Month

November 2019

ချယ်ဆီး လူငယ် အေဗရာဟမ်ရဲ့ ခြေစွမ်းကို သဘောတကျချီးကျူးလိုက်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်

ဘာစီလိုနာ ကြယ်ပွင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က အင်္ဂလန်လူငယ် ချယ်ဆီးတိုက်စစ်မှူး တမ်မိ အေဗရာဟမ်ရဲ့ ခြေစွမ်းကို အထင်တကြီး ချီးကျူးလိုက်ပြီး အေဗရာဟမ်ဟာ ကမ္ဘာ့ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်လာမယ့် သူလို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ဥရုဂွေးသား တိုက်စစ်မှူး ဆွာရက်စ်ဟာ လီဗာပူးကနေ ဘာစီလိုနာထံ ၂၀၁၄ က ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး လက်ရှိ အသက် ၃၂ နှစ် အရွယ် တိုက်စစ်မှူးဟာ အကောင်းဆုံးကာလတွေ ကျော်လွန်လာပြီ ဖြစ်ပါတယ်။ ချယ်ဆီး လူငယ် တိုက်စစ်မှူးလေး အေဗရာဟမ်ဟာ အသက် ၂၂… Continue Reading →

အန်ဖီးက အထိမ်းအမှတ် မတိုင်ခင် နှင်းဆီ ၉၆ ပွင့်ပါ လွမ်းသူပန်းခွေဖြင့် ဆုတောင်းတဲ့ ဟန်ဒါဆန်နဲ့ ထရန့်

နှစ်ပေါင်း ၃၀ တိုင်တိုင် တရားမျှတမှုကို မရသေးတဲ့ လီဗာပူးပရိသတ်တွေအတွက် ဒီနှစ်မှာလည်း ၇ ပတ်ကြာ ကြားနားမှုဟာ မည့်သည်အဖြေမှ ပြန်မပေးနိုင်ပဲ လီဗာပူးမြို့ကို ဝမ်းနည်းခြင်းတွေပဲ ဖုံးလွှမ်းစေခဲ့ပြန်ပါပြပီ။ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး လီဗာပူးအားပေးသူ ပရိသတ် ၉၆ ဦး သေဆုံးခဲ့မှုအတွက် တရားမျှတမှုကို သေဆုံးသူမိသားစုဝင်တွေ၊ လီဗာပူးမြို့သားတွေနဲ့ လီဗာပူးအသင်းတို့ဟာ အဆင့်ဆင့်သော တရားရုံးတွေကို တက်ရောက်ပြီး အယူခံဝင်ပေမယ့်လည်း နှစ်ပေါင်း ၃၀ ကြာတဲ့အထိ တရားမျှတမှုကို မရခဲ့ပါဘူး။ ဒီကနေ့မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ လီဗာပူးမြို့ဖွား… Continue Reading →

နော်ဝစ်နဲ့ပွဲမှာ ယွန်းဘတ်က အာဆင်နယ်ကို နိုင်ပွဲရယူပေးမလား စကိုင်းစပေါ့ သုံးသပ်ခန်းမှန်းချက်

ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အာဆင်နယ်ဟာ နော်ဝစ်ကွင်းမှာ အဝေးကွင်းပွဲအဖြစ် သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ ညနေခင်းတုန်းကပဲ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီဖြစ်ကာ ယာယီမန်နေဂျာအဖြစ် ယွန်းဘတ်ကို တာဝန်ယူစေခဲ့ပါပြီ။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲကို တစ်ပွဲမှ အနိုင်မရခဲ့သလို အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းနေခြင်းကြောင့် တာဝန်ရှိသူတွေက အမ်မရီကို သည်းခံနိုင်မှု ကုန်ခဲ့တာဖြစ်တယ်။ အမ်မရီမရှိတဲ့နောက် မန်နေဂျာသစ် ဘယ်သူဖြစ်လာမယ်ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပေမယ့် နော်ဝစ်နဲ့ပွဲမှာ ယွန်းဘတ်က ရလဒ်ကောင်းကို ရယူဖို့… Continue Reading →

ဖာဘင်ညို မပါနိုင်တဲ့ ဘရိုက်တန်ပွဲမှာ လီဗာပူး ဘယ်လိုရလဒ် ထွက်မလဲ စကိုင်းစပေါ့ ခန့်မှန်း

ဒီအပတ်မှာတော့ လီဗာပူးဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ ရမှတ်ဖြတ်ထားမှုကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ လီဗာပူးအသင်းရဲ့ အဓိက ထိုးနှက်ခံရမှုကတော့ မာတစ် မကစားနိုင်တဲ့နောက် လိုဗရန်ကို အစားထိုးခြင်းကိစ္စ အဆင်ပြေလာချိန်မှာပဲ ကွင်းလယ်အထိုင်လူ ဖာဘင်ညိုကို လက်လွတ်ရဖို ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုဟာ ၁၀ ပွဲလောက်ထိ လွဲချော်နိုင်တာဖြစ်ပြီး သူ့နေရာမှာ ဘယ်လို အပြောင်းအလဲလုပ်မလဲ စောင့်ကြည့်ရမှာပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီက ” ပွဲစဉ်ဇယားတွေကို ကြည့်လိုက်ရင် လီဗာပူးရဲ့ ကြပ်တည်းတဲ့ အနေအထားကိုပဲ… Continue Reading →

Official: ဖာဘင်ညိုရဲ့ ဒဏ်ရာ အခြေအနေကို လီဗာပူးဘက်က အတည်ပြုပေးလိုက်ပါပြီ

နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ဖာဘင်ညိုရဲ့ ဒဏ်ရာအခြေအနေကို လီဗာပူးအသင်း တရားဝင် ဝဘ်ဆိုဒ်ကနေပြီး အတည်ပြုသတင်း ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲမှာ ပထမပိုင်း ပွဲချိန် ၁၈ မိနစ်အတွင်း ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည် အနားယူသွားရမှာဖြစ်ပါတယ်။ လီဗာပူးဘက်က ကစားသမားဟာ ၂၀၂၀ နှစ်သစ်ထိ အသင်းအတွက် ပွဲထွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့တာဖြစ်ပြီး ဒဏ်ရာက ကာလရှည်ဆိုတာကလွဲလို့ ဘယ်လောက်ကြာမြင့်မယ်ဆိုတာကိုတော့ အသိမပေးခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေဖြစ်တဲ့ Paul Joyce ကတော့… Continue Reading →

အမ်မရီနေရာ အစားထိုးဖို့ ၅ ကြိမ်မြောက် ချန်ပီယံနဲ့ အာဆင်နယ်တို့ ချိတ်ဆက်မှု စတင်နေ

စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြလာမှုအရ အာဆင်နယ်ဟာ မန်နေဂျာသစ်အတွက် ရှာဖွေနေရာက စီးရီးအေချန်ပီယံဟောင်း အယ်လီဂရီကို ဆက်သွယ်မှုတွေ လုပ်နေခဲ့ကာ အပြန်အလှန် ချိတ်ဆက်နေတဲ့ အခြေအနေလို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေမှာ ဂျူဗင်တပ်ကနေ ထွက်ခွာထားတဲ့ အယ်လီဂရီဟာ စီးရီးအေချန်ပီယံ ၅ ကြိမ်၊ အီတလီဖလား ၄ ကြိမ်တို့ကို အနိုင်ရခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ်ထိ တက်ရောက်နိုင်ခဲ့သူပါ။ သူဟာ ဒီရာသီမှာ မန်နေဂျာအလုပ်ကို အနားယူဦးမှာဖြစ်ကာ ဘယ်လိုကလပ်ကိုမှ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါသေးတယ်။ အမ်မရီ ရာထူးကနေ… Continue Reading →

အအက်စတွန်ဗီလာကို မနိုင်ရင် ဆိုးရှားကို ရာထူးထုတ်သင့်ပြီဆိုတဲ့ စကိုင်းစပေါ့ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်း

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ယူနိုက်တက်ဟာ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံရမှာဖြစ်ပြီး စကိုင်းစပေါ့မှ ချာလီနီကိုးလစ်က ပွဲကြို ခန့်မှန်းသုံးသပ်မှု လုပ်သွားခဲ့ပါတယ်။ ချာလီက ” တနင်္လာနေ့တုန်းက အက်စတွန်ဗီလာဟာ စိတ်မပျက်စေရပဲ ပါဲကို ထိန်းချုပ်နိုင်ခဲ့သလို အဆုံးသတ်ပိုင်းတွေလည်း ကောင်းခဲ့တယ်။ အက်စတွန်ဗီလာက ပျင်းစရာမကောင်းပဲ ကာကွယ်မှုတွေ လုပ်ပြီးမှ လိုအပ်ရင် ကောင်တာပြန်တိက်တဲ့အသင်းဖြစ်တယ်။ နယူးနဲ့ပွဲမှာ သူတို့ စွမ်းဆောင်ရည်က ကောင်းခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ်က အံ့အားသင့်စရာဖြစ်ပြီး ဒီဂီယာက ထည့်ပြောသင့်တဲ့သူ မဟုတ်ပေမယ့် အမှားတွေ… Continue Reading →

ဆောင်းပါး – ခေါင်းခဲစရာ ပြဿနာတွေအတွက် ကစားသမားနှစ်ဦးနဲ့ စတင်အဖြေထုတ်နေတဲ့ ယာဂင်ကလော့ပ်

လီဗာပူးဟာ ဗုဒ္ဒဟူးနေ့က အန်ဖီးမှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း နာပိုလီကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ လိုဗရန်ရဲ့ ခေါင်းတိုက်ဂိုးက ပထမပိုင်းအတွင်း ဒရိုင်းမာတင်ရဲ့ အဖွင့်ဂိုးက ချေပပေးခဲ့ပေမယ့် ဒါဟာ အီတလီဘီလူးတွေရဲ့ခံစစ်ကို လီဗာပူးတို့ ချိုးဖောက်နိုင်ခဲ့တဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးပဲ ဖြစ်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် တစ်ပွဲကျန်အခြေအနေမှာတင်အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ဖို့ အခွင့်အရေးကို လီဗာပူးအသင်း လွဲချော်ခဲ့ပြီး ဆဆဲလ်ဘတ်နဲ့ပွဲမှာ ရလဒ်ကောင်းရဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။ ကံမကောင်းစွာပဲ နာပိုလီနဲ့ပွဲ ပွဲအစပိုင်းမှာတင် ဖာဘင်ညိုက ဒဏ်ရာရခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဝါကဒ် ထိထားတာကြောင့် ဘယ်လိုနေနေ… Continue Reading →

လမ်းပတ်အနေနဲ့ အသင်းဟောင်းကို ရင်ဆိုင်ရာမှာ အနိုင် သေချာလိမ့်မယ်ဆိုတဲ့ စကိုင်းစပေါ့ ခန့်မှန်း

ဒီအပတ်မှာ ချယ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ဝက်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာဖြစ်ပြီး မန်စီးတီးကို အရေးနိမ့်ခဲ့မှုကနေ တုန့်ပြန်ပြနိုင်ဖို့က ဒီပွဲကို သေချာပေါက် အနိုင်ယူဖို့ လိုအပ်နေတာဖြစ်တယ်။ ဝက်ဟမ်းက ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး မန်နေဂျာပယ်လီဂရီနီကို ရာထူးကနေ ထုတ်ပယ်မယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် ဒါဘီပွဲမှာတော့ ဝက်ဟမ်းက သက်သောင့်သက်သာနဲ့ အနိုင်ပေးဖို့ လာမှာမဟုတ်တာကို ချယ်ဆီးဘက်က နားလည်ထားဖို့ လိုမှာဖြစ်တယ်။ စကိုင်းစပေါ့မှ သုံးသပ်သူ ချာလီနီကိုးလက်စ်ကတော့ ဒီပွဲမှာ လမ်းပတ်ရဲ့ အသင်းကပဲ ဂိုးပြတ် အနိုင်ရလိမ့်မယ်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!