Date

November 7, 2019

ထိခိုက်လာမယ့် ပြဿနာတစ်ခုကြောင့် တောင်ပံသမား ဂျိမ်းကို အနားပေးရနိုင်တဲ့ ဆိုးရှား

ယူနိုက်တက်မှာ ပွဲဆက်များပြီး ပွဲတိုင်းမှာ အားထုတ်မှုကြီးတွေ လုပ်နေရတာကြောင့် ဂျိမ်းဟာ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ ကိုယ်အား စိတ်အား ချုံးချုံးကျမှုကို ရင်ဆိုင်ရမှာ မန်နေဂျာဆိုးရှားက စိုးရိမ်နေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ နွေအပြောင်းအရွှေ့မှာ ပေါင် ၁၈ သန်းနဲ့ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် ပြုလုပ်ထားသူဖြစ်တယ်။ သူဟာ ဒီရာသီ ယူနိုက်တက်အတွက် ၁၅ ပွဲထိ ကစားထားပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ… Continue Reading →

အန်ဖီးကွင်းမှာ လီဗာပူးကိုယှဉ်ဖို့ ဂွာဒီယိုလာ ဘယ်လိုအကွက်တွေ သုံးနိုင်သလဲ လေ့လာခြင်း

တနင်္ဂနွေနေ့ အန်ဖီးမှာ မန်ချက်စတာ စီးတီးကို အနိုင်ရရှိရေးဟာ ဒီရာသီ အစောပိုင်းမှာတင် အမှတ်အများကြီးနဲ့ ဦးဆောင်နေဖို့ လီဗာပူးအတွက် အရေးကြီးပါတယ်။ ၁၁ ပွဲ ကစားအပြီးမှာ လီဗာပူးဟာ မန်စီးတီးကို ၆ မှတ်ဖြတ်ထားပြီး အိမ်ကွင်းမှာနိုင်ရင် ၉မှတ် ဖြစ်သွားမှာပါ။ ၉မှတ်ဆိုတာဟာ စီးတီးလို အထင်ကြီးစရာ ကောင်းတဲ့ အသင်းတစ်သင်း အတွက်တောင် များလွန်းပါတယ်။ ဒါပေမယ့်လဲ အန်ဖီးမှာ စီးတီးနိုင်ရင် ၃မှတ်ပဲ ကွာတော့မှာပါ။ ပရီးမီးယားလိဂ်မှာ အကြီးဆုံး ပွဲမတိုင်ခင် ပြိုင်ဘက်ဖြစ်တဲ့ ဂွာဒီယိုလာ ဘယ်လိုအကွက်တွေ သုံးနိုင်လဲဆိုတဲ့… Continue Reading →

ဆီးဘယ်လော့ ဒဏ်ရာ အခြေအနေကို ပွဲအပြီးမှာ အသိပေးခဲ့တဲ့ အမ်မရီ

အာဆင်နယ်အသင်းဟာ ဗစ်တိုးရီးယားအသင်းနဲ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဒန်နီ ဆီးဘယ်လော့ တံကောက်ကြော ထိခိုက်သွားပုံ ရတာကြောင့် ဒုတိယပိုင်းမှာ စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ ထိုပွဲမှာ အာဆင်နယ်က ပွဲပြီးခါနီးမှာ ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း နာကျင်အချိန်ပို မိနစ်ပိုင်းမှာ အိမ်ရှင်အသင်းက ချေပဂိုး ပြန်သွင်းခဲ့တာကြောင်း ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေက ဆီးဘယ်လော့ ကို ကာလရှည် လက်လွှတ်ရမှာ စိုးရိမ်ခဲ့သော်လည်း စပိန်သားရဲ့ ဒဏ်ရာက အသေးစားသာ ဖြစ်တယ်လို့ အမ်မရီက… Continue Reading →

ဇန်နဝါရီမှာ ချန်ပီယံဟောင်းနှစ်ဦးကို ရောင်းထုတ်ပြီး အသင်းသား ၅ ဦးထိ ရှင်းထုတ်ဖို့ ပြင်နေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ကစားသမား ရှင်းထုတ်မှုတွေကို ဇန်နဝါရီမှာ လုပ်ဆောင်မှုတွေ ရှိမှာဖြစ်ပြီး ကလပ်အသင်းမှ ဝါရင့်ကစားသမားတွေဖြစ်ကာ ကမ္ဘာဖလား ချန်ပီယံဟောင်းတွေလည်းဖြစ်တဲ့ ဂျရူးနဲ့ ပက်ဒရိုကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ ကစားသမား နှစ်ဦးလုံးဟာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်ပြီး နောက်ဆုံးနှစ်ကို ရောက်လာခဲ့ပြီဖြစ်တယ်။ သက်တမ်းတိုးမှုတွေ လုပ်ဆောင်မှာ မဟုတ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပြုရခင်မှာပဲ အပြီးသတ် ရောင်းချမှုနဲ့ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမှာဖြစ်တယ်။ ချယ်ဆီးဟာ အထောင်တိုက်စစ်သမားနဲ့ တောင်ပံသမား အင်အားဖြည့်ဖို့လည်း အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှု အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။… Continue Reading →

လိုအပ်ရင် ဒိုင်ဗင်ထိုးပြမယ်လို့ ဂွာဒီယိုလာကို စိန်ခေါ်ခဲ့တဲ့ မာနေး

လီဗာပူးတိုက်စစ်မှူး မာနေးက သူ့ကို ဒိုင်ဗင်သမားလို့ ဂွာဒီယိုလာက စွပ်စွဲပေမယ့်လည်း သူ့ရဲ့ ကစားဟန်ကို ပြောင်းလဲမှာ မဟုတ်ပဲ လက်ရှိ ပုံစံအတိုင်း ဆက်လက်ပြီး စွမ်းဆောင်သွားမယ်လို့ ပြောဆိုပါတယ်။ လီဗာပူးနဲ့ မန်စီးတီးပွဲကြိုမှာ ဂွာဒီယိုလာက ပွဲဆူစေမယ့် စကားတွေ စတင်နေတာဖြစ်ပြီး အက်စတွန်ဗီလာနဲပွဲမှာ ဟန်ဆောင်လဲချတယ်ဆိုပြီး အဝါကဒ်ထိခဲ့တဲ့ မာနေးကို ဦးတည်တဲ့ တိုက်ခိုက်မှုကို စတင်ခဲ့တာဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်က မာနေးကို ကာကွယ်ပြောဆိုထားပြီး သူ့ရဲ့ ကစားသမားဟာ ပပ်စွပ်စွဲသလို ကစားသမား မဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်လို့ ဆိုခဲ့တာဖြစ်တယ်။ ဂျန့်နဲ့ပွဲမှာ အနားပေးခံခဲ့ရတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!