ယူႏုိက္တက္ဟာ ဒီအပတ္ရဲ႕ အေဝးကြင္းပြဲအျဖစ္ လန္ဒန္အေျခစိုက္ ဝက္ဟမ္းအသင္းနဲ႔ ယွဥ္ျပိဳင္ရာမွာ ၂-၀ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ျပီး ဒီရာသီ အေဝးကြင္းႏုိင္ပြဲ တစ္ပြဲမွ မရေသးတဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏုိင္ျခင္းမရွိပဲ ေရွ႔ဆက္ေစခဲ့ပါတယ္။

မန္ယူအသင္း လူစာရင္းမွာ ယူရိုပါလိဂ္ပြဲတုန္းက ေျခစြမ္းေကာင္းခဲ့တဲ့ ရိုဂ်ိဳနဲ႔ ဖရက္တို႔ မပါခဲ့ပဲ တိုက္စစ္မွာေတာ့ ရပ္ဖို႔၊ ပါရဲရားနဲ႔ ဂ်ိမ္းတို ပြဲထြက္လာခဲ့တာပါ။ ပြဲစကတည္း ယူႏုိက္တက္က ပိုင္ဆုိင္မႈကို ထိန္းဖို႔ ၾကိဳးစားခဲ့ျပီး ေတာင္ပံေတြကို အားျပဳ တိုက္စစ္ဆင္ခဲ့ပါတယ္။ ဝက္ဟမ္းကလည္း အစြန္ေတြကို အေကာင္းဆံုး ခုခံျပီး တန္ျပန္တိုက္စစ္ကို ေတာင္ပံေတြကေနပဲ စတင္ခဲ့တာပါ။

ကလပ္ႏွစ္သင္းဟာ ေတာင္ပံေတြကိုပဲ အဓိက အားျပဳၾကလို႔ ကြင္းလယ္မွာ ေဘာလံုးကိုင္ျပီး ဖန္တီးတာေတြ မျမင္ခဲ့ရပါဘူး။ ယူႏုိက္တက္က ေတာင္ပံႏွစ္ဘက္ကို အားျပဳေပမယ့္ ဝက္ဟမ္းကေတာ့ ဘယ္ေတာင္ပံက ဝါရင့္ကစားသမား ယန္းကို ဖိအားေပးဖို႔ အဓိက ၾကိဳးစားခဲ့တာျဖစ္တယ္။ ယန္းဟာ သူ႔ရဲ႕ေနရာကို တစ္ဦးတည္း မႏိုင္တာေၾကာင့္ ဘစ္ဆာကာက မၾကာခဏ ဝင္ကူေပးေနရပါတယ္။

ပထမပိုင္းမွာ ထူးထူးျခားျခားအျဖစ္ တိုက္စစ္ဆင္မႈမ်ိဳး ယူႏုိက္တက္ဘက္က မလုပ္ႏုိင္ေပမယ့္ ဝက္ဟမ္းဘက္ကေတာ့ တန္ျပန္တိုက္စစ္ေတြကေန ျခိမ္ေျခာက္မႈေတြ လုပ္ႏုိင္ခဲ့ပါတယ္။ ယာမိုလန္ကိုရဲ႕ ဘယ္ျခမ္းကေန ထိုးေဖာက္ျပီး ဧရိယာထဲ ဝင္ေရာက္မႈမွာ အသင္းေဖာ္ အန္ဒါဆန္က အေကာင္းဆံုး ေပးမႈ လုပ္ႏုိင္ခဲ့ျပီး ဒီဂီယာရဲ႕ ညာျခမ္းေအာက္ကို ယာမိုလန္ကို ကန္သြင္းကာ ပထမပိုင္းမွာ ဂိုးရယူခ့တယ္။

ယူႏိုက္တက္ဟာ အေထာင္တုိက္စစ္ေနရာမွာ ကစားေနတဲ့ ရပ္ဖို႔ကို ေဘာလံုးေပးႏုိင္ဖို႔ ရုန္းကန္ေနရသလို အဂၤလန္သား ကိုယ္တုိင္ကလည္း ဒဏ္ရာရေနဟန္ ရွိပါတယ္။ ရပ္ဖို႔ကို ဘယ္ညာ ေတာင္ပံေတြကေန ပါရဲရားနဲ႔ ဂ်ိမ္းတို႔ ကူညီဖို႔ ၾကိဳးစားေပမယ့္ ထိေရာက္မႈ အားနည္းသလို မာတာကလည္း ကြင္းလယ္ေၾကာကေန ဖန္တီးမႈေတြ မလုပ္ႏုိင္ပါဘူး။

ဒုတိယပိုင္းမွာ ကစားဟန္ တက္လာခဲ့သလို အခြင့္အေရးေကာင္းေတြလည္း ရခဲ့ပါတယ္။ ပါရဲရားရဲ႕ ျဖတ္တင္ေဘာက ေကာင္းလြန္းေပမယ့္ ဂိုးေပါက္နဲ႔ ၃ ကိုက္အကြာကေန မာတာ အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့တယ္။ မက္ဂိြဳင္းရားရဲ႔ ပိတ္သြင္းမႈကိုလည္း ဝက္ဟမ္း ဂိုးသမား အံ့အားသင့္ဖြယ္ ကာကြယ္ႏုိင္ခဲ့တယ္။ အပိုင္း အခြင့္အေရးကေတာ့ ဝက္ဟမ္းဘက္ကလည္း ျပန္ရခဲ့ျပီး ပထမအၾကိမ္ ဖရီးကစ္ကို ကပ္လြဲခဲ့တဲ့ ခေရာ့ဝဲလ္က ဒုတိယအၾကိမ္ ဖရီးကစ္ကိုေတာ့ သြင္းဂိုးအျဖစ္ တုိက္ရိုက္ ကန္သြင္းယူပါတယ္။

ဒုတိယအပိုင္းအတြင္း တိုက္စစ္မွဴး ရပ္ဖို႔ ဒဏ္ရာရခဲ့လို႔ လင္ဂတ္ကို ထည့္ကစားရျပီး ယူႏုိက္တက္ဟာ တိုက္စစ္မွဴးမပါပဲ ကစားခဲ့ရတာပပါ။ အရန္ခံုမွာ ေတာင့္တင္းတဲ့ လူစာရင္းအျဖစ္ ျမင္ရျခင္း မရွိပဲ ဖရတ္နဲ႔ ဂါနာတို႔ လူစားဝင္ ကစားခဲ့ပါေသးတယ္။ ဒုတိယဂိုးအျပီး ယူႏုိက္တက္ဘက္က သြင္းဂိုးရဖို႔ ရုန္းကန္ေပမယ့္ ဝက္ဟမ္းက တည္တည္ျငိမ္ျငိမ္နဲ႔ ပြဲျပီးထိ ခုခံသြားခဲ့ပါတယ္။

ဒီကေန႔ ရံွဴးပြဲေၾကာင့္ မန္ယူဟာ ခ်ယ္ဆီး၊ အာဆင္နယ္ပြဲမတိုင္ခင္ အဆင့္ ၇ ေနရာကို ေရာက္လာခဲ့ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမးခြန္းထုတ္ခံရမယ့္ အေနအထားနဲ႔ မန္ေနဂ်ာဆုိးရွားရဲ႕ အနာဂတ္က မေသခ်ာမႈေတြကို ရင္ဆိုင္လာရျပီျဖစ္ပါတယ္။

UNICODE

ယူနိုက်တက်ဟာ ဒီအပတ်ရဲ့ အဝေးကွင်းပွဲအဖြစ် လန်ဒန်အခြေစိုက် ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်းမရှိပဲ ရှေ့ဆက်စေခဲ့ပါတယ်။

မန်ယူအသင်း လူစာရင်းမှာ ယူရိုပါလိဂ်ပွဲတုန်းက ခြေစွမ်းကောင်းခဲ့တဲ့ ရိုဂျိုနဲ့ ဖရက်တို့ မပါခဲ့ပဲ တိုက်စစ်မှာတော့ ရပ်ဖို့၊ ပါရဲရားနဲ့ ဂျိမ်းတို ပွဲထွက်လာခဲ့တာပါ။ ပွဲစကတည်း ယူနိုက်တက်က ပိုင်ဆိုင်မှုကို ထိန်းဖို့ ကြိုးစားခဲ့ပြီး တောင်ပံတွေကို အားပြု တိုက်စစ်ဆင်ခဲ့ပါတယ်။ ဝက်ဟမ်းကလည်း အစွန်တွေကို အကောင်းဆုံး ခုခံပြီး တန်ပြန်တိုက်စစ်ကို တောင်ပံတွေကနေပဲ စတင်ခဲ့တာပါ။

ကလပ်နှစ်သင်းဟာ တောင်ပံတွေကိုပဲ အဓိက အားပြုကြလို့ ကွင်းလယ်မှာ ဘောလုံးကိုင်ပြီး ဖန်တီးတာတွေ မမြင်ခဲ့ရပါဘူး။ ယူနိုက်တက်က တောင်ပံနှစ်ဘက်ကို အားပြုပေမယ့် ဝက်ဟမ်းကတော့ ဘယ်တောင်ပံက ဝါရင့်ကစားသမား ယန်းကို ဖိအားပေးဖို့ အဓိက ကြိုးစားခဲ့တာဖြစ်တယ်။ ယန်းဟာ သူ့ရဲ့နေရာကို တစ်ဦးတည်း မနိုင်တာကြောင့် ဘစ်ဆာကာက မကြာခဏ ဝင်ကူပေးနေရပါတယ်။

ပထမပိုင်းမှာ ထူးထူးခြားခြားအဖြစ် တိုက်စစ်ဆင်မှုမျိုး ယူနိုက်တက်ဘက်က မလုပ်နိုင်ပေမယ့် ဝက်ဟမ်းဘက်ကတော့ တန်ပြန်တိုက်စစ်တွေကနေ ခြိမ်ခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ယာမိုလန်ကိုရဲ့ ဘယ်ခြမ်းကနေ ထိုးဖောက်ပြီး ဧရိယာထဲ ဝင်ရောက်မှုမှာ အသင်းဖော် အန်ဒါဆန်က အကောင်းဆုံး ပေးမှု လုပ်နိုင်ခဲ့ပြီး ဒီဂီယာရဲ့ ညာခြမ်းအောက်ကို ယာမိုလန်ကို ကန်သွင်းကာ ပထမပိုင်းမှာ ဂိုးရယူခ့တယ်။

ယူနိုက်တက်ဟာ အထောင်တိုက်စစ်နေရာမှာ ကစားနေတဲ့ ရပ်ဖို့ကို ဘောလုံးပေးနိုင်ဖို့ ရုန်းကန်နေရသလို အင်္ဂလန်သား ကိုယ်တိုင်ကလည်း ဒဏ်ရာရနေဟန် ရှိပါတယ်။ ရပ်ဖို့ကို ဘယ်ညာ တောင်ပံတွေကနေ ပါရဲရားနဲ့ ဂျိမ်းတို့ ကူညီဖို့ ကြိုးစားပေမယ့် ထိရောက်မှု အားနည်းသလို မာတာကလည်း ကွင်းလယ်ကြောကနေ ဖန်တီးမှုတွေ မလုပ်နိုင်ပါဘူး။

ဒုတိယပိုင်းမှာ ကစားဟန် တက်လာခဲ့သလို အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ ပါရဲရားရဲ့ ဖြတ်တင်ဘောက ကောင်းလွန်းပေမယ့် ဂိုးပေါက်နဲ့ ၃ ကိုက်အကွာကနေ မာတာ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တယ်။ မက်ဂွိုင်းရားရဲ့ ပိတ်သွင်းမှုကိုလည်း ဝက်ဟမ်း ဂိုးသမား အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့တယ်။ အပိုင်း အခွင့်အရေးကတော့ ဝက်ဟမ်းဘက်ကလည်း ပြန်ရခဲ့ပြီး ပထမအကြိမ် ဖရီးကစ်ကို ကပ်လွဲခဲ့တဲ့ ခရော့ဝဲလ်က ဒုတိယအကြိမ် ဖရီးကစ်ကိုတော့ သွင်းဂိုးအဖြစ် တိုက်ရိုက် ကန်သွင်းယူပါတယ်။

ဒုတိယအပိုင်းအတွင်း တိုက်စစ်မှူး ရပ်ဖို့ ဒဏ်ရာရခဲ့လို့ လင်ဂတ်ကို ထည့်ကစားရပြီး ယူနိုက်တက်ဟာ တိုက်စစ်မှူးမပါပဲ ကစားခဲ့ရတာပပါ။ အရန်ခုံမှာ တောင့်တင်းတဲ့ လူစာရင်းအဖြစ် မြင်ရခြင်း မရှိပဲ ဖရတ်နဲ့ ဂါနာတို့ လူစားဝင် ကစားခဲ့ပါသေးတယ်။ ဒုတိယဂိုးအပြီး ယူနိုက်တက်ဘက်က သွင်းဂိုးရဖို့ ရုန်းကန်ပေမယ့် ဝက်ဟမ်းက တည်တည်ငြိမ်ငြိမ်နဲ့ ပွဲပြီးထိ ခုခံသွားခဲ့ပါတယ်။

ဒီကနေ့ ရံှူးပွဲကြောင့် မန်ယူဟာ ချယ်ဆီး၊ အာဆင်နယ်ပွဲမတိုင်ခင် အဆင့် ၇ နေရာကို ရောက်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မေးခွန်းထုတ်ခံရမယ့် အနေအထားနဲ့ မန်နေဂျာဆိုးရှားရဲ့ အနာဂတ်က မသေချာမှုတွေကို ရင်ဆိုင်လာရပြီဖြစ်ပါတယ်။