Date

November 29, 2020

ဒဏ်ရာရ အသင်းဖော်တွေ မကြာခင် ပြန်ကစားနိုင်တော့မယ် အရိပ်အမြွက်ပေးသွားတဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က မကြာခဏ စကားပြောနေရတဲ့ VAR ကိစ္စကို လာမယ့် ကာလတွေမှာလည်း ထပ်မံ ရင်ဆိုင်ရမှာဖြစ်လို့ အသားကျနေဖို့ လိုအပ်ပါကြောင်း အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ဗီဒီယိုပြကွက် သုံးသပ်သူတွေရဲ့ ဆုံးဖြတ်ချက်တွေ အောက်မှာ အကြိမ်ကြိမ် အထိနာနေတာပါ။ ဒဏ်ရာကိစ္စတွေ၊ ပွဲစဉ်ဇယား ကြပ်တည်းမှုတွေက အသင်းကို ထိုးနှက်နေခဲ့ကာ VAR ကတော့ ကြီးကြီးမားမား အထိနာစေတဲ့ ကိစ္စ ဖြစ်နေခဲ့တာပါ။ ဟန်ဒါဆန်က “ ဒီအခြေအနေမှာတော့ ကျနေ်ာတို့အတွက် မမျှတဘူးလို့ ခံစားရသလို အရမ်းလည်း… Continue Reading →

လီဗာပူးရဲ့ နောက်ထပ် ကမ္ဘာအဆင့်ကစားသမား ဖြစ်လာဦးမယ် ဒီယေဂိုး ဂျိုတာ

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ မာနေး၊ ဆာလက်နည်းတူ လီဗာပူးရဲ့ စူပါစတားဖြစ်လာသူဆိုရင် မမှားပါဘူး။ သူဟာ လီဗာပူးအတွက် ၁၄ ပွဲကစားပြီး သွင်းဂိုး ၉ ဂိုးထိ ရထားပြီဖြစ်ပါတယ်။ ဒီဈေးကွက်မှာ လီဗာပူးအသင်းဟာ အခြားသော ပြိုင်ဘက်တွေလိုပဲ ကစားသမား ခေါ်ယူမှုတွေ အများကြီး မလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်အတွက် ဂျိုတာကို ရွေးချယ်ခဲ့တယ်။ သူဟာ လီဗာပူးတိုက်စစ်အတွက် လူတိုင်းက မြင်လိုတဲ့ ကစားသမားတစ်ဦး ဖြစ်လာနေခဲ့ပြီး သူ့ရဲ့ လုပ်နိုင်စွမ်းတွေကိုလည်း ပိုမြင်လာနေကြပါပြီ။ ၂၀၁၉ မှာ အာဆင်နယ်က… Continue Reading →

ကလော့ပ်ရဲ့ တုန့်ပြန်မှုကို ကိုယ်ကိစ္စ ကိုယ်လုပ်ကြမယ်ဆိုပြီး ပြန်ထောက်တဲ့ ဝိုက်ဒါ

ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ခရစ်ဝိုက်ဒါကြား လူစားလဲမှု ၅ ခု လုပ်ခွင့်အတွက် အငြင်းပွားမှုက ပြေလည်မှု မရသေးဘဲ နှစ်ဦးလုံးက ကိုယ်ရဲ့ အမြင်အတွက် တင်းခံနေဆဲဖြစ်ပါတယ်။ လီဗာပူး အပါအဝင် ကြီး ၆ ကြီးက လူစားလဲမှု ၅ ခု လုပ်ခွင့်ပြန်ရရေး ဆက်လက် တောင်းဆိုပေမယ့် ဝိုက်ဒါက မန်နေဂျာကလော့ပ်ဟာ လီဗာပူးအတွက်ပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားလို့ စွပ်စွဲခဲ့တာပါ။ ရှက်ဖီးကတော့ ချန်ပီယံရှစ်မှာတောင် ရခဲ့ပြီးဖြစ်တဲ့ လူစားလဲမှု ၅ ခု လုပ်ခွင့်ကို ပရီးမီးယားလိဂ်မှာ… Continue Reading →

ဘောလုံးကို လူတိုင်းသိတဲ့ စည်းမျဉ်းနဲ့ပဲ ကစားလိုကြောင်း ဒီဘရိုင်းကို ဟန်ဒါဆန် ထောက်ခံ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘောလုံးလောကရဲ့ စည်းမျဉ်းတွေ အများကြီး ပြောင်းလဲနေမှုကို မသိနိုင်အောင်ဖြစ်နေရတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။ ဒီအကြောင်းကို မကြာသေးခင်ကပဲ ဒီဘရိုင်းကလည်း ပြောဆိုထားပြီး မန်စီးတီးကွင်းလယ်လူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ပြောင်းလဲမှုကို သူလည်း မသိတော့ဘူးဆိုတဲ့ အပြောကို ဟန်ဒါဆန်ကလည်း ထောက်ခံသွားတာ ဖြစ်ပါတယ်။ VAR အပေါ် ဘယ်လိုမြင်လဲနဲ့ ဘောလုံးပွဲတွေမှာ VAR ရှိနေတာနဲ့ မရှိတာ ဘယ်တစ်ခုကို လိုချင်သလဲလို့ မေးခွန်းထုတ်ခံရချိန်မှာ ဟန်ဒါဆန်က ထိန်းထိန်းသိမ်းသိမ်း ဖြေဆိုခဲ့တယ်။ ဟန်ဒါဆန်က ” အဲ့တာကြီးအကြောင်း မပြောချင်ပါဘူး။… Continue Reading →

ကစားပွဲတွေ ရှင်းလင်းမြင်သာမှု မရှိဘဲ ရလဒ်ဟာ ဗီဒီယိုကြည့်သူတွေရဲ့ လက်ထဲမှာလို့ ဝေဖန်မှု

လီဗာပူးက ဘရိုက်တန်ကို ၁-၁ သရေကျတဲ့ပွဲအပြီးမှာ ပွဲတန်ပိုကို ဖျက်ဆီးခဲ့တဲ့ VAR နဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးရဲ့ သွင်းဂိုး ၂ ဂိုးကို ဗီဒီယိုဒိုင်တွေက လူကျွံကြောင်း ပယ်ဖျက်ခဲ့သလို ဘရိုက်တန်ဘက်ကိုလည်း ပင်နယ်တီ ၂ ကြိမ် ခွင့်ပြုပေးခဲ့တယ်။ ဘရိုက်တန်ရသွားတဲ့ ပင်နယ်တီက ပွဲချိန်တွင်းမှာ အလေးထားလောက်တဲ့ ကိစ္စတောင် မဟုတ်ခဲ့ပေမယ့် VAR မြင်ကွင်းမှာတော့ ခြေထောက်ကို ကန်မိတယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့ရတာဖြစ်ပါတယ်။ အိုဝင်ကတော့ တကယ်ဖြစ်ရပ်က ဘယ်လိုဆိုတာကို လေ့လာသင့်ပြီး… Continue Reading →

လူစားလဲခံရလို့ ဒေါသထွက်သွားတဲ့ ဆာလက်ကိစ္စကို ကလော့ပ် ရှင်း

ဘရိုက်တန်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်က တိုက်စစ်သမား ဆာလက်ကို တစ်နာရီလောက် ကစားပြီးချိန်မှာ လူစားလဲခဲ့ပါတယ်။ ဆာလက်က လူစားလဲခံရတာကို မနှစ်သက်ကြောင်းကို သိသာတဲ့ အပြုအမှုတွေ ပြုလုပ်ပြသွားပါတယ်။ ပွဲအပြီးမှာ အရန်ခုံအတွင်း ဒေါသထွက်နေတဲ့ အမူအယာတွေကို ဆာလက် လုပ်ပြတာနဲ့ ပက်သက်လို့ BT Sport သတင်းထောက်က ” ဆာလက်ကြည့်ရတာ အစောကြီး ထွက်သွားရလို့ ပျေျာ်နေပုံ မရဘူး။ ဒီအတွက် ခင်ဗျားမှာ အစီအစဉ်ရှိမယ်လို့ ထင်တယ်။ ” လို့ ကလော့ပ်ကို မေးခွန်းထုတ်ခဲ့တယ်။ ကလော့ပ်က ” အခြားနေတွေမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!