Date

September 12, 2019

အာဆင်နယ်တို့ တိုးတက်ဖို့လိုနေတဲ့ အပိုင်းကို ဝန်ခံစကားဆိုလာတဲ့ အမ်မရီ

ပရီးမီးယားလိဂ် အဖွင့်ပွဲ လေးပွဲမှာ နှစ်ပွဲ အနိုင်ရခဲ့ပြီး ရနိုင်တဲ့ ရမှတ် ၁၂ မှတ်ထဲက ၇ မှတ် ရယူထားနိုင်တဲ့ ဂန်းနားတို့ အမှတ်ပေးပြိုင်ပွဲမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းကို မန်နေဂျာ အမ်မရီက ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ဘန်လေကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ လီဗာပူးကို အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ လန်ဒန်ဒါဘီမှာ သရေကျခဲ့တာဖြစ်တယ်။ နောက်ပိုင်းနှစ်တွေမှာ ရုန်းကန်နေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖွင့်လေးပွဲမှာ ပေးထားရတဲ့ ပေးဂိုး ၆ ဂိုးဆိုတဲ့ ခံစစ်အားနည်းချက်ကို… Continue Reading →

လီဗာပူးနဲ့ ရီးရဲ၊ ဘာကာတို့ ထိပ်တိုက်တွေ့ဖွယ်ရှိနေတဲ့ ဖေဘီယန် ရုစ် အပြောင်းအရွှေ့

လီဗာပူးအသင်းဟာ ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲ၊ ဘာကာ၊ ဘိုင်ယန်တို့နဲ့အပြိုင် နာပိုလီ ကွင်းလယ်လူ ဖေဘီရန် ရုစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။ မနှစ်ကရာသီမှာ စီးရီးအေကလပ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ခန့် ပါဝင် ကစားပေးခဲ့တဲ့ ရုစ်ဟာ ကိုယ်တိုင် သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ထိပ်တန်း ခြေစွမ်းတွေ ပြသနေပြီး လီဗာပူးကလည်း ဇာဗီနဲ့ ခိုင်းနှိုင်းခံနေရတဲ့ စပိန်သားကွင်းလယ်လူကို စိတ်ဝင်စားလာခဲ့တာပါ။… Continue Reading →

ဆာလက်နဲ့ မာနေးတို့ ဘလွန်းဒီအောဆု မရနိုင်တဲ့ အကြောင်းရင်း အီတိုး သတိပေး

ZAWGYI – လီဗာပူး တိုက်စစ်အတွဲ ဖြစ်တဲ့ ဆာလက်နဲ့ ဆာဒီယို မာနေး တို့ဟာ ဘယ်လောက် ထူးချွန်မှုတွေ ပြသနေပါစေ ဒီနှစ် ဘလွန်းဒီအော ဆုကိုတော့ ရမှာ မဟုတ်ဘူးလို့ အာဖရိက အကောင်းဆုံး ကစားသမား ဆု ၄ကြိမ်ရ အီတိုးက သတိပေးလိုက်ပါတယ်။ ဘာစီလိုနာနဲ့ အင်တာမီလန် ဂန္တ၀င်ကစားသမား အီတိုး အဓိက ပြောချင်ခဲ့တာကတော့ အာဖရိက ကြယ်ပွင့် ကစားသမားတွေဟာ ခြေစွမ်း ဘယ်လောက် ကောင်းကောင်း လူလေးစားခံ အသိမှတ်ပြုခံရမှုမှာ နည်းပါးတယ်လို့ ဆိုလိုချင်ခဲ့တာပါ။… Continue Reading →

ပီအက်ဂျီနဲ့ တစ်ပတ် ပေါင် ၄၂၉၀၀၀ ရမယ့် စာချုပ်ကြီးကို သဘောတူညီခဲ့တဲ့ ပေါ့ဘာ

ပြင်သစ်ကလပ် ပီအက်ဂျီနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ဟာ တစ်ပတ်ကို ပေါင် ၄၂၉၀၀၀ ရမယ့် စာချုပ်ကိစ္စ သဘောတူညီမှု ရခဲ့သေးပေမယ့် နေမာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လို့ ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီကနေ့ ဒေးလီးမေးသတင်းက ဖော်ပြမှုအရ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင်မှာ ပြင်သစ်သား ကွင်းလယ်လူဟာ ပီအက်ဂျီကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဘာစီလိုနာက နေမာကို မခေါ်ယူနိုင်ခြင်း နောက်ဆက်တွဲအဖြစ် ပေါ့ဘာကလည်း ပြင်သစ်ကလပ်ထံ ပြောင်းခွင့် မရခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့… Continue Reading →

မူစတာဖီကြောင့် မန်ယူဖန်းတွေ ဒေါသထွက်ခြင်းနဲ့ အာဆင်နယ် နံနက်ခင်းသတင်းများ

အာဆင်နယ် ဂိုးသမား လီနိုက အင်္ဂလန်မြို့တော် လန်ဒန်မှာ ထိုက်တန်တဲ့အရည်အချင်းတွေ ပြသကာ ကစားနေတဲ့အသင်းက အာဆင်နယ် တစ်သင်းတည်းသာ ရှိတယ်လို့ ယုံကြည်စွာ ဆိုလိုက်ပါတယ်။ လီနိုက ချယ်ဆီး၊ စပါးတို့လို လန်ဒန် အခြေစိုက် အင်အားကြီးကလပ်တွေကို ထည့်မတွက်ပဲ ဆိုခဲ့တာ ဖြစ်ပါတယ်။ FIFA 20 ဂိမ်းအတွက် ကစားသမားတွေရဲ့ Ratings သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာနေရာ အာဆင်နယ်ခံစစ်မှူး မူစတာဖီက မက်ဂွိုင်းရားထက် Ratings ပိုမြင့်နေခြင်းက ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာနေပါတယ်။ အာဆင်နယ်နဲ့ အစောပိုင်းပွဲတွေမှာ အမှားအယွင်းတွေ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၂-၉-၂၀၁၉၊ ကြာသပတေးနေ့)

မန်ချက်စတာ ယူနိုက်တက် လူငယ်တွေဟာ ခြေစွမ်းကောင်းတွေ ပြသနေခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် အောင်မြင်မှု ရဖို့ အတွက် ဒန်နီရယ်ဂျိမ်းစ်၊ ၀မ် ဘစ်ဆာကာတို့လို အတွေ့အကြုံနုနယ်တဲ့ လူငယ်လေးတွေနဲ့ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မထားကြောင်း အာဆင်ဝင်းဂါးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဘီဘာအိုအသင်းတိုက်စစ်မှူး Inaki Williams က နွေအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း ထုတ်ပြောလိုက်ပါတယ်။ ဒါပေမယ့် လာလီဂါကလပ်မှာပဲ ဆက်နေလိုခြင်းကြောင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာပါလို့ သူက ပြောပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း… Continue Reading →

တိုက်စစ်သမား သက်တမ်းတိုးခြင်း၊ ဘရာဇီးသားတွေ ပြန်လာခြင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းဟာ အကယ်ဒမီမှ တိုက်စစ်သမား Paul Glatzel ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ Glatzel က ဒီရာသီကြို အဖွင့်ပွဲစဉ်မှာ ကစားခွင့် ရခဲ့သူ ဖြစ်ပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာကြောင့် ဆက်လက် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ပထမအသင်း နည်းပြအဖွဲ့ဝင်တွေဟာ စုစုပေါင်း ၂၂ ဦးဖြစ်ကြောင်း ကလပ်အသင်း ဝဘ်ဆိုဒ်က နာမည်နဲ့တကွ ကြေညာခဲ့ပါတယ်။ ယာယီနဲ့ အမြဲတမ်း နည်းပြအဖွဲ့တွေအားလုံးကို ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ လီဗာပူးဂိုးနည်းပြ John… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!