Date

November 7, 2019

ဆောင်းပါး – မော်ရင်ညိုကို ခေါ်ယူမှုနဲ့ အာဆင်နယ်က ကလပ်ရဲ့ ဝိညာဉ်ကို ရောင်းတော့မှာလား

လွန်ခဲ့တဲ့ နှစ်များစွာက အာဆင်ဝင်းဂါးအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ကတောက်ကဆ ဖြစ်ခဲ့ကြပြီးနောက် အခုချိန်မှာ ဟိုဆေးမော်ရင်ညို ဟာ အာဆင်နယ် ကို ရောက်ရှိဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ကိုယ့်ဘာကိုယ် စိတ်ကြီးဝင်တတ်တဲ့ စပါယ်ရှယ်ဝမ်း နည်းပြ မော်ရင်ညို ဟာ အမ်မရီ မရှိတော့ရင် ဂန်းနားတွေကို နည်းပြဖို့ စိတ်ဝင်စားနေပြီး ပိုအံ့ဩစရာကောင်းတာက သူ့ကို လက်ကမ်းကြိုဖို့ အဆင်သင့် ဖြစ်နေကြတဲ့ ပရိသတ်တွေကလဲ အများအပြား ရှိနေတာပါ။ ယခင်က မုန်းတီးသူ များစွာ ရှိခဲ့တဲ့ မော်ရင်ညို ကို… Continue Reading →

လမ်းပတ်လို နည်းပြကို ရတာ သိပ်ကံကောင်းတယ်လို့ ဆိုလာတဲ့ ကီပါ

ချယ်ဆီး ဂိုးသမား ကီပါက လက်ရှိ ဘောလုံးရာသီကို စတန်းဖို့ဒ်ဘရစ်ချ် မှာ စိတ်လှုပ်ရှားစရာ အောင်မြင်စွာ စတင်နိုင်ခဲ့ပြီးနောက် ချယ်ဆီးအသင်း နည်းပြအဖြစ် လမ်းပတ် ရှိနေတာ သိပ်ကံကောင်းတယ်လို့ ဆိုလာပါတယ်။ လမ်းပတ် ရဲ့ အသင်းဟာ အဖွင့် ရက်သတ္တပတ် တွေမှာ အခက်အခဲ တွေ ကြုံခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၈ပွဲ အနိုင် ရခဲ့ပြီး ပရီးမီးယားလိဂ် အဆင့်လေး တစ်နေရာအတွက် ပြင်းထန်တဲ့ ပြိုင်ပွဲဝင်အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ချယ်ဆီးဟာ ၁၁… Continue Reading →

မန်စီးတီးနဲ့ပွဲမှာ ချိန်ဘာလိန်ကို ချန်ထားသင့်တဲ့ အကြောင်းရင်းကို ပီတာခရော့ ရှင်းပြ

ဒီအပတ် ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲမှာ ခြေစွမ်းကောင်းတွေ ပြန်ရလာတဲ့ ချိန်ဘာလိန်ကို ပွဲထွက်လူစာရင်းကနေ ထုတ်မသုံးပဲ အချိန်ထပ်ပေးဖို့ လီဗာပူးအသင်းသားဟောင်း ခရော့က သုံးသပ်လိုက်ပါတယ်။ ခရော့က ချိန်ဘာလိန်ဟာ ခြေစွမ်းပြန်ပြလာပေမယ့် အသက် ၂၆ နှလစ်အရွယ် ကစားသမားကို ရာနှုန်းပြည့် ကြံ့ခိုင်နေစေဖို့ ဖြေးဖြေးချင်းပဲ နေရာပေးပြီး အဓိက အသင်းနဲ့ တွဲဘက်သွားစေဖို့မျိုးကို မျှော်လင့်နေတယ်။ ယာဂင်ကလော့ပ် လက်ရှိ အသုံးပြနေတဲ့ ကွင်းလယ် သုံးယောက်တန်းဟာ တိုက်စစ်ကို မခြိမ်းခြောက်နိုင်ပေမယ့် အစွန်သမားတွေကို အပြည့်အဝ တိုက်စစ်ကစားစေဖို့ ထောက်ပံ့မှု ပေးနိုင်တယ်လို့… Continue Reading →

မော်ရင်ညိုနဲ့ ပတ်သတ်တဲ့ မေးခွန်းကို ခပ်ပြတ်ပြတ် တုန့်ပြန်တဲ့ အမ်မရီ

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာ ပေါ်တူဂီကလပ် ဗစ်တိုးရီးယားကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ပွဲပြီးခါနီး ဦးဆောင်ဂိုး သွင်းနိုင်ပေမယ့် လက်ကျန်မိနစ်များမှာ တောင့်မခံနိုင်တာကြောင့် ချေပဂို ပြန်ပေးခဲ့ရပြီး တစ်ဂိုး စီ သရေကျသွားခဲ့ပါတယ်။ အမ်မရီကတော့ အရေးကြီးတာက အုပ်စုမှာ ဦးဆောင်နိုင်ဖို့ ဖြစ်ပြီး အခြေအနေ ကောင်းနေဆဲလို့ ဆိုခဲ့ပါတယ်။ ဗစ်တိုးရီးယားနဲ့ သရေကျပြီးတဲ့နောက် အာဆင်နယ်ရဲ့ ဆိုးဝါးတဲ့ ကစားဟန်ကြောင့် အမ်မရီအပေါ် ဝေဖန်မှုတွေကတော့ ပိုမို မြင့်တက် လာခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးမှာ အာဆင်နယ် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့… Continue Reading →

လီဗာပူးဟာ ကာရာဘောင်းဖလားကို ပိုအာရုံစိုက်သင့်ကြောင်း အကြံပေးမှု ထွက်ပေါ်လာ

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲနဲ့ ဖီဖာကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို တပြိုင်နက်လိုလို ကစားဖို့ ကြုံနေတဲ့ လီဗာပူး အသင်း အနေနဲ့ ပြည်တွင်ဖလားပြိုင်ပွဲကိုသာ ပိုမို အာရုံစိုက်သင့်ကြောင်း အင်္ဂလန် တောင်ပံကစားသမားဟောင်း ထရီဗာ ဆင်ကလဲယားက ရှင်းလင်းပြောဆိုသွားပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ အသင်းတိုင်း လွယ်လွယ် ပြိုင်လို့ မရတဲ့ ကမ္ဘာ့ဖလားပွဲကိုသာ ပို အာရုံစိုက်ဖို့ ရှိနေပြီး ဆင်ကလဲယားက ပြည်တွင်းမှာ ဖလားကိုင်မြှောက် အောင်ပွဲခံနိုင်ခြင်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် များစွာ အင်အား ဖြစ်စေနိုင်ကြောင်း… Continue Reading →

လက်ထောက်နည်းပြကို ကာတာ ခေါ်သွားပြီး ကာရာဘောင်း ကွာတားပွဲ အခြားသူ ကိုင်တွယ်စေမည်

လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲမှာ ၂၄ နာရီအတွင်း ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲနဲ့ ဖီဖာကလပ်များ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားမှာ ဖြစ်တာကြောင့် လူစာရင်းကို နှစ်သင်းစာ ခွဲကာ တစ်နိုင်ငံ တစ်ပြိုင်ပွဲစီ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို ကာတာသို့ ခေါ်သွားပြီး ဖီဖာကလပ်များ ကမ္ဘာ့ဖလားပွဲ ကစားဖို့ ရည်ရွယ်ထားတာ ဖြစ်ကာ လက်ထောက်နည်းပြ ပက် လင်ဒါးစ်ကိုလည်း ခေါ်သွားဖွယ် ရှိနေပါတယ်။ ဒီဇင်ဘာလ အစောပိုင်းမှ ကလော့ပ်က… Continue Reading →

အာဆင်နယ်နည်းပြ အမ်မရီရဲ့ ဗျူဟာတွေအကြောင်း မာတင်ကီယွန် ဝေဖန်

အာဆင်နယ်အသင်းဟာ လေးပွဲဆက် ဦးဆောင်နေရာကနေ ဂိုးပြန်ပေးခဲ့ရပြီးနောက် အူနိုင်း အမ်မရီအတွက် ကွင်းတွင်း ပြဿနာတွေ ရှိနေပြီလို့ ကလပ်ဂန္တဝင် မာတင်ကီယွန် က ယုံကြည်နေပါတယ်။ ဗစ်တိုရီးယားနဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာ မူစတာဖီရဲ့ ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်က ဦးဆောင်ခဲ့သော်လည်း ဘရူနို က အချိန်ပိုမှာ လှပတဲ့ ကန်ချက် နဲ့ ချေပခဲ့တာကြောင့် ဗစ်တိုးရီးယား အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါဟာ ၁၀ရက်အတွင်း အာဆင်နယ် တို့ အနိူင်ရလဒ် ကို မထိန်းသိမ်းနိူင်ခဲ့တဲ့ လေးပွဲမြောက်ဖြစ်ပြီး မူစတာဖီရဲ့… Continue Reading →

အေဂျက်နဲ့ပွဲမှာ စောစောပြန်သွားတဲ့ ချယ်ဆီးပရိသတ်တွေဘက်က ကာကွယ်သွားတဲ့ လမ်းပတ်

ချယ်ဆီးအသင်းရဲ့ အင်္ဂါနေ့ညက အေဂျက်နဲ့ပွဲမှာ ၁-၄ နဲ့ ရှုံးနိမ့်နေတဲ့ ဒုတိယပိုင်း အစောပိုင်းမှာတင် ချယ်ဆီးပရိသတ် အချိုု့က စောစောစီးစီး အိမ်ပြန်သွားခဲ့ပါတယ်။ ထိုပရိသတ်တွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်ရှုံ့ချမှုတွေ ရှိနေပေမယ့် ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ပရိသတ်တွေဘက်က စာနာစကား ပြောကာ ကာကွယ်သွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ၃ ဂိုးအကွာ ရှုံးနိမ့်နေရာက ပြန်လာနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၄-၄ နဲ့ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီး အနိုင်ရလောက်တဲ့ အထိ အခွင့်အရေးတွေ ရခဲ့သော်လည်း တစ်ဂိုးက VAR အဆုံးအဖြတ်မှာ လက်ထိဘောကြောင့်… Continue Reading →

လီဗာပူးက မန်စီးတီးကို အသာစီးရမယ့် အချက်တစ်ချက်ကို အာဆင်ဝင်းဂါး ထောက်ပြ

အန်ဖီးကွင်းမှာတော့ စူပါဆန်းဒေးပွဲအဖြစ် လီဗာပူးဟာ မန်စီးတီးကို ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နှစ်သင်းဟာ ရလဒ်ပိုင်း ရယူနိုင်မှု ကောင်းမွန်တဲ့ အသင်းတွေဖြစ်ကြသလို ပြိုင်ဆိုင်မှုတွေက အကျိတ်အနယ် ဖြစ်လာတဲ့ အနေအထားဖြစ်တယ်။ ပရီးမီးယားလိဂ် ဝါရင့်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ဒီပွဲဟာ ဒီနှစ်တွေအတွင်း မြင်တွေ့လာရသလိုပဲ ခက်ခဲတဲ့ ပွဲကောင်းဖြစ်လာမယ်လို့ မြင်ထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမြင်မှာတော့ မန်စီးတီးဟာ လီဗာပူးအသင်းက ဒုက္ခပေးခြင်းကို ခံရနိုင်တဲ့ အားနည်းချက် ရှိနေတယ်လို့လည်း ထောက်ပြပြောဆိုမှု လုပ်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးက ပြောရာမှာ ” ဒီနှစ်တွေထဲမှာ ဒီနှစ်သင်း ယှဉ်ပြိုင်ကစားတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!