ခ်ယ္ဆီးပြဲၾကိဳမွာပဲ ယာဂင္ကေလာ့ပ္က လီဗာပူးအသင္းအတြက္ ကြင္းအတြင္းက ပင္နယ္တီ တာဝန္ယူေပးရမယ့္ ကစားသမားေတြကို တရားဝင္ ထုတ္ေျပာမႈနဲ႔ သက္မွတ္ေပးမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီမွာ မန္ယူအသင္းဟာ ရပ္ဖို႔နဲ႔ ေပါ့ဘာတို႔ ပင္နယ္တီ လုကန္မႈနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဘာကေလက ဝီလီယမ္နဲ႔ ေဂ်ာ္ဂ်င္ဟိုထံက ပင္နယ္တီကန္ခြင့္ကို အျပိဳင္ရယူမႈေတြ ျဖစ္ေပၚထားခဲ့တာပါ။ တူညီတဲ့ ျပသနာမ်ိဳး လီဗာပူးမွာ မျဖစ္ေပၚေစဖို႔ ယာဂင္ကေလာ့ပ္က ျပတ္သားတဲ့ စကားကို ဆိုလာခဲ့ျပီျဖစ္ပါတယ္။

ကေလာ့ပ္က ‘ က်ေနာ္တို႔အတြက္ ရွင္းလင္းတဲ့ စည္းမ်ဥ္းကေတာ့ မီလ္နာဟာ ပင္နယ္တီ ကန္သြင္းသူျဖစ္ပါတယ္။ သူကြင္းထဲမွာ မရွိရင္ ဆာလက္က ကန္ရပါမယ္။ ႏွစ္ဦးလံုး ကြင္းထဲမွာ မရွိရင္ ပင္နယ္တီ ဘယ္သူကန္မယ္ဆိုတဲ့ အေၾကာင္းကို က်ေနာ္တုိ႔ စဥ္းစားရမွာေပါ့။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ အဲ့လို မျဖစ္ေသးပါဘူး ‘ လို႔ ကေလာ့ပ္က ေျပာပါတယ္။

လီဗာပူးရဲ႕ ပင္နယ္တီ ကန္သြင္းသူေတြဟာ အေတာ္ေလးေကာင္းတဲ့ မွတ္တမ္ကို ပိုင္ဆိုင္ထားတာပါ။ မီလ္နာဟာ ပင္နယ္တီ ၃၂ ၾကိမ္မွာ ၂၇ ၾကိမ္ကို သြင္းဂိုးအျဖစ္ ေျပာင္းလဲေပးႏုိင္ခဲ့သူျဖစ္တယ္။ ဒါေပမယ့္ ဆာလက္ကလည္း အန္ဖီးကစားသမား ဘဝမွာ တစ္ၾကိမ္ပဲ ပင္နယ္တီ လြဲေခ်ာ္ထားဖူးသူျဖစ္တယ္။ သူတို႔ႏွစ္ဦး ကြင္းထဲမွာ မရွိရင္ေတာ့ ဖာမင္ႏို၊ ဝိုက္နယ္ဒမ္တို႔ကလည္း တာဝန္ယူႏုိင္မယ့္ ကစားသမားေတြျဖစ္ပါတယ္။

ဒီရာသီမွာ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ေနာက္ဆံုးအၾကိမ္ ေတြ႔ဆံုမႈက စူပါဖလားျပိဳင္ပြဲျဖစ္ျပီး ေနာက္ဆံုး အဆံုးအျဖတ္ ပင္နယ္တီထိ ေရာက္ခဲ့တာျဖစ္တယ္။ အဆိုပါပြဲမွာ လီဗာပူးက ပင္နယ္တီ အဆံုးအျဖတ္နဲ႔ အႏုိင္ရသြားခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးပွဲကြိုမှာပဲ ယာဂင်ကလော့ပ်က လီဗာပူးအသင်းအတွက် ကွင်းအတွင်းက ပင်နယ်တီ တာဝန်ယူပေးရမယ့် ကစားသမားတွေကို တရားဝင် ထုတ်ပြောမှုနဲ့ သက်မှတ်ပေးမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူအသင်းဟာ ရပ်ဖို့နဲ့ ပေါ့ဘာတို့ ပင်နယ်တီ လုကန်မှုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘာကလေက ဝီလီယမ်နဲ့ ဂျော်ဂျင်ဟိုထံက ပင်နယ်တီကန်ခွင့်ကို အပြိုင်ရယူမှုတွေ ဖြစ်ပေါ်ထားခဲ့တာပါ။ တူညီတဲ့ ပြသနာမျိုး လီဗာပူးမှာ မဖြစ်ပေါ်စေဖို့ ယာဂင်ကလော့ပ်က ပြတ်သားတဲ့ စကားကို ဆိုလာခဲ့ပြီဖြစ်ပါတယ်။

ကလော့ပ်က ‘ ကျနော်တို့အတွက် ရှင်းလင်းတဲ့ စည်းမျဉ်းကတော့ မီလ်နာဟာ ပင်နယ်တီ ကန်သွင်းသူဖြစ်ပါတယ်။ သူကွင်းထဲမှာ မရှိရင် ဆာလက်က ကန်ရပါမယ်။ နှစ်ဦးလုံး ကွင်းထဲမှာ မရှိရင် ပင်နယ်တီ ဘယ်သူကန်မယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ စဉ်းစားရမှာပေါ့။ ဒါပေမယ့် အခုချိန်ထိတော့ အဲ့လို မဖြစ်သေးပါဘူး ‘ လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးရဲ့ ပင်နယ်တီ ကန်သွင်းသူတွေဟာ အတော်လေးကောင်းတဲ့ မှတ်တမ်ကို ပိုင်ဆိုင်ထားတာပါ။ မီလ်နာဟာ ပင်နယ်တီ ၃၂ ကြိမ်မှာ ၂၇ ကြိမ်ကို သွင်းဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်တယ်။ ဒါပေမယ့် ဆာလက်ကလည်း အန်ဖီးကစားသမား ဘဝမှာ တစ်ကြိမ်ပဲ ပင်နယ်တီ လွဲချော်ထားဖူးသူဖြစ်တယ်။ သူတို့နှစ်ဦး ကွင်းထဲမှာ မရှိရင်တော့ ဖာမင်နို၊ ဝိုက်နယ်ဒမ်တို့ကလည်း တာဝန်ယူနိုင်မယ့် ကစားသမားတွေဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးနဲ့ ချယ်ဆီးတို့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုက စူပါဖလားပြိုင်ပွဲဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီထိ ရောက်ခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ လီဗာပူးက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။