လီဗာပူး တိုက္စစ္မွဴး ေရာ္ဘတ္တို ဖာမီနိုဟာ အေကာင္းဆံုး နံပါတ္ ၉ ၀တ္ တိုက္စစ္မွဴး ျဖစ္တယ္လုိ႔ ခ်ီးက်ဴးလိုက္ျပီး လီယြန္နယ္ မက္ဆီ တစ္ေယာက္သာ ဖန္တီးမႈနဲ႕ ကစားကြက္ခ်ိတ္ဆက္မႈမွာ ဖာမီနိုထက္ သာလြန္တယ္လို႔ လီဗာပူး ခံစစ္မွဴး ထရန္႔ အလက္ဇႏၵါးအာနိုးက ေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ဒီေန႔ညပြဲမွာ ခ်ယ္ဆီးကို အနိုင္ရမယ္ဆိုရင္ ၂၀၁၄ ေနာက္ပိုင္း ထိပ္ဆံုး ၆သင္း၀င္ အသင္းေတြကို ေလးပြဲ ဆက္ နိုင္တဲ့ မွတ္တမ္းေကာင္း ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကေလာ့ပ္က ခ်ယ္ဆီးကို စတန္းဖို႔ဘရစ္ခ်္မွာ ၃ ၾကိမ္ အနိုင္ရဖူးတဲ့ ပထမဆံုး လီဗာပူးနည္ျပလည္း ျဖစ္လာမွာပါ။

လီဗာပူးအသင္းဟာ ၂၀၁၃ တုန္းက မန္စီးတီးရဲ႕ ကင္းေ္ထာက္ ေဒတာအခ်က္အလက္မ်ားကို လံုျခံဳေရးစနစ္ ခ်ိဳးေဖာက္ရယူဖို႔ ၾကိဳးစား ခဲ့တာေၾကာင့္ ဒဏ္ေၾကး ေပါင္ တစ္သန္း ေပးေဆာင္ရေၾကာင္း The Times သတင္းက ေဖာ္ထုတ္သြားပါတယ္။ လီဗာပူး အသင္း ဘက္ကေတာ့ ဒီအျဖစ္အပ်က္အေပၚ မွတ္ခ်က္တစံုတရာေပးျခင္း မရွိေသးပါဘူး။

လီဗာပူး လူငယ္ခံစစ္မွဴး ထရန္႔အလက္ဇႏၵါး အာနုိးဟာ ၄င္း စံထား ေလ့လာခဲ့ရတဲ့ ညာခံစစ္မွဴး နွစ္ဦး ရွိျပီး ဘရာဇီးသား ဒန္နီ အဲလ္ဘတ္စ္နဲ႕ ဂ်ာမနီသား ဖိလစ္လန္းတို႔ ျဖစ္တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ ဒါ့အျပင္ ၄င္းက ဆုဖလားေအာင္ျမင္မႈေတြ ရယူဖို႔ စိုင္ျပင္းေနတဲ့ လီဗာပူးအသင္း အတြက္ သြင္းဂိုးေတြနဲ႕ ကူညီသြားဖို႔ ပစ္မွတ္ထားေနပါတယ္။

လီဗာပူး ေတာင္ပံတိုက္စစ္သမား ရွာကြီရီက ပြဲ ကစားခြင့္ နည္းပါးေနတဲ့အေပၚ စိတ္ပ်က္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးျပီး ပြဲတိုင္း ကစားဖို႔ေတာ့ နည္းျပကို ေတာင္းဆိုဖို႔ မျဖစ္နိုင္ေၾကာင္း ထပ္မံ ၀န္ခံေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္က ခ်ယ္ဆီးအသင္း လူငယ္ကစားသမား ေမဆန္ေမာင့္ကို သတိထား ကစားၾကဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ က ဆာလက္နဲ႕ မာေနးတို႔ နွစ္ဦး အတူတကြ တိုးတက္လာပံုက မယံုနိုင္စရာေကာင္းတယ္လို႔ ဆိုလိုက္ျပီး ၄င္းတို႔ နွစ္ဦးမွာ မတူညီမႈေတြ ရွိေပမယ့္ စရိုက္လကၡဏာေကာင္းေတြ ရွိျပီး ထူးခၽြန္ၾကတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

ခ်ယ္ဆီးပြဲၾကိဳမွာပဲ ယာဂင္ကေလာ့ပ္က လီဗာပူးအသင္းအတြက္ ကြင္းအတြင္းက ပင္နယ္တီ တာဝန္ယူေပးရမယ့္ ကစားသမားေတြကို တရားဝင္ ထုတ္ေျပာမႈနဲ႔ သက္မွတ္ေပးမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။

“က်ေနာ္တို႔အတြက္ ရွင္းလင္းတဲ့ စည္းမ်ဥ္းကေတာ့ မီလ္နာဟာ ပင္နယ္တီ ကန္သြင္းသူျဖစ္ပါတယ္။ သူကြင္းထဲမွာ မရွိရင္ ဆာလက္က ကန္ရပါမယ္။ ႏွစ္ဦးလံုး ကြင္းထဲမွာ မရွိရင္ ပင္နယ္တီ ဘယ္သူကန္မယ္ဆိုတဲ့ အေၾကာင္းကို က်ေနာ္တုိ႔ စဥ္းစားရမွာေပါ့။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ အဲ့လို မျဖစ္ေသးပါဘူး ” လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုဟာ အကောင်းဆုံး နံပါတ် ၉ ဝတ် တိုက်စစ်မှူး ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး လီယွန်နယ် မက်ဆီ တစ်ယောက်သာ ဖန်တီးမှုနဲ့ ကစားကွက်ချိတ်ဆက်မှုမှာ ဖာမီနိုထက် သာလွန်တယ်လို့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးက ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနေ့ညပွဲမှာ ချယ်ဆီးကို အနိုင်ရမယ်ဆိုရင် ၂၀၁၄ နောက်ပိုင်း ထိပ်ဆုံး ၆သင်းဝင် အသင်းတွေကို လေးပွဲ ဆက် နိုင်တဲ့ မှတ်တမ်းကောင်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလော့ပ်က ချယ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ ၃ ကြိမ် အနိုင်ရဖူးတဲ့ ပထမဆုံး လီဗာပူးနည်ပြလည်း ဖြစ်လာမှာပါ။

လီဗာပူးအသင်းဟာ ၂၀၁၃ တုန်းက မန်စီးတီးရဲ့ ကင်းေ်ထာက် ဒေတာအချက်အလက်များကို လုံခြုံရေးစနစ် ချိုးဖောက်ရယူဖို့ ကြိုးစား ခဲ့တာကြောင့် ဒဏ်ကြေး ပေါင် တစ်သန်း ပေးဆောင်ရကြောင်း The Times သတင်းက ဖော်ထုတ်သွားပါတယ်။ လီဗာပူး အသင်း ဘက်ကတော့ ဒီအဖြစ်အပျက်အပေါ် မှတ်ချက်တစုံတရာပေးခြင်း မရှိသေးပါဘူး။

လီဗာပူး လူငယ်ခံစစ်မှူး ထရန့်အလက်ဇန္ဒါး အာနိုးဟာ ၎င်း စံထား လေ့လာခဲ့ရတဲ့ ညာခံစစ်မှူး နှစ်ဦး ရှိပြီး ဘရာဇီးသား ဒန်နီ အဲလ်ဘတ်စ်နဲ့ ဂျာမနီသား ဖိလစ်လန်းတို့ ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒါ့အပြင် ၎င်းက ဆုဖလားအောင်မြင်မှုတွေ ရယူဖို့ စိုင်ပြင်းနေတဲ့ လီဗာပူးအသင်း အတွက် သွင်းဂိုးတွေနဲ့ ကူညီသွားဖို့ ပစ်မှတ်ထားနေပါတယ်။

လီဗာပူး တောင်ပံတိုက်စစ်သမား ရှာကွီရီက ပွဲ ကစားခွင့် နည်းပါးနေတဲ့အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ပွဲတိုင်း ကစားဖို့တော့ နည်းပြကို တောင်းဆိုဖို့ မဖြစ်နိုင်ကြောင်း ထပ်မံ ဝန်ခံပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ချယ်ဆီးအသင်း လူငယ်ကစားသမား မေဆန်မောင့်ကို သတိထား ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ် က ဆာလက်နဲ့ မာနေးတို့ နှစ်ဦး အတူတကွ တိုးတက်လာပုံက မယုံနိုင်စရာကောင်းတယ်လို့ ဆိုလိုက်ပြီး ၎င်းတို့ နှစ်ဦးမှာ မတူညီမှုတွေ ရှိပေမယ့် စရိုက်လက္ခဏာကောင်းတွေ ရှိပြီး ထူးချွန်ကြတယ်လို့ ချီးကျူးလိုက်ပါတယ်။

ချယ်ဆီးပွဲကြိုမှာပဲ ယာဂင်ကလော့ပ်က လီဗာပူးအသင်းအတွက် ကွင်းအတွင်းက ပင်နယ်တီ တာဝန်ယူပေးရမယ့် ကစားသမားတွေကို တရားဝင် ထုတ်ပြောမှုနဲ့ သက်မှတ်ပေးမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။

“ကျနော်တို့အတွက် ရှင်းလင်းတဲ့ စည်းမျဉ်းကတော့ မီလ်နာဟာ ပင်နယ်တီ ကန်သွင်းသူဖြစ်ပါတယ်။ သူကွင်းထဲမှာ မရှိရင် ဆာလက်က ကန်ရပါမယ်။ နှစ်ဦးလုံး ကွင်းထဲမှာ မရှိရင် ပင်နယ်တီ ဘယ်သူကန်မယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ စဉ်းစားရမှာပေါ့။ ဒါပေမယ့် အခုချိန်ထိတော့ အဲ့လို မဖြစ်သေးပါဘူး ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

Myan News