ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ မာနေး၊ ဆာလက်နည်းတူ လီဗာပူးရဲ့ စူပါစတားဖြစ်လာသူဆိုရင် မမှားပါဘူး။ သူဟာ လီဗာပူးအတွက် ၁၄ ပွဲကစားပြီး သွင်းဂိုး ၉ ဂိုးထိ ရထားပြီဖြစ်ပါတယ်။

ဒီဈေးကွက်မှာ လီဗာပူးအသင်းဟာ အခြားသော ပြိုင်ဘက်တွေလိုပဲ ကစားသမား ခေါ်ယူမှုတွေ အများကြီး မလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်အတွက် ဂျိုတာကို ရွေးချယ်ခဲ့တယ်။ သူဟာ လီဗာပူးတိုက်စစ်အတွက် လူတိုင်းက မြင်လိုတဲ့ ကစားသမားတစ်ဦး ဖြစ်လာနေခဲ့ပြီး သူ့ရဲ့ လုပ်နိုင်စွမ်းတွေကိုလည်း ပိုမြင်လာနေကြပါပြီ။

၂၀၁၉ မှာ အာဆင်နယ်က ပီပီကို မခေါ်ယူစဉ်မှာ လီဗာပူးပရိသတ်တွေက တောင်ပံသမားကို အသင်းအတွက် အလိုရှိခဲ့ပါသေးတယ်။ အဓိက အားဖြင့် ဆာလက်နဲ့ မာနေးတို့ရဲ့ သွင်းဂိုး တာဝန်ကို ပုခုံးထမ်းကူမယ့် ကစားသမားမျိုးကို အသင်းပရိသတ်တွေက အလိုရှိခဲ့ကြတာပါ။

ဒီနွေတုန်းက ဝါနာရဲ့ ကိစ္စတုန်းကလည်း အတူတူပါပဲ။ လီဗာပူးပရိသတ်တွေက ဝါနာကို သိပ်လိုချင်ခဲ့ကြတာက အထူးအဆန်းကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မျှော်လင့်ထားတဲ့ ကိစ္စတွေ မဖြစ်လာခဲ့ကာ ရုတ်တရတ်ပဲ ဂျိုတာက အန်ဖီးရဲ့တံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်လာခဲ့တယ်။

စိတ်ရှည်မှုတွေကြောင့် လီဗာပူးအတွက် ဂျိုတာက ခြေစွမ်းပြလာနိုင်ခဲ့ခြင်း ဖြစ်သလို သူဟာ ယာဂင်ကလော့ပ်ရဲ့ ကစားကွက်နဲ့လည်း အံဝင်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးတဲ့ တိုက်စစ်သမားဟာ မာနေးရဲ့ ခြေရာလိုက်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် အင်္ဂလန်လိဂ်မှာ ကျင်လယ်ရင်း တိုးတက်လာနေသူပါ။

လီဗာပူးနဲ့ ယာဂင်ကလော့ပ်ဟာ ကမ္ဘာအဆင့် ကစားသမားတွေကို ခေါ်ယူခြင်းထက် အရည်အချင်းရှိ ကစားသမားတွေကို ဘောလုံးစင်မြင့်တွေပေါ် ပို့ဆောင်ပေးလေ့ရှိတာဖြစ်တယ်။ ပွဲပေါင်း ၁၄ ပွဲပဲ ရှိသေးပေမယ့် ဂျိုတာက သူတို့ထဲက တစ်ဦးဖြစ်လာမယ်လို့ အားလုံးက ယုံကြည်လာနေပါပြီ။

လီဗာပူးပရိသတ်တွေက ဂျိုတာကို ဒီယေဂို ဂျိုတာလို့ မသုံးပါဘူး။ ဒိယေဂိုး ဂျိုတာလို့ သုံးပါတယ်။ ဂျိုတာဟာ အသင်းပရိသတ်တွေ မြင်လိုတဲ့ သွင်းဂိုးတွေကို ရယူပေးနေပြီး သူက ဆက်လက်လည်း သွင်းဂိုးတွေကို ဆာလောင်နေဦးမှာပါ။

ကိုယ်အသင်းအတွက် ကစားပေးတဲ့ သူတွေကို စိတ်ရှည်ပြီး ချစ်ခင်ခြင်းဟာ လီဗာပူးပရိသတ်တွေရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒီလိုပရိသတ်တွေနဲ့အတူ ဗန်ဒိုက်၊ ဆာလက်၊ မာနေးလို ကမ္ဘာအဆင့် ကစားသမားတစ်ဦး ထပ်ပေါ်ထွက်လာမယ်ဆိုရင် ဂျိုတာဖြစ်မယ်ဆိုတာကို အနီရောင်တွေက ယုံကြည်နေကြမှာပဲဖြစ်ပါတယ်။

ZAWGYI – ေပၚတူဂီ လက္ေရြးစင္ ကစားသမားဟာ ဒီရာသီမွာ မာေနး၊ ဆာလက္နည္းတူ လီဗာပူးရဲ႕ စူပါစတားျဖစ္လာသူဆိုရင္ မမွားပါဘူး။ သူဟာ လီဗာပူးအတြက္ ၁၄ ပြဲကစားျပီး သြင္းဂိုး ၉ ဂိုးထိ ရထားျပီျဖစ္ပါတယ္။

ဒီေစ်းကြက္မွာ လီဗာပူးအသင္းဟာ အျခားေသာ ျပိဳင္ဘက္ေတြလိုပဲ ကစားသမား ေခၚယူမႈေတြ အမ်ားၾကီး မလုပ္ႏုိင္ခဲ့ေပမယ့္ တိုက္စစ္အတြက္ ဂိ်ဳတာကို ေရြးခ်ယ္ခဲ့တယ္။ သူဟာ လီဗာပူးတိုက္စစ္အတြက္ လူတိုင္းက ျမင္လိုတဲ့ ကစားသမားတစ္ဦး ျဖစ္လာေနခဲ့ျပီး သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကိုလည္း ပိုျမင္လာေနၾကပါျပီ။

၂၀၁၉ မွာ အာဆင္နယ္က ပီပီကို မေခၚယူစဥ္မွာ လီဗာပူးပရိသတ္ေတြက ေတာင္ပံသမားကို အသင္းအတြက္ အလိုရွိခဲ့ပါေသးတယ္။ အဓိက အားျဖင့္ ဆာလက္နဲ႔ မာေနးတို႔ရဲ႕ သြင္းဂိုး တာဝန္ကို ပုခံုးထမ္းကူမယ့္ ကစားသမားမ်ိဳးကို အသင္းပရိသတ္ေတြက အလိုရွိခဲ့ၾကတာပါ။

ဒီေႏြတုန္းက ဝါနာရဲ႕ ကိစၥတုန္းကလည္း အတူတူပါပဲ။ လီဗာပူးပရိသတ္ေတြက ဝါနာကို သိပ္လိုခ်င္ခဲ့ၾကတာက အထူးအဆန္းကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ေမွ်ာ္လင့္ထားတဲ့ ကိစၥေတြ မျဖစ္လာခဲ့ကာ ရုတ္တရတ္ပဲ ဂ်ိဳတာက အန္ဖီးရဲ႕တံခါးကို တြန္းဖြင့္ျပီး ဝင္ေရာက္လာခဲ့တယ္။

စိတ္ရွည္မႈေတြေၾကာင့္ လီဗာပူးအတြက္ ဂ်ိဳတာက ေျခစြမ္းျပလာႏုိင္ခဲ့ျခင္း ျဖစ္သလို သူဟာ ယာဂင္ကေလာ့ပ္ရဲ႕ ကစားကြက္နဲ႔လည္း အံဝင္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ တိုက္စစ္သမားဟာ မာေနးရဲ႕ ေျခရာလိုက္ျပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ အဂၤလန္လိဂ္မွာ က်င္လယ္ရင္း တိုးတက္လာေနသူပါ။

လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္ဟာ ကမၻာအဆင့္ ကစားသမားေတြကို ေခၚယူျခင္းထက္ အရည္အခ်င္းရွိ ကစားသမားေတြကို ေဘာလံုးစင္ျမင့္ေတြေပၚ ပို႔ေဆာင္ေပးေလ့ရွိတာျဖစ္တယ္။ ပြဲေပါင္း ၁၄ ပြဲပဲ ရွိေသးေပမယ့္ ဂ်ိဳတာက သူတို႔ထဲက တစ္ဦးျဖစ္လာမယ္လို႔ အားလံုးက ယံုၾကည္လာေနပါျပီ။

လီဗာပူးပရိသတ္ေတြက ဂ်ိဳတာကို ဒီေယဂို ဂ်ိဳတာလို႔ မသံုးပါဘူး။ ဒိေယဂိုး ဂ်ိဳတာလို႔ သံုးပါတယ္။ ဂ်ိဳတာဟာ အသင္းပရိသတ္ေတြ ျမင္လိုတဲ့ သြင္းဂိုးေတြကို ရယူေပးေနျပီး သူက ဆက္လက္လည္း သြင္းဂိုးေတြကို ဆာေလာင္ေနဦးမွာပါ။

ကိုယ္အသင္းအတြက္ ကစားေပးတဲ့ သူေတြကို စိတ္ရွည္ျပီး ခ်စ္ခင္ျခင္းဟာ လီဗာပူးပရိသတ္ေတြရဲ႕ သေကၤတျဖစ္ပါတယ္။ ဒီလိုပရိသတ္ေတြနဲ႔အတူ ဗန္ဒိုက္၊ ဆာလက္၊ မာေနးလို ကမၻာအဆင့္ ကစားသမားတစ္ဦး ထပ္ေပၚထြက္လာမယ္ဆိုရင္ ဂ်ိဳတာျဖစ္မယ္ဆိုတာကို အနီေရာင္ေတြက ယံုၾကည္ေနၾကမွာပဲျဖစ္ပါတယ္။