ဒီကေန႔ ယွဥ္ျပိဳင္ကစားရမယ့္ ဝက္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ မန္ယူအသင္းဟာ အဓိက ကစားသမား အမ်ားအျပားကို ေခၚယူသြားခဲ့ေပမယ့္ ယူရိုပါလိဂ္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမာား ဂရင္းဝုဒ္ ပါဝင္သြားခဲ့ျခင္း မရွိပါဘူး။

မန္ယူအသင္း သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုး ဥေရာပသြင္းဂိုးရွင္ဟာ ဒဏ္ရာရေနတဲ့ မာရွယ္ေနရာမွာ အစားဝင္မယ္လို႔ ၾကိဳတင္ ေမွ်ာ္လင့္ခံထားရေပမယ့္လည္း သူ႔ကို လူစာရင္းကေန ခ်န္လွပ္ခဲ့တာျဖစ္တယ္။ လန္ဒန္ကိုသြားတဲ့ ခရီးစဥ္မွာ ဂရင္းဝုဒ္ မပါခဲ့တာကို မန္ယူအေျခစိုက္ သတင္းဌာနက ဓါတ္ပံုမွတ္တမ္းေတြက ေဖာ္ျပေနခဲ့ပပါတယ္။ ဒါ့အျပင္ အစြန္လူ ဒါေလာ့နဲ႔ လူငယ္ေလး ဂါနာလည္း မပါခဲ့ပါဘူး။

အရင္အပတ္က လက္စတာကို ရင္ဆုိင္ကစားခ်ိန္မွာ တစ္လံုးတည္းေသာ အႏုိင္ဂိုးကို သြင္းယူခဲ့တဲ့ ရပ္ဖို႔က ကလပ္အသင္း တိုက္စစ္ကို ဦးေဆာင္မွာျဖစ္တယ္။ သတင္းေကာင္းကေတာ့ ယူရိုပါလိဂ္ပြဲ မတိုင္ခင္ ေျခက်င္းဝတ္ဒဏ္ရာ ရေနျပီး လူစာရင္းကေန ဖဲထုတ္ခံထားရတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ေတာင္ပံတိုက္စစ္သမား ဂ်ိမ္းကေတာ့ လန္ဒန္ခရီးစဥ္ကို လိုက္ပါသြားခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ ဝက္ဟမ္းနဲ႔ပြဲ လူစာရင္းမွာေတာ့ ယူရိုပါလိဂ္မွာ ေျခစြမ္းေကာင္းခဲ့တဲ့ ရိုဂ်ိဳနဲ႔ ဖရတ္တို႔ ပါဝင္လာခဲ့တယ္။ ဗဟိုခံစစ္မွဴးေတြျဖစ္တဲ့ မက္ဂိြဳင္းရား၊ လင္ဒီေအာ့နဲ႔ တြမ္ဇီဘီတို႔လည္း ပါဝင္ခဲ့ပါတယ္။ ဒဏ္ရာရေနတာ သီတင္းပတ္ ၾကာခဲ့ျပီျဖစ္တ့ ေပါ့ဘာ၊ မာရွယ္နဲ႔ လုေရွာတို႔ကေတာ့ ပါဝင္သြားခဲ့ျခင္း မရွိတာျဖစ္ပါတယ္။

Players travelling to West Ham:

David de Gea, Sergio Romero, Lee Grant, Aaron-Wan-Bissaka, Ashley Young, Victor Lindelof, Marcos Rojo, Phil Jones, Axel Tuanzebe, Harry Maguire, Nemanja Matic, Fred, Andreas Pereira, Scott McTominay, Juan Mata, Angel Gomes, Marcus Rashford, Tahith Chong, Jesse Lingard, Daniel James.

UNICODE

ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ယူအသင်းဟာ အဓိက ကစားသမား အများအပြားကို ခေါ်ယူသွားခဲ့ပေမယ့် ယူရိုပါလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမာား ဂရင်းဝုဒ် ပါဝင်သွားခဲ့ခြင်း မရှိပါဘူး။

မန်ယူအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဥရောပသွင်းဂိုးရှင်ဟာ ဒဏ်ရာရနေတဲ့ မာရှယ်နေရာမှာ အစားဝင်မယ်လို့ ကြိုတင် မျှော်လင့်ခံထားရပေမယ့်လည်း သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်။ လန်ဒန်ကိုသွားတဲ့ ခရီးစဉ်မှာ ဂရင်းဝုဒ် မပါခဲ့တာကို မန်ယူအခြေစိုက် သတင်းဌာနက ဓါတ်ပုံမှတ်တမ်းတွေက ဖော်ပြနေခဲ့ပပါတယ်။ ဒါ့အပြင် အစွန်လူ ဒါလော့နဲ့ လူငယ်လေး ဂါနာလည်း မပါခဲ့ပါဘူး။

အရင်အပတ်က လက်စတာကို ရင်ဆိုင်ကစားချိန်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ရပ်ဖို့က ကလပ်အသင်း တိုက်စစ်ကို ဦးဆောင်မှာဖြစ်တယ်။ သတင်းကောင်းကတော့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် ခြေကျင်းဝတ်ဒဏ်ရာ ရနေပြီး လူစာရင်းကနေ ဖဲထုတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် တောင်ပံတိုက်စစ်သမား ဂျိမ်းကတော့ လန်ဒန်ခရီးစဉ်ကို လိုက်ပါသွားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ဝက်ဟမ်းနဲ့ပွဲ လူစာရင်းမှာတော့ ယူရိုပါလိဂ်မှာ ခြေစွမ်းကောင်းခဲ့တဲ့ ရိုဂျိုနဲ့ ဖရတ်တို့ ပါဝင်လာခဲ့တယ်။ ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ မက်ဂွိုင်းရား၊ လင်ဒီအော့နဲ့ တွမ်ဇီဘီတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒဏ်ရာရနေတာ သီတင်းပတ် ကြာခဲ့ပြီဖြစ်တ့ ပေါ့ဘာ၊ မာရှယ်နဲ့ လုရှောတို့ကတော့ ပါဝင်သွားခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

Players travelling to West Ham:

David de Gea, Sergio Romero, Lee Grant, Aaron-Wan-Bissaka, Ashley Young, Victor Lindelof, Marcos Rojo, Phil Jones, Axel Tuanzebe, Harry Maguire, Nemanja Matic, Fred, Andreas Pereira, Scott McTominay, Juan Mata, Angel Gomes, Marcus Rashford, Tahith Chong, Jesse Lingard, Daniel James.