Date

January 2, 2021

ဆောက်သမ်တန်နဲ့ ပက်သက်ပြီး သတိပြုရမှာတွေကို ထုတ်ပြောသွားတဲ့ ရော်ဘတ်ဆန်

လီဗာပူးဘယ်အစွန်လူ ရိုဘိုက ဟက်ဆန်ဟက်ရဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ အသင်းဖော်ဟောင်း ဒန်နီအင့်က ဂရုစိုက်ရမယ့် ကစားသမားလို့ မြင်ပါတယ်။ ဒါပေမယ့်လို့ ရိုဘိုက လက်စတာကို အရှက်တကွဲ အရေးနိမ့်အပြီး စိန့်ဟာ လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် တောက်ပလာမှုကို သတိပေးခဲ့တယ်။ စိန့်မှာ ကွင်းလယ်နဲ့ ခံစစ်သမားကောင်းတွေလည်း ရှိထားပြီး ပွဲချိန်ပြည့် အာရုံစိုက်မှပဲ ရလဒ်ကောင်းကို ရယူနိုင်မယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။ ရိုဘိုက ” ဆောက်သမ်တန်တို့ လက်စတာကို ၉-၀ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း သူတို့ပွဲတွေကို… Continue Reading →

လီဗာပူးမှာ သူ အမှောင်ကျခဲ့တဲ့ နေ့ရက်တွေအကြောင်း ဖွင်ဟသွားတဲ့ ဂျော်ဒန် ဟန်ဒါဆန်

လီဗာပူးရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ကလပ်ဟာ ၂၀၁၂ မှာ သူ့ကို ဖူလ်ဟမ်ထံ ရောင်းဖို့ကြိုးစားခဲ့တုန်းက အနာဂတ်ဟာ မှောင်ရီဝေဝါးလွန်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ အန်ဖီးမှာ အမြဲတမ်း အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရှင် မဟုတ်ခဲ့ပဲ မန်နေဂျာဟောင်း ဘရန်ဒန်ရော်ဂျာက ဒမ့်ဆေးနဲ့ သူ့ကို အလဲအလှယ်လုပ်ဖို့ အလိုရှိခဲ့တာပါ။ ဟန်ဒါဆန်က အဲ့ဒီ့အပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးမှာ မာဆေးဆိုဒ်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပေမယ့် သူအသင်းပြောင်းခဲ့မယ်ဆိုရင် ဒီအရာတွေက သိပ်ကိုခြားနားတဲ့ ပုံစံနဲ့ ဖြစ်သွားနိုင်ခြေ… Continue Reading →

လီဗာပူးနဲ့ ဘော့မန်းကြား အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ စတင်ပေါ်ထွက်လာ

သောကြာနေ့တုန်းက လူမှုကွန်ယက်မှာ ဆောက်သမ်တန်ခံစစ်သမားဟောင်း ဖွန်တီရဲ့ မှတ်ချက်အချို့ကနေ စတင်ပြီး လီဗာပူးနဲ့ လိုင်လီခံစစ်သမား ဘော့မန်းတို့ကြား သတင်းတွေက စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ပါပြီ။ ဖွန်တီနဲ့ ဘော့မန်းတို့ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှာ တွဲဘက် ကစားနေကြတာပါ။ ဖွန်တီက သူ့ရဲ့တွဲဘက်ကို လက်လွတ်ရမယ်ဆိုတဲ့ သတင်းကို ‘ နောက်ထပ် တစ်ယောက်လား.. ကူညီပေးရတာကို အမြဲတမ်း ပျော်ပါတယ် ‘ လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ဖွန်တီရဲ့ တွဲဘက်တွေဖြစ်တဲ့ လိုဗရန်နဲ့ ဗန်ဒိုက်တို့က လီဗာပူးကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ ဒီဇင်ဘာတုန်းကပဲ ပြင်သစ်သတင်းဌာနတွေက လီဗာပူးဟာ… Continue Reading →

လီဗာပူးပရိသတ်တွေကို အကြောင်းကြားစာ ပို့လာတဲ့ ဒီယေဂို ဂျိုတာ

ဒီယေဂို ဂျိုတာက သူဟာ ဒူးဒဏ်ရာကနေ သက်သာလာဖို့ အစွမ်းကုန် ကြိုးစားနေပြီး ခပ်မြန်မြန်လေး ပြန်လာနိုင်ဖို့ ဦးတည်ချက်ထားနေကြောင်း ဖွင့်ဟသွားပါတယ်။ ဒီရာသီမှာ ဂျိုတာ ရှိလာတဲ့ လီဗာပူးတိုက်စစ်က ပိုမို ထက်မြက်လာပြီး စွမ်းဆောင်ရည် ပိုကောင်းလာတာပါ။ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့နောက် တိုက်စစ်သမားတွေက ပိုမို အာရုံစိုက် ကစားလာကြတယ်။ ဒီလို အနေအထားမှာ ဂျိုတာ ဒူးဒဏ်ရာရသွားတာက လီဗာပူးအတွက် ထိခိုက်မှုပါ ဖြစ်လာခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေခြင်းနဲ့ ပက်သက်ပြီး ဂျိုတာက ” ဒူးဒဏ်ရာတွေဆိုတာက… Continue Reading →

လီဗာပူးရဲ့ အမှားက ပြိုင်ဘက်တွေကို လမ်းဖွင့်ပေးသလို ဖြစ်လာမယ်လို့ ကာရေဂါ ထောက်ပြ

ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်း ခံစစ်မှူးမခေါ်တာက ကိုယ်အသင်းရဲ့ လူစာရင်း အင်အားနည်းမှုတင် မဟုတ်ဘဲ ပြိုင်ဘက်တွေကိုလည်း မျှော်လင့်ချက်ပေးသလို ဖြစ်သွားလိမ့်မယ်လို့ ကာရေဂါက ထောက်ပြသွားပါတယ်။ ဂျင်မီ ကာရေဂါက ဒီရာသီ လီဗာပူးရဲ့ စွမ်းဆောင်ရည် မတည်ငြိမ်ခြင်းက ခံစစ်မှာ တည်ငြိမ်တဲ့ လူစာရင်း မထုတ်နိုင်ခြင်းကြောင့်လို့ မြင်ထားသူပါ။ အထူးသဖြင့် ဗန်ဒိုက်နဲ့ ဂိုးမက်စ် ဒဏ်ရာရသွားချိန်မှာ ဖာဘင်ညို တစ်ဦးတည်းက မာတစ်၊ ရိုင်းစ်၊ နက်ဖီးလစ်တို့နဲ့ အလှည့်ကျ တွဲနေရတာက ခံစစ်ကို ထိခိုက်စေတယ်လို့ သူမြင်ပါတယ်။ ကာရေဂါက ”… Continue Reading →

လီဗာပူးကြောင့် စပါးရဲ့ ပုံစံကောင်းတွေ ပျောက်သွားခဲ့တယ်လို့ ဝန်ခံတဲ့ မော်ရင်ညို

စပါးမန်နေဂျာ မော်ရင်ညိုက ဒီရာသီမှာ သူ့အသင်းက ပုံစံကောင်း၊ စိတ်ဓါတ်ကောင်းတွေ ရနေပေမယ့် ဒီနောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကျဆင်းသွားရတာက လီဗာပူးအသင်းကို ရင်ဆိုင်ခဲ့ရတဲ့ ရလဒ်ကြောင့်လို့ ဝန်ခံလိုက်ပါတယ်။ စပါးဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ရယူထားနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၁၆ ရက်တုန်းက အန်ဖီးမှာ လီဗာပူးကို ယှဉ်ပြိုင်ပြီး ၂-၁ ဖြင့် အရေးနိမ့်ခဲ့တယ်။ ဖာမင်နိုရဲ့ နောက်ကျသွင်းဂိုးက ၎င်းတို့ကို အရေးနိမ့်စေခဲ့သလို အဆိုပါနောက်ပိုင်း လက်စတာနဲ့ ဝုဗ်တို့ကိုလည်း အနိုင်မရခဲ့ဘဲ နောက်ဆုံး ၃ ပွဲမှာ ရမှတ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!