က္ဟမ္းနဲ႔ပြဲအျပီးမွာ ကလပ္အသင္း အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ကိန္းက ကလပ္အသင္းရဲ႕ အေနအထားဟာ ဝမ္းနည္းဖြယ္ က်ဆံုးေနတာျဖစ္ျပီး ကလပ္အသင္းရဲ႕ နာမည္ေက်ာ္ ပံုရိပ္ေတြအားလံုး ေပ်ာက္ေနဆံုးပါျပီလို႔ ထုတ္ေျပာမႈ လုပ္လာခဲ့ပါတယ္။

မန္ယူဟာ အေဝးကြင္းမွာ ျပင္းထန္စြာ တိုက္ခိုက္ ယွဥ္ျပိဳင္ခဲ့ရျခင္းထက္ အားနည္းခ်က္ မ်ားစြာနဲ႔အတူ ျပိဳင္ဘက္ကို အေရးနိမ့္ခဲ့တာျဖစ္ျပီး ဒုတိယပိုင္းအတြင္း ရပ္ဖို႔ ထြက္ခြာခ်ိန္မွာ တိုက္စစ္မွဴး မပါပဲေတာင္ ကစားခဲ့ရတာျဖစ္တယ္။ ကြင္းထဲမွာ ဦးေဆာင္သူလည္း လံုးဝမရွိပဲ ကလပ္အသင္းဟာ ေနာက္ျပန္ဆုတ္လာတဲ့ အေနအထားနဲ႔ က်ဆံုးေနတယ္လို႔ ရိြဳင္ကိန္းက ေျပာပါတယ္။

ရြိဳင္ကိန္း ” ယူနိုက္တက္က အေနအထားေကာင္းမွာ မရွိဘူးဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ ဒီေန႔ သူတို႔ ကစားပံု ျမင္ရတာ လံုး၀ ေရွာ့ခ္ ျဖစ္ရျပီး ၀မ္းနည္းမိတယ္။ ယူနိုက္တက္နဲ႕ ပတ္သတ္သမွ် အရာအားလံုး ေပ်ာက္ဆံုးေနတယ္.. အရည္အခ်င္း မရွိ၊ စိတ္ဓာတ္မရွိ၊ နုိင္ခ်င္မႈ မရွိ၊ ကုိယ္ရည္ကိုယ္ေသြး မရွိ၊ ဦးေဆာင္သူ မရွိ..။ ဒါက ယူနိိုက္တက္ဟာ အမ်ားၾကီး ေနာက္ျပန္ဆုတ္ေနတာပါ.. ေလာေလာဆယ္ထိ သူတို႔ က်ဆံုးေနတာ ျမင္ေနရသမွ် ထိတ္လန္႔စရာပါ။ ” လို႔ ေျပာခဲ့တယ္။

ေနာက္ထပ္ မန္ယူအသင္းေခါင္းေဆာင္ေဟာင္း နဗီးကေတာ့ ဒီဇင္ဘာကမွ ရာထူး အေျပာင္းအလဲ ျပဳလုပ္ထားတဲ့ မန္ယူဟာ ေနာက္ထပ္ မန္ေနဂ်ာတစ္ဦးကို အေျပာင္းအလဲ ျပဳလုပ္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ ေနာက္ျပန္ဆုတ္မယ့္အစား အေျပာင္းအေရႊ႔ေတြမွာ အသံုးစရိတ္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္။

နဗီးက ေျပာရာမွာ ” ဆိုးရွားက ဒီလူစာရင္းကို ျပီးျပည့္စံုလာေအာင္လုပ္ဖို႔ အေျပာင္းအေရႊ႔ေစ်းကြက္ သံုးခု ေလးခုဟာ အခ်ိန္လိုျပီး အသံုးစရိတ္ သန္း ရာဂဏန္း လိုအပ္ပါတယ္။ ေနာက္ျပန္ဆုတ္ဖို႔က မလြယ္ေတာ့ပါဘူး။ အဲ့တာက လြယ္ကူမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ဝက်ဟမ်းနဲ့ပွဲအပြီးမှာ ကလပ်အသင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကလပ်အသင်းရဲ့ အနေအထားဟာ ဝမ်းနည်းဖွယ် ကျဆုံးနေတာဖြစ်ပြီး ကလပ်အသင်းရဲ့ နာမည်ကျော် ပုံရိပ်တွေအားလုံး ပျောက်နေဆုံးပါပြီလို့ ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။

မန်ယူဟာ အဝေးကွင်းမှာ ပြင်းထန်စွာ တိုက်ခိုက် ယှဉ်ပြိုင်ခဲ့ရခြင်းထက် အားနည်းချက် များစွာနဲ့အတူ ပြိုင်ဘက်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအတွင်း ရပ်ဖို့ ထွက်ခွာချိန်မှာ တိုက်စစ်မှူး မပါပဲတောင် ကစားခဲ့ရတာဖြစ်တယ်။ ကွင်းထဲမှာ ဦးဆောင်သူလည်း လုံးဝမရှိပဲ ကလပ်အသင်းဟာ နောက်ပြန်ဆုတ်လာတဲ့ အနေအထားနဲ့ ကျဆုံးနေတယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။

ရွိုင်ကိန်း ” ယူနိုက်တက်က အနေအထားကောင်းမှာ မရှိဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဒီနေ့ သူတို့ ကစားပုံ မြင်ရတာ လုံး၀ ရှော့ခ် ဖြစ်ရပြီး ဝမ်းနည်းမိတယ်။ ယူနိုက်တက်နဲ့ ပတ်သတ်သမျှ အရာအားလုံး ပျောက်ဆုံးနေတယ်.. အရည်အချင်း မရှိ၊ စိတ်ဓာတ်မရှိ၊ နိုင်ချင်မှု မရှိ၊ ကိုယ်ရည်ကိုယ်သွေး မရှိ၊ ဦးဆောင်သူ မရှိ..။ ဒါက ယူနိုက်တက်ဟာ အများကြီး နောက်ပြန်ဆုတ်နေတာပါ.. လောလောဆယ်ထိ သူတို့ ကျဆုံးနေတာ မြင်နေရသမျှ ထိတ်လန့်စရာပါ။ ” လို့ ပြောခဲ့တယ်။

နောက်ထပ် မန်ယူအသင်းခေါင်းဆောင်ဟောင်း နဗီးကတော့ ဒီဇင်ဘာကမှ ရာထူး အပြောင်းအလဲ ပြုလုပ်ထားတဲ့ မန်ယူဟာ နောက်ထပ် မန်နေဂျာတစ်ဦးကို အပြောင်းအလဲ ပြုလုပ်ဖို့ မလွယ်ကူကြောင်းနဲ့ နောက်ပြန်ဆုတ်မယ့်အစား အပြောင်းအရွှေ့တွေမှာ အသုံးစရိတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။

နဗီးက ပြောရာမှာ ” ဆိုးရှားက ဒီလူစာရင်းကို ပြီးပြည့်စုံလာအောင်လုပ်ဖို့ အပြောင်းအရွှေ့ဈေးကွက် သုံးခု လေးခုဟာ အချိန်လိုပြီး အသုံးစရိတ် သန်း ရာဂဏန်း လိုအပ်ပါတယ်။ နောက်ပြန်ဆုတ်ဖို့က မလွယ်တော့ပါဘူး။ အဲ့တာက လွယ်ကူမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။