Date

March 9, 2020

လီဗာပူးဂျာစီဝတ်ပြီး ပွဲကို ကြည့်ရှုခဲ့တာက ချမ်းနေလို့ပါလို့ ဖြေရှင်းလိုက်တဲ့ ဟယ်ရီဝဲလ်ဆန်

ကွင်းလယ်လူ ဝဲလ်ဆန်က အန်ဖီးကွင်းက လီဗာပူးနဲ့ ဘုန်းမောက်ပွဲကို လီဗာပူးဂျာစီ ဝတ်ဆင်ပြီး ကြည့်ရှုခဲ့တာက ဘယ်လို သဘောထားမှ မပါဝင်ပဲ ချမ်းနေချိန်မှာ ကွင်းအောက်က ဘုန်းမောက်အသင်းကို ဒုက္ခမပေးလိုတာကြောင့် အနားက အသင်းဝန်ထမ်းထံက အနွေးထည် တောင်းဝတ်ခဲ့ခြင်းပဲဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အဆိုပါမြင်ကွင်းက လီဗာပူးပရိသတ်တွေကို နှစ်သက်စေခဲ့ပေမယ့် တစ်ဘက်မှာကလည်း အငှားကစားနေတဲ့ ဘုန်းမောက်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်နေရတာပါ။ ဝဲလ်ဆန်ကတော့ အခြေအနေအရ ယူဝတ်ခဲ့ခြင်းပဲဖြစ်ကြောင်းကို ရှင်းပြခဲ့တာဖြစ်တယ်။ ဝဲလ်ဆန်ကပဲ ” ဘုန်းမောက်အသင်းပရိသတ်တွေက အဝေးကွင်းကို လိုက်ပါ အားပေးကြပြီး အသင်းဖော်တွေကလည်း… Continue Reading →

တိုက်စစ်ရှာနေတဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့အတွက် အကောင်းမြင်စရာ သတင်းကောင်းနှစ်ခု

လီဗာပူးဟာ နွေအပြောင်းအရွှေ့မှာတော့ ကစားသမားကောင်း အချို့ကို ခေါ်ယူသွားမှာဖြစ်ပြီး အဓိက အားဖြင့် တိုက်စစ်ပိုင်းကို သေချာပေါက် ဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လီဗာပူးက ဦးစားပေးအဖြစ် တီမိုဝါနာကို ချိန်ရွယ်နေတာဖစ်ပြီး ဂျာမနီတိုက်စစ်သမားဟာ ယာဂင်ကလော့ပ်ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ သတင်းတွေကို အကောင်းမြင်မှုတွေ တုန့်ပြန်ထားတာပါ။ နောက်ဆက်တွဲအားဖြင့် လိုက်ဇစ်အသင်းဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ဝါနာကို ၎င်းတို့ရဲ့ ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ထားခဲ့ပြီဖြစ်ပါတယ်။ ဝုဒ်ဘတ်ကို သရေကျတဲ့ပွဲမှာ ဝါနာကို အရန်စာရင်းမှာပဲ ထားခဲ့ပေမယ့် လူစားဝင် ကစားသမားအဖြစ် ထုတ်သုံးခဲ့ပြီး ဒီကိစ္စဟာ လူပြောများစရာ ကိစ္စ… Continue Reading →

ချန်ပီယံလိဂ်ပွဲကြိုမှာ လီဗာပူးနဲ့ ပက်သက်ပြီး သုံးသပ်သွားတဲ့ ပြိုင်ဘက် တီကို အသင်းသားများ

ဒီအပတ် အန်ဖီးကွင်းမှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ဧည့်ခံပြီး ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာတုန်းက လီဗာပူးက ၁-၀ နဲ့ အရေးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုသလို ၂-၀ ရလဒ် (သို့) ၃-၁ ရလဒ်တွေနဲ့မှ နောက်တစ်ဆင့်ကို တက်မှာဖြစ်တယ်။ အနည်းဆုံးသော ကိုယ်က ၁ ဂိုးပဲ သွင်းနိုင်ရင်လည်း ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုအပ်မှာဖြစ်ပါတယ်။ တီကို ကွင်းလယ်လူ ကိုကီက ”… Continue Reading →

အန်ဖီးကွင်းက တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပရိသတ်တွေက ပထမဆုံးစက္ကန့်တည်းက ပေါက်ကွဲပြမယ်

စနေနေ့က ဘုန်းမောက်ကို နိုင်လိုက်တဲ့နောက် လီဗာပူးအသင်းဟာ နိုင်ပွဲရလိုစိတ်တွေ ပြန်လည် ရလာပြီ ဖြစ်ကြောင်း ဂိုးသမား အက်ဒရီယန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အခြေအနေကောင်းနေပေမယ့် ချန်ပီယံလိဂ်မှာတော့ မရေရာသေးဘဲ ရှုံးထွက် ပထမအကျော့မှာ အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ထားပြီး ဒုတိယအကျော့မှာ အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဒီတပတ် ဘုန်းမောက်ကို နိုင်လိုက်တာက လီဗာပူးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ လီဗာပူး ပွဲထွက် ဂိုးသမား အယ်လစ်ဆန်က… Continue Reading →

အပြောင်းအရွှေ့မှာ လည်ဝယ်လွန်းနေတဲ့ လီဗာပူးတို့ အဒ်ဝပ်ကြောင့် ပေါင် ၂၁ သန်း ထပ်ရနိုင်

လီဗာပူးအသင်း နောက်ဆုံး ရင်ဆိုင်ထားတဲ့ ဘုန်းမောက်အသင်းဟာ ကလပ်အသင်း လူငယ်တွေဖြစ်တဲ့ အိုဘ် (၁၅ သန်း)၊ ဆိုလန်ကီ (၁၉ သန်း) နဲ့ စမစ် (၄ သန်း) တို့ကို ခေါ်ယူထားတဲ့ ကလပ်အသင်းပါ။ လီဗာပူးဟာ လူငယ်ကြယ်ပွင့် ဝဲလ်ဆန်ကိုလည်း ဘုန်းမောက်ထံ အငှားချထားပြီး လာမယ့်နွေမှာ ရောင်းထုတ်မယ်ဆိုရင် ပေါင် ၂၅-၃၅ သန်းလောက်ထိကို ရနိုင်တာဖြစ်တယ်။ ဒါတွေအားလုံးကို လီဗာပူးကစား ဒါရိုက်တာ မိုင်ကယ် အဒ်ဝပ်က စီမံပေးနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်က သူလုပ်ခဲ့တဲ့ အပြောင်းအရွှေ့… Continue Reading →

ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်းနီးခြင်း၊ ချန်ရဲ့ ငြင်းပယ်မှု၊ ဝါနာ၊ ဖာမင်နိုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်အနိုင်ရပြီး မန်စီးတီး အရေးနိမ့်သွားတာကြောင့် သချာၤနည်းအရ လက်ကျန် ၉ ပွဲအနက် ၂ ပွဲနိုင်ရင်ကို လီဗာပူးက အမှတ်ပေးဖလား ချန်ပီယံဖြစ်ပါပြီ။ ဒေါ့မွန်ကွင်းလယ်လူ ချန်က ” ဒေါ့မွန်ကို မပြောင်းခင် ပရီးမီးယားလိဂ်ကလပ် သုံးသင်းထံက ကမ်းလှမ်းမှုကို ရခဲ့ပြီး တစ်သင်းက ယူနိုက်တက်ဖြစ်တယ်။ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့တာက ကျနော်က လီဗာပူးကစားသမားအဖြစ် ရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။ ကျနော်က အရေးပါပြီး ကျနော်ကို လိုအပ်တဲ့ အသင်းကိုပဲ သွားလိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။ ကြားရက်မှာတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!