လီဗာပူးဘယ်အစွန်လူ ရိုဘိုက ဟက်ဆန်ဟက်ရဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ အသင်းဖော်ဟောင်း ဒန်နီအင့်က ဂရုစိုက်ရမယ့် ကစားသမားလို့ မြင်ပါတယ်။

ဒါပေမယ့်လို့ ရိုဘိုက လက်စတာကို အရှက်တကွဲ အရေးနိမ့်အပြီး စိန့်ဟာ လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် တောက်ပလာမှုကို သတိပေးခဲ့တယ်။ စိန့်မှာ ကွင်းလယ်နဲ့ ခံစစ်သမားကောင်းတွေလည်း ရှိထားပြီး ပွဲချိန်ပြည့် အာရုံစိုက်မှပဲ ရလဒ်ကောင်းကို ရယူနိုင်မယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရိုဘိုက ” ဆောက်သမ်တန်တို့ လက်စတာကို ၉-၀ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း သူတို့ပွဲတွေကို စကြည့်တယ်လို့ ပြောလို့ ရပါတယ်။ အဲ့နောက်ပိုင်း သူတို့ တကယ်ကို တိုးတက်လာခဲ့တယ်။

လူအများအပြားက ရမှတ်နဲ့ပက်သက်ပြီး စိုးရိမ်လာကြတယ်လို့ ထင်ပါတယ်၊ အဲ့တာကပဲ သူတို့ကို လှုပ်ခါလိုက်သလို ဖြစ်လာခဲ့တယ်။ အဲ့နောက်ပိုင်း သူတို့က လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့တယ်။

သိပ်ကောင်းတဲ့ မန်နေဂျာရှိတယ်။ အင့်ရဲ့ အရေးပါမှု၊ သူ့ရဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု လုပ်နိုင်ခြင်းတွေကိုလည်း မြင်နိုင်ပါတယ်။ ဟုတ်ပါတယ် အင့်က သူတို့ရဲ့ နံပါတ် ၉ ဖြစ်သလို အရေးကြီးဆုံး တိုက်စစ်သမားဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။

ကွင်းလယ်မှာ ဝတ်ပရောက်စ်၊ အမ်းစထရောင်းတို့ကလည်း သိပ်ကောင်းတယ်။ သူတို့ ခံစစ်ကလည်း အတော်လေး ကျစ်လစ်ပါတယ်။ သူတို့က ခံစစ်မှာ clean sheets တွေလည်း ရနေတာပါ။ သူတို့က ရင်ဆိုင်ရ ခက်ခဲတဲ့အသင်းဖြစ်ပြီး ခက်ခဲတဲ့ ပြိုင်ဘက်လည်း ဖြစ်ပါတယ်။

အခြားသော ပွဲတွေလိုပဲ ဒီပွဲမှာ ကျနေ်ာတို့ အကောင်းဆုံးတွေ လုပ်ပြနိုင်ဖို့ လိုပါတယ်။ အနိုင်ရမယ်လို့လည်း မျှော်လင့်ထားတယ်။ ကောင်းမွန်တဲ့ရလဒ် ရယူနိုင်ဖို့လည်း မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ရိုဘိုက ဟက္ဆန္ဟက္ရဲ႕ အသင္းနဲ႔ ရင္ဆိုင္ရာမွာ အသင္းေဖာ္ေဟာင္း ဒန္နီအင့္က ဂရုစိုက္ရမယ့္ ကစားသမားလို႔ ျမင္ပါတယ္။

ဒါေပမယ့္လို႔ ရိုဘိုက လက္စတာကို အရွက္တကြဲ အေရးနိမ့္အျပီး စိန္႔ဟာ လိဂ္ရဲ႕ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းအျဖစ္ ေတာက္ပလာမႈကို သတိေပးခဲ့တယ္။ စိန္႔မွာ ကြင္းလယ္နဲ႔ ခံစစ္သမားေကာင္းေတြလည္း ရွိထားျပီး ပြဲခ်ိန္ျပည့္ အာရံုစိုက္မွပဲ ရလဒ္ေကာင္းကို ရယူႏုိင္မယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းခ့ဲပါတယ္။

ရိုဘိုက ” ေဆာက္သမ္တန္တို႔ လက္စတာကို ၉-၀ နဲ႔ အေရးနိမ့္ျပီးေနာက္ပိုင္း သူတို႔ပြဲေတြကို စၾကည့္တယ္လို႔ ေျပာလို႔ ရပါတယ္။ အဲ့ေနာက္ပိုင္း သူတို႔ တကယ္ကို တိုးတက္လာခဲ့တယ္။

လူအမ်ားအျပားက ရမွတ္နဲ႔ပက္သက္ျပီး စိုးရိမ္လာၾကတယ္လို႔ ထင္ပါတယ္၊ အဲ့တာကပဲ သူတို႔ကို လႈပ္ခါလိုက္သလို ျဖစ္လာခဲ့တယ္။ အဲ့ေနာက္ပိုင္း သူတို႔က လိဂ္ရဲ႕ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္း ျဖစ္လာခဲ့တယ္။

သိပ္ေကာင္းတဲ့ မန္ေနဂ်ာရွိတယ္။ အင့္ရဲ႕ အေရးပါမႈ၊ သူ႔ရဲ႕ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ လုပ္ႏုိင္ျခင္းေတြကိုလည္း ျမင္ႏုိင္ပါတယ္။ ဟုတ္ပါတယ္ အင့္က သူတို႔ရဲ႕ နံပါတ္ ၉ ျဖစ္သလို အေရးၾကီးဆံုး တိုက္စစ္သမားျဖစ္တယ္။ ဒါေပမယ့္ သူတို႔မွာ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။

ကြင္းလယ္မွာ ဝတ္ပေရာက္စ္၊ အမ္းစထေရာင္းတို႔ကလည္း သိပ္ေကာင္းတယ္။ သူတို႔ ခံစစ္ကလည္း အေတာ္ေလး က်စ္လစ္ပါတယ္။ သူတို႔က ခံစစ္မွာ clean sheets ေတြလည္း ရေနတာပါ။ သူတို႔က ရင္ဆိုင္ရ ခက္ခဲတဲ့အသင္းျဖစ္ျပီး ခက္ခဲတဲ့ ျပိဳင္ဘက္လည္း ျဖစ္ပါတယ္။

အျခားေသာ ပြဲေတြလိုပဲ ဒီပြဲမွာ က်ေန္ာတို႔ အေကာင္းဆံုးေတြ လုပ္ျပႏုိင္ဖို႔ လိုပါတယ္။ အႏုိင္ရမယ္လို႔လည္း ေမွ်ာ္လင့္ထားတယ္။ ေကာင္းမြန္တဲ့ရလဒ္ ရယူႏုိင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။