆိုတာ ဗလင္စီယာပြဲမွာ သင္ခန္းစာရခဲ့မယ္ ထင္ပါတယ္။ ၀ုဗ္ကို ဂိုးျပတ္ကစားျပျပီး ၾကားရက္ အိမ္ကြင္းပြဲမွာ ျပန္ရွံဳးတယ္ဆိုေတာ့ လမ္းပတ္ အေနနဲ႕ ခ်ယ္ဆီးအသင္း ရလဒ္တည္ျငိမ္အတြက္ စဥ္းစားျပင္ဆင္ရေတာ့မွာပါ။

လီဗာပူးအသင္းကလည္း နာပိုလီနဲ႕ပြဲမွာ အခြင့္အေရးေတြကို အသံုးခ်ဖို႔ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ ဒီအမွားေတြကို ဘယ္လို ျပင္ဆင္နုိင္လဲ ဆိုတာ ခ်ယ္ဆီးနဲ႕ ပြဲက သက္ေသျပနိုင္ဖို႔ အခြင့္အေရးပါ။ ဒီပြဲမွာေတာ့ လီဗာပူး အသာစီး ရသြားပါလိမ့္မယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး ၀-၂ လီဗာပူး

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ ချယ်ဆီးနဲ့လီဗာပူး ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်

ဒီတပတ်ကြားရက် ချန်ပီယံလိဂ်မှာ ရှုံးပွဲတွေ့ထားတဲ့ နှစ်သင်း ဆုံမှာ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက် အတွက် စမ်းသပ်မှုကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အစ္စတန်ဘူလ်မှာ ဒီနှစ်သင်းဟာ စူပါကပ်ဖလား ဖိုင်နယ်ပွဲ ကစားထားခဲ့ပြီး လီဗာပူး နိုင်ခဲ့ပါတယ်။ ဒီတပတ် စတန်းဖို့ ဘရစ်ချ်မှာတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ချယ်ဆီးရဲ့ လူငယ် အင်္ဂလိပ် ကစားသမားတွေက ရင်ခုန်စရာ ကောင်းနေပြီး အေဗရာဟမ်ကတော့ ဗန်ဒိုက် မာတစ် အတွဲနဲ့ ထိပ်တိုက်တွေ့ဦးမှာပါ။ လီဗာပူး အနေနဲ့ကတော့ ပြည်တွင်းမှာ ပြီးပြည့်စုံတဲ့ ဘောလုံးရာသီ စတင်ထားတာ ဖြစ်လို့ ဆက်လက် ထိန်းဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးအသင်းက ၁၅ ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲ ယူဦးမယ်လို့တော့ ထင်နေပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး လီဗာပူး အနိုင်။

ရော်ဘီဆာဗေ့ချ်

နှစ်သင်းလုံးက ကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာ အသီးသီး ရှုံးပွဲတွေ့ထားပါတယ်။ ပြီးခဲ့တဲ့ လ ယူအီးအက်အေ စူပါဖလား ပွဲစဉ်မှာ တွေ့ဆုံခဲ့ကြစဉ်က ဒီနှစ်သင်း ခြေစွမ်းကွာဟမှု မရှိခဲ့ကာ လီဗာပူးဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပြီးခဲ့တဲ့ စူပါဖလားတုန်းက ပုံစံမျိုး အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်ကို မြင်တွေ့ ရလိမ့်မယ်လို့ ဆိုထားပါတယ်။

ဆာဗေ့ချ် ခန့်မှန်းရလဒ်။ ။ သရေ။

ချာလီနစ်ကိုးလပ် (စကိုင်းစပေါ့)

လမ်းပတ်ကတော့ ဘယ်ပြိုင်ဘက်အသင်းနဲ့ တွေ့တွေ့ တိုက်စစ်ပဲ ဖွင့်ကစားပါလိမ့်မယ်။ ဒါကပဲ လီဗာပူးကို တန်ပြန်တိုက်စစ် ဆင်ခွင့်တွေ ရစေမှာပါ။ နှစ်သင်းလုံးကတော့ ချန်ပီယံလိဂ် ကစား ပွဲပန်းထားပြီး ရလဒ်လည်း မကောင်းခဲကြပါဘူး။ ဒီပွဲမှာတော့ လမ်းပတ်ဟာ အိမ်ကွင်း ရလဒ်မကောင်းသေးတဲ့ မှတ်တမ်းကို ပြင်ဆင်ဖို့ ကြိုးစားပါလိမ့်မယ်။ ချယ်ဆီးဘက်က အေဘရာဟမ်ကို ဝီလီယံ နဲ့ ပက်ဒရိုတို့ ဝန်းရံပြီး ပွဲထွက် လာနိုင်ပြီး လီဗာပူး ခံစစ်ကို ဒုက္ခပေးနိုင်မှာပါ။ လီဗာပူး တိုက်စစ်ကလည်း ဘယ်အသင်းကို မဆို ဂိုးသွင်းနိုင်ပါတယ်။ အပြန်အလှန် ဂိုးတွေ သွင်းကြပြီး သရေ ကျသွားမယ့် ပွဲပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၂ လီဗာပူး

လော်ရိုး

နောက်ဆုံးရ သတင်းတွေမှာတော့ ချယ်ဆီးကစားသမား မေဆန်မောင့် ဒီပွဲ ပါဝင်ဖို့ မသေချာပါဘူး။ မောင့် အပါအဝင် ချယ်ဆီး လူငယ်တွေက အသင်းအတွက် အားကုန် ထုတ်ကစားပြနေပါတယ်။ ဒါပေမယ့် ဘယ်လောက် အသာစီးယူထားပါစေ တစ်မိနစ်လောက် ခြေကျသွားတာနဲ့ ပေးဆပ်မှုကြီးတယ်ဆိုတာ ဗလင်စီယာပွဲမှာ သင်ခန်းစာရခဲ့မယ် ထင်ပါတယ်။ ဝုဗ်ကို ဂိုးပြတ်ကစားပြပြီး ကြားရက် အိမ်ကွင်းပွဲမှာ ပြန်ရှုံးတယ်ဆိုတော့ လမ်းပတ် အနေနဲ့ ချယ်ဆီးအသင်း ရလဒ်တည်ငြိမ်အတွက် စဉ်းစားပြင်ဆင်ရတော့မှာပါ။

လီဗာပူးအသင်းကလည်း နာပိုလီနဲ့ပွဲမှာ အခွင့်အရေးတွေကို အသုံးချဖို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒီအမှားတွေကို ဘယ်လို ပြင်ဆင်နိုင်လဲ ဆိုတာ ချယ်ဆီးနဲ့ ပွဲက သက်သေပြနိုင်ဖို့ အခွင့်အရေးပါ။ ဒီပွဲမှာတော့ လီဗာပူး အသာစီး ရသွားပါလိမ့်မယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ဝ-၂ လီဗာပူး

Myan News