Month

August 2022

ဖာမင်နို၊ ဂိုးမက်စ်တို့ ပါဝင်လာမယ့် ယူနိုက်တက်ပွဲအတွက် ခန့်မှန်း ပွဲထွက် လူစာရင်း

ဒီကနေ့ည မြန်မာစံတော်ချိန် ၁း၃၀ နာရီမှာတော့ အိုးထရတ်ဖိုဒ့်ကွင်းမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီရာသီစ နိုင်ပွဲမရသေးတဲ့ နှစ်သင်း၊ ဖိအားကြီးတွေ စတင်ရှိလာနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပါတယ်။ လီဗာပူးအတွက်က ဆုဖလား မျှော်မှန်းဖို့ဆိုရင် ဒီပွဲမှာ အနိုင် ၃ မှတ် ယူကို ယူရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ရာသီစ ၃ ပွဲလုံးကို အရှုံး၊ မဟာပြိုင်ဘက်ကို အိမ်ကွင်းမှာ အရှုံးဆိုတာကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ မျှော်လင့်ထားတာထက် အကျိတ်အနယ် ဖြစ်သွားနိုင်တဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။… Continue Reading →

ဒီအပတ် အက်ဆာလေ့ကျင့်ရေးမှာ မြင်ရတဲ့ လီဗာပူး အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေ

လီဗာပူးဟာ တနင်္လာနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဒီရာသီ ကလပ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရယူဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ရာသီအဖွင့် ၂ ပွဲလုံး သရေကျခဲ့တဲ့ လီဗာပူးဟာ အသင်းနည်းတူ နိုင်ပွဲမရသေးတဲ့ ခါးသီး ပြိုင်ဘက်တွေထံ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့မတိုင်ခင် ကြာသပတေး၊ သောကြာ၊ စနေနေ့တွေအတွင်း လီဗာပူးရဲ့ ခါဘီမှာတော့ အပြောင်းအလဲ အနည်းငယ်ကလွဲလို့ လူစုံနေခဲ့ပါတယ်။ ဗန်ဒိုက်အခြေအနေ စိုးရိမ်စရာမရှိ ဆိုရှယ်မီဒီယာဟာ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ မြန်မြန် ပျံ့နှံ့သွားနိုင်တဲ့… Continue Reading →

ယူနိုက်တက်ရဲ့ တစ်ဦးချင်း ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကို စိတ်ပူကြောင်း ကလော့ပ် ပြော

နည်းပြကလော့ပ်က ဒီအပတ် အင်္ဂလန်ဒါဘီ ပွဲကြိုမှာ ယူနိုက်တက်တို့ ပိုင်ဆိုင်ထားတဲ့ လူစာရင်းထဲက တစ်ဦးချင်း ကောင်းမွန်မှုတွေအပေါ် သတိထားရမယ်လို့ မှတ်ချက်ပေးစကား ပြောဆိုပါတယ်။ တန်ဟက်ဟာ သူ့အသင်းကို သူ့စိတ်ကြိုက် အရှိန်အဟုန်ပြင်းပြင်း ကစားပုံမှာ သွပ်သွင်းဖို့ ရုန်းကန်ခဲ့ရပြီး ရာသီကြိုမှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ၂ ပွဲမှာ ၂ပွဲရှုံးနိမ့်ခဲ့တာက အပြောင်းအလဲလုပ်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သက်သေပြခဲ့တာပါ။ ဒါပေမယ့်လို့ ယူနိုက်တက်မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများအပြား ရှိနေပြီး အသင်းလိုက် စုဖွဲ့မှု… Continue Reading →

ဒီနွေမှာ သူအားနည်းတဲ့ ဘောလုံးစကေးပိုင်း တစ်ခုကို အထူးလေ့ကျင့်ထားခဲ့တဲ့ ဆာလာ

ဒီနွေမှာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဆာလာဟာ မတူညီတဲ့ အရည်အချင်းတွေမှာ ဆက်လက် တိုးတက်လာနေတယ်လို့ ကလော့ပ်က ပြောပြလာခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဆာလာဟာ ဘယ်သန် ကစားသမား တစ်ဦးဖြစ်ပြီး ဒီရာသီမှာတော့ ညာခြေကိုလည်း ပိုပြီး အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ကလော့ပ်ကပဲ ဆာလာရဲ့ ညာခြေက ဖြတ်တင်ဘောကောင်းတွေတောင် လုပ်နိုင်နေတယ်လို့ ဆိုခဲ့တာကြောင့်ပါ။ ဆာလာထံက ညာခြေကို အသုံးပြုတဲ့ ဖြတ်တင်ဘောကို မြင်နေရခြင်းကို ကလော့ပ်က သဘောကျနေပြီး… Continue Reading →

ယူနိုက်တက်ပွဲကို လုံးဝ ရွှေ့ဆိုင်းမခံကြောင်းနဲ့ ပွဲဖျက်ရင် ၃ မှတ် ပေးရမယ်လို့ ကလော့ပ် သတိပေး

ဒီအပတ် အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်ပွဲကို ပြိုင်ဘက် ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ပွဲပျက်ရမယ်ဆိုရင် အနိုင်သုံးမှတ် ပေးရပါလိမ့်မယ်လို့ ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။ ဒီပွဲအတွက် နှစ်သင်းလုံး ပြင်ဆင်ချိန် တစ်ပတ်အပြည့် ရထားပေမယ့်လို့ အိုးထရတ်ဖိုဒ့်မှာ သရဲနီပရိသတ် ၁၀၀၀၀ ကျော်က ဆန္ဒပြဖို့ ပြင်ဆင်နေတာကြောင့် ပွဲကစားနိုင်မယ် အာမခံချက် မရှိပါဘူး။ မနှစ်ကရာသီ မတိုင်ခင် ဘောလုံးရာသီတုန်းကလည်း တူညီတဲ့ ဆန္ဒပြပွဲကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရသေးတာပါ။ ပွဲကို ရွှေ့ဆိုင်းလိုက်မယ်ဆိုင် လီဗာပူးရဲ့ ပွဲစဉ်ဇယားက အတော်လေး ရှုပ်ထွေးသွားနိုင်ပြီး ပွဲကြပ်ကာလမှာ… Continue Reading →

လီဗာပူးပရိသတ်တွေကြားမှာ ဘာလို့ Moises Caicedo ရဲ့ နာမည်က trending ဖြစ်နေရသလဲ

ကုန်ခဲ့တဲ့ ၂၄ နာရီအတွင်း လီဗာပူးပရိသတ်တွေကြားမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ နာမည်က အတော်လေး ရေပန်းစားလာနေခဲ့ပါတယ်။ အကြောင်းကတော့ အီကွေဒေါ သတင်းဌာနက သတင်းထောက် Jose Alberto Molestina ကနေပြီး လီဗာပူးအသင်းဟာ အသက် ၂၀ နှစ်အရွယ် အီကွေဒေါ ကွင်းလယ်လူကို ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းကို ကြေညာသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ လီဗာပူးဘက်က ဘရိုက်တန် ကွင်းလယ်လူအတွက် ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းမယ်လို့ အဆိုပါ သတင်းထောက်က ဖော်ပြခဲ့တယ်။… Continue Reading →

ကိတ်တာနေရာ အစားထိုးဖို့ လီဗာပူးက ဆန်ဒါဘာ့ချ်ကို ခေါ်ယူမယ့် သတင်းကို Neil Jones တုန့်ပြန်

နွေဈေးကွက် လက်ကျန်ကာလမှာ ကွင်းလယ်လူ နာဘီကိတ်တာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် လီဗာပူးအသင်း ပြန်လည် ခေါ်ယူမယ့် ကစားသမားက ဆန်ဒါဘာ့ချ်ဖြစ်လာနိုင်တယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ အသက် ၂၄ နှစ်အရွယ် နော်ဝေသား ကွင်းလယ်လူဟာ လက်ရှိ ရှက်ဖီး ယူနိုက်တက်မှာ ကစားနေတာဖြစ်ပြီး လီဗာပူးအသင်း ခေါ်ယူဖို့ အလားအလာရှိသူ စာရင်းထဲ ပါဝင်လာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အပြောင်းအရွှေ့က ဖြစ်လာဖွယ် မရှိကြောင်း Neil Jones က ဆိုခဲ့ပါတယ်။ လီဗာပူးသတင်းထောက် Neil Jones… Continue Reading →

ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အသင်း ရှောင်လွဲနိုင်ရမယ့် ကိစ္စကို သတိပေးလာတဲ့ ဆာလာ

ဒီရာသီမှာ လီဗာပူးအသင်းက ထိပ်ဆုံးနေရာအတွက် ထပ်မံတိုက်ပွဲဝင်ရမယ်လို့ အများက မျှော်လင့်ထားပေမယ့် နှစ်ပွဲကစားအပြီး နှစ်မှတ်သာ ရခဲ့တဲ့ လီဗာပူးဟာ မန်စီးတီးနဲ့ ၄ မှတ် ကွာဟခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး လေးရာသီအတွင်း ပရီးမီးယားလိဂ် ထိပ်ဆုံး ၂ သင်းနေရာကို ၃ ကြိမ် ရယူခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးဟာ ထပ်မံပြီး ဆုဖလားအတွက် တိုက်ပွဲဝင်ဖို့ မျှော်လင့်ခံထားရတာပါ။ လီဗာပူးဟာ မကြာခင်မှာ အရှိန်မြင့်လာရမှာဖြစ်ပြီး ဖလားပြိုင်ဘက်တွေရဲ့နောက်ကို ထပ်ကျန်ခဲ့လို့ မရတော့ဘူးဆိုတာ ဆာလာက သိထားတာပါ။ လီဗာပူးရဲ့ သရေနှစ်ပွဲက… Continue Reading →

ပရီးမီးယားလိဂ် တာထွက်မှာ လီဗာပူးကို ရုန်းကန်နေရစေတဲ့ နည်းစနစ်ပိုင်း ယိုပေါက်ကို လေ့လာကြည့်ခြင်း

ဒီရာသီမှာ လီဗာပူးအတွက် ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ရာသီအစမှာ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားရမှာဖြစ်လို့ မနှစ်ကအဆင့် ၂ ရခဲ့တဲ့ အသင်းက မခက်ခဲဘဲ နိုင်ပွဲတွေရလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် တကယ်တမ်းမှာ နှစ်ပွဲလုံး သရေသာ ကျခဲ့ပါတယ်။ ပဲလေ့စ်နဲ့ အန်ဖီးကပွဲမှာ ဒါဝင် ထုတ်ပယ်ခံခဲ့ရတဲ့နောက် ဒီယက်စ်က လီဗာပူးအတွက် သရေတစ်မှတ်ရအောင် ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဝင် ထုတ်ပယ်ခံခဲ့ရတာဟာ လီဗာပူးတို့ ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးထားခဲ့တဲ့ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပွဲကို လွှမ်းမိုးထားနိုင်ပေမယ့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!