ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ဘုန်းမောက် v အာဆင်နယ် နောက်အပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အာဆင်နယ်တို့ နိုင်မှကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။ ဒီပွဲမှာ အာဆင်နယ်အသင်း အနိုင် ၃ မှတ် ရသွားမယ် ထင်ပါတယ်။ ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-2 အာဆင်နယ် မန်ယူနိုက်တက် v ပဲလေစ့်… Continue Reading →
ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ် ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဘုန်းမောက် v အာဆင်နယ် ဘုန်းမောက်ကို ယုံကြည်လို့ မရပါဘူး။ မန်နေဂျာသစ် ဝင်လာပေမယ့် ပိုတိုးတက်လာရဲ့လား မသေချာပါဘူး။ ဒီပွဲအတွက် အာဆင်နယ် လူစာရင်းက ထိခိုက်မှုတွေ ရှိထားပေမယ့်လို့ နိုင်ပွဲရမယ် ထင်မိဆဲပါ။ ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-1 အာဆင်နယ် မန်ချက်စတာယူနိုက်တက်… Continue Reading →
ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ မန်စီးတီး v နော်တင်ဟမ် ဖောရက်စ် လက်ရှိ ချန်ပီယံ မန်စီးတီးက နောက်ဆုံး ကစားထားတဲ့ ဝက်စ်ဟမ်းပွဲမှာ ရှယ် ထောင်းခဲ့တာ၊ ဒီပွဲလည်း သူတို့ပဲ နိုင်မှာပဲ။ ဖောရက်စ်ထံက အဆင်ပြေတဲ့ ဘောလုံးရာသီမျိုး မျှော်လင့်ထားပေမယ့် မန်စီးတီးကိုတော့ သူတို့ ဘာမှ မလုပ်နိုင်ပါဘူး။ ဘာဘာတော့ဗ်ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀… Continue Reading →
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ မန်စီးတီး v နော်တင်ဟမ် ဖောရက်စ် ဒီလထဲမှာ နော်တင်ဟမ် ဖောရက်စ်က အံ့ဩစရာ ရလဒ်တစ်ခုအဖြစ် ချယ်ဆီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး အနိုင်ရလွဲလို့ အခြားရလဒ် ထွက်ပေါ်မယ် မထင်ပါဘူး။ လီဗာပူးနဲ့ အာဆင်နယ်တို့ တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေက သူတို့ပွဲကို အနိုင်ယူကာ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။ ပေါမာဆန်… Continue Reading →
မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်မှာ နည်းပြ ကွန်ပနီ ကိုင်တွယ်နေတဲ့ တန်းတက် ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ဖိအားတွေ များနေတဲ့ တန်ဟက် အသင်းက ဒီပွဲမှာတော့ နိုင်ပွဲ ပြန်ရသွားနိုင်ပြီ လို့ ခရစ်ဆက်တန်က ယူဆထားပါတယ်။ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူကြီး ဆက်တန်က ဘန်လေနဲ့ မန်ချက်စတာ… Continue Reading →
ဒီညမှာ ဂျာမနီမြေမှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ်အဖြစ် စတင် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ မနှစ်တုန်းက ခြေစွမ်းကောင်းတွေကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရခဲ့တာပါ။ ဒါပေမယ့် ခက်ခဲတဲ့ စတင်မှုတွေ ရှိလာနေချိန် ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာက လွယ်ကူဖွယ် မရှိပါဘူး။ နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ ကွင်းလယ်ဟောင်းကြီး အိုဝင် ဟားဂရေ့ဗ်ကတော့ ဘိုင်ယန်မြူးနစ်ပဲ နိုင်ဖို့ ရေပန်းစားမှာ ဖြစ်ပေမယ့် ယူနိုက်တက်ကို လျှော့မတွက်ဖို့ သတိပေးလိုက်ပါတယ်။ ဟားဂရေ့ဗ်က ”… Continue Reading →
ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ယူနိုက်တက်နဲ့ စပါး တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဝုဗ် vs လီဗာပူး ဝုဗ်က ဒီတလော အခြေအနေ သိပ်မကောင်းပါဘူး။ လီဗာပူးပဲ အနိုင်ရဖို့ ရေပန်းစားမှာပါ။ ကျနော်လည်း အဲ့လိုပဲ ထင်ပါတယ်။ ဗန်ဒိုက် မပါဝင်ဘူးဆိုပေမယ့် လီဗာပူးက ဝုဗ်ကို အနိုင်ယူနိုင်ပါတယ်။ ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဝုဗ် ဝ-၂ လီဗာပူး။ ဝက်စ်ဟမ်း vs မန်စီးတီး ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။… Continue Reading →
ဒီအပတ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ပွဲအတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က အခုထိ တာမထွက်နိုင်သေးပါဘူး။ ဒီပွဲကလည်း သူတို့အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု… Continue Reading →
နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်စတင်တော့မယ့် ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဝုဗ် vs လီဗာပူး နိုင်ငံတကာ သီတင်းပတ်အပြီး စနေနေ့ အစောပိုင်းမှာ ပွဲကစားရတာဟာ များစွာသော ကစားသမားတွေအတွက် အမြဲတမ်း ခက်ခဲပါတယ်။ အထူးသဖြင့် လက်ရွေးစင် ကစားသမားတွေ အများကြီး စေလွှတ်ပေးရတဲ့ အသင်းကြီးတွေပေါ့။ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအစကို ပုံစံကောင်းနဲ့ စတင်လိုနေပါလိမ့်မယ်။ လီဗာပူး ဂိုးပေးရမယ်ဆိုပေမယ့် အိမ်ရှင်အသင်းကို အနိုင်ရဖို့ မခက်ခဲပါဘူး။… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑