Month

August 2022

ဒါဝင်ကို ဘာတွေ သတိပေးခဲ့လဲနဲ့ ဒါဝင်ထံက ဘယ်လို တုန့်ပြန်လာသလဲ ကလော့ပ် ပြော

ပဲလေစ့်ပွဲဖြစ်ရပ်အတွက် ဒါဝင် နူးညက်စ်နဲ့ စကားတွေ ပြောခဲ့တဲ့အကြောင်းကို နည်းပြ ကလော့ပ်က ထုတ်ပြောလာခဲ့ပါတယ်။ ပဲလေစ့်ပွဲတုန်းက ရူးမိုက်တဲ့ စိတ်လိုလက်ရ လုပ်ဆောင်မှုမျိုးဟာ မလုပ်သင့်ကြောင်း ကလော့ပ်က သတိပေးခဲ့သလို ဒါဝင်ကလည်း သူမှားခဲ့တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။ ကိစ္စတွေ အားလုံးက ပြီးခဲ့ပြီမို့ အမှားတွေ ထပ်မဖြစ်ဖို့နဲ့ အကောင်းဆုံး ပြန်ရုန်းထနိုင်ဖို့ပဲ တာဆူသွားကြပါတော့မယ်။ ” ဒါဝင်နဲ့ စကားပြောခဲ့ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို သူတုန့်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ပေါ့။ သူက သူ့ဘာသာလည်း အရမ်းကိာ စိတ်ပျက်နေတယ်။ အဲ့တာက ဖြစ်ပြီးသွားပါပြီ။ ကျနော်တို့… Continue Reading →

ယူနိုက်တက်ကို လျော့တွက်နေမယ့် သူတွေကို သတိပေးလာတဲ့ နည်းပြကလော့ပ်

လီဗာပူးအသင်းဟာ မနှစ်ကရာသီ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေအတွင်း အိုးထရတ်ဖိုဒ့်မှာ ၅-၀ နဲ့ အနိုင်ရခဲ့ပြီး အန်ဖီးကွင်းမှာ ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ မနှစ်ကရာသီ ဘယ်လိုရလဒ် ထွက်ခဲ့တယ်ဆိုတာက ဒီရာသီနဲ့ သက်ဆိုင်ခြင်း မရှိဘဲ နည်းပြတန်ဟက်ရဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာက သီးခြား စိန်ခေါ်မှုပဲ ဖြစ်တယ်လို့ ပြောပါတယ်။ “ အရင်နှစ်ရာသီ ရလဒ်ကောင်းနှစ်ခု ရချိန်တည်းက ဒီရလဒ်တွေဟာ နောက်နှစ်အတွက် အကူအညီဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒီပွဲတွေကတော့ ဒီလိုချည်းပါပဲ ”… Continue Reading →

ယူနိုက်တက်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ လီဗာပူး ကစားသမားတွေရဲ့ အခြေအနေကို ကလော့ပ် ပြော

လီဗာပူးရဲ့ လေ့ကျင့်ရေးမှာ ဖာမင်နိုကို ပြန်တွေ့နေရသလို ဘရာဇီးသားဟာ အသင်းရဲ့ ပွဲကြို ပြင်ဆင်မှုတွေမှာ ပါဝင်လာကြောင်းကို ကလော့ပ်က ဝန်ခံလိုက်ပါတယ်။ ဂျိုတာ ဒဏ်ရာရနေသလို နူးညက်စ် ၃ ပွဲပယ်ခံထားရချိန်မှာ လီဗာပူးအသင်းအတွက် တိုက်စစ်မှူးနေရာက ပွဲထွက်ပေးမယ့်သူ မရှိဘူး ဖြစ်နေတာပါ။ ဖာမင်နိုက ဒဏ်ရာအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပဲလေစ့်ပွဲမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ပုံမှန်အတိုင်း လေ့ကျင့်ရေး ပြန်ဝင်နေပါပြီ။ ကလော့ပ်က ” ဘော်ဘီ လေ့ကျင့်ရေးဆင်းနေပါတယ်။ ပုံမှန်အတိုင်းပါပဲ။ သူအဆင်သင့်ဖြစ်နေပါပြီ ” လို့ တိုက်စစ်မှူး ဘော်ဘီ ဖာမင်နို… Continue Reading →

ပရီးမီးယားလိဂ် ခံစစ်မှူးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဒါဝင်ကို အကြံပေးလိုက်တဲ့ ဆွာရက်စ်

ဥရုဂွေးတိုက်စစ်သမား လူးဝစ် ဆွာရက်စ်က တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဒါဝင် နူးညက်စ်အတွက် စကားလက်ဆောင် ပါးခဲ့ပါတယ်။ ဆွာရက်စ်ဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝမှာ ပြိုင်ဘက် ခံစစ်မှူးတိုင်းရဲ့ အိပ်မက်ဆိုး ဖြစ်ခဲ့သူပါ။ နိုင်ပွဲအတွက်ဆိုရင် ဂိုးထဲဝင်မယ့် ဘောလုံးကို လက်နဲ့ ပုပ်တဲ့ထိ လုပ်ခဲ့ဖူးတဲ့ ဆွာရက်စ်ဟာ အင်္ဂလန်မီဒီယာတွေအကြောင်းနဲ့ အင်္ဂလန်ဘောလုံးလောက အကြောင်းကို ကောင်းကောင်းသိသူဖြစ်ပါတယ်။ ဒီကစလို့ အနာဂတ်မှာ ပြိုင်ဘက်ကစားသမားတွေက ဒါဝင် နူးညက်စ်ကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာတော့မှာမို့ ဒါတွေကို ရင်ဆိုင် ကျော်ဖြတ်ရေး အာရုံစိုက်ပါလို့ ဆွာရက်စ်က သတိပေးခဲ့တယ်။… Continue Reading →

ကလော့ပ်ရဲ့ စကားတစ်ခွန်းကြောင့် ကိတ်တာကို အသင်းက ထွက်စေချင်တဲ့ လီဗာပူးပရိသတ်တွေ များပြားလား

လီဗာပူးနဲ့ ကိတ်တာတို့ရဲ့ စာချုပ်သစ်ကိစ္စ စကားပြောမှုတွေ အဆင်မပြေ ဖြစ်လာခဲ့တာနဲ့အတူ ဒီနွေဈေးကွက်မှာ ကွင်းလယ်လူသစ် ထပ်ပြီး ခေါ်ယူမလားဆိုတဲ့ မျှော်လင့်ချက်တွေဟာ အသင်းပရိသတ်တွေကြားမှာ ရေပန်းစားလာပါတယ်။ အသက် ၂၇ နှစ်အရွယ် ကိတ်တာဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိနေတာပါ။ ဒီလထဲမှာပဲ သူနဲ့ စာချုပ်သစ်ကိစ္စ စကားပြောရာမှာ အဆင်မပြေမှုတွေ ရှိလာတယ်လို့ သိရတာဖြစ်တယ်။ ကိတ်တာက သီယေဂို၊ ချိန်ဘာလိန်တို့နဲ့ မသက်ဆိုင်ပါဘဲ လီဗာပူးမှာ မပျော်ရွှင်ဖြစ်နေတယ်လို့ သိရတယ်။ ဆိုလိုတာကတော့ ကာဗာရို၊ ဟာဗေးတို့ ပွဲထွက်ခွင့်တွေ ပိုရလာခြင်းနဲ့အတူ… Continue Reading →

ကမ္ဘာတန်ကြေးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်းထဲ ပါဝင်သွားတဲ့ ဒီယက်စ်

တိုက်စစ်သမား လူးဝစ် ဒီယက်စ်ဟာ ကမ္ဘာ ဈေးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်းထဲကို ဝင်ရောက်နိုင်တဲ့ တစ်ဦးတည်းသော လီဗာပူးအသင်းသား ဖြစ်လာခဲ့ပါတယ်။ CIES Football Observatory ကနေပြီး ကမ္ဘာဈေးအကြီးဆုံး ကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ရာမှာ ဒါကို မြင်လာရတာပါ။ ၎င်းတို့ရဲ့ တွက်ချက်မှုက ကစားသမားတွေရဲ့ အသက်အရွယ်၊ သူတို့ရဲ့ လက်ရှိကလပ်မှ စာချုပ်၊ စွမ်းဆောင်ရည်၊ ကလပ်တွေရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ အချက်ပေါင်း များစွာအပေါ် အခြေခံ တွက်ချက်တာပါ။ ဇန်နဝါရီတုန်းကတော့ လီဗာပူးရဲ့… Continue Reading →

သြစတြီးယား ရာသီကြိုမှာ Bruno Mars နာမည်ပြောင်ကို ငြင်းဆန်ခဲ့တဲ့ ကာဗာရို

ဖေဘီယို ကာဗာရိုဟာ လီဗာပူးကို ရောက်လာပြီးနောက် သူရခဲ့တဲ့ ‘ဘရူနိုမားစ်’ ဆိုတဲ့ နာမည်ပြောင်ကို လက်မခံပေမယ့် ရာသီကြိုမှာ သူ့ရဲ့ မိတ်ဆက်သီချင်းကိုဆိုတော့ ဘရူနိုမားစ် သီချင်းကို ရွေးချယ်ခဲ့ပါတယ်။ ဖူလ်ဟမ်ကနေ ပေါင် ၇.၇ သန်းနဲ့ ပြောင်းလာတဲ့ ကာဗာရိုဟာ ဒီရာသီ အန်ဖီးရဲ့ ကစားသမားသစ် သုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒါကြောင့်ပဲ အစဉ်အလာတွေအတိုင်း ဩစတြီးယားမှာတုန်းက အသင်းဖော်သစ်တွေနဲ့ ဝန်ထမ်းတွေရှေ့မှာ သီချင်းတစ်ပုဒ် ဆိုပြခဲ့ရပါတယ်။ “ ကျွန်တော် ဒီကိုရောက်လာတော့ အသင်းဖော်တွေပေးတဲ့ နာမည်ပြောင်က ဘရူနိုမားစ်တဲ့။ ကျွန်တော်… Continue Reading →

ကလောပ့် လက်ထက် အနီကဒ်နဲ့အတူ ကွင်းထဲက ထွက်ရဖူးတဲ့ လီဗာပူး အသင်းသား (၈) ဦး

ဒါဝင် နူးညက်စ် တိုက်ရိုက် အနီကဒ် ထိခဲ့တဲ့ ပဲလေစ့်ပွဲကိုပါ ထည့်သွက်မယ်ဆိုင် လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်ထက်မှာ မတူညီတဲ့ ကစားသမား ၈ ဦးနဲ့ အနီကဒ် ၉ ကြိမ် ရခဲ့ဖူးပါတယ်။ အချို့က တိုက်ရိုက် အနီကဒ်ဖြစ်ပြီး များသောအားဖြင့်ကတော့ ၂ ဝါ ၁ နီတွေဖြစ်ပါတယ်။ ကလော့ပ် နည်းပြဖြစ်လာပြီးနောက် လီဗာပူး ရရှိခဲ့တဲ့ စုစုပေါင်း အနီကဒ် ၉ ကြိမ်အကြောင်းကို ကြည့်လိုက်ရအောင်။ ဂျိမ်းစ်မီနာ VS ခရစ္စတယ်ပဲလေ့စ် – မတ်… Continue Reading →

နူးညက်စ်သာ ဆံပင်သွားဆွဲရင် အနီကဒ်ပြခံရမှာ မဟုတ်ဘူးလို့ NBA ကြယ်ပွင့် ပြော

လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်စ်က ပဲလေစ့်ခံစစ်မှူး အန်ဒါဆန်ကို တွန်းတိုက်လို့ အနီကဒ် ရခဲ့တာဖြစ်ပြီး ဆံပင် ဆောင့်ဆွဲခဲ့ရင် အဲ့ပြစ်ဒဏ် ပေးခံရမှာ မဟုတ်ပါဘူးလို့ Josh Hart က ထုတ်ပြောခဲ့ပါတယ်။ NBA ကြယ်ပွင့် Josh Hart က တွစ်တာကတစ်ဆင့် ” ပရီးမီးယားလိဂ်မှာက ဆံပင် ဆောင့်ဆွဲလို့ရပါတယ်။ နူးညက်စ်က ဆံပင် ဆောင့်ဆွဲခဲ့ရမှာ အဲ့ဆို သူလည်း အနီကဒ်ရမှာ မဟုတ်ဘူး ” ဆိုကာ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!