Author

Admin

အန်းဖီးကွင်းကို သွားတာ အနိုင်ကန်ဖို့ သွားမှာ လို့ ပွဲကြို စိန်ခေါ်သံပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက် နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ အန်ဖီးကွင်းမှာ မနှစ်တုန်းက ၇-၀ နဲ့ ရှုံးခဲ့သလို ဒီရာသီမှာ ထပ်အဖြစ်ခံမှာ မဟုတ်ကြောင်း ပွဲကြို ရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။ တနင်္ဂနွေည အန်းဖီးမှာ ကစားမယ့် ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက ပြီးခဲ့တဲ့ ရာသီက ၇ ဂိုးပြတ် ရလဒ်ကို ထည့်သွင်း မေးခွန်းထုတ်ခဲ့တာပါ။ တန်ဟက်က ” အဲ့ဒီ ရလဒ်က မနှစ်တုန်းကပါ၊ အတိတ်မှာလည်း ကျန်ခဲ့ပါပြီ။ အတိတ်ကို ဘာမှ… Continue Reading →

လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲမှာ လီဗာပူး လိုချင်လောက်စရာ ကစားသမား တစ်ယောက်လောက်ပဲ ရှိမယ် ဆိုလာသူ

ဒီ တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကြမယ့် လီဗာပူးနဲ့ ယူနိုက်တက် အသင်းတို့ရဲ့ ကစားသမား ၂၂ ဦးထဲမှာ အကောင်းဆုံး ၁၁ ဦးဟာ လီဗာပူး အသင်းသားတွေချည်းပါပဲ ဖြစ်မယ် လို့ ဂရေမီ ဆောင်းနက်က ထုတ်ပြောလာပါတယ်။ ပရီးမီးယားလိဂ် ဝေဖန်ရေးသမားဖြစ်သူ ဆောင်းနက်ကတော့ လီဗာပူးမှာ ကစားဖို့ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ယူနိုက်တက် ကစားသမားဆိုလို တစ်ဦးတည်း ရှိကြောင်းကို အခုလို ထုတ်ပြောခဲ့ပါတယ်။ ဂရေမီ ဆောင်းနက်က ” တနင်္ဂနွေနေ့ပွဲကတော့ ၇-၀ ရလဒ် ဖြစ်လာမှာ… Continue Reading →

ပေါင် သန်း ၁ဝဝ ကျော်တန် ကစားသမား နှစ်ဦးကိုမှ ကွင်းလယ်နဲ့ တိုက်စစ် ပစ်မှတ်တွေ အဖြစ် ချိန်နေတဲ့ အာဆင်နယ်

ဘောလုံး သုံးသပ်သူ အများစု က အာဆင်နယ်မှာ တိုက်စစ်ပိုင်း အားနည်းချက်ရှိတယ်လို့ ဖော်ပြနေပေမယ့် နည်းပြ အာတီတာကတော့ ကွင်းလယ်ကို အင်အားဖြည့်ဖို့ အလိုရှိနေပါတယ်။ အာဆင်နယ် ကွင်းလယ်မှာ ပါတေး ဒဏ်ရာရနေသလို အသ်ငးခေါင်းဆောင် အိုဒီဂတ် ခြေစွမ်း ကျဆင်းတာမျိုး ဖြစ်နေတာကြောင့် အာတီတာ ကွင်းလယ်လူသစ် တစ်ဦး ထပ်ဖြည့်လိုနေဟန် ရှိပါတယ်။ တိုက်စစ်ဘက်မှာတော့ အာဆင်နယ်၊ ချယ်ဆီးတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အိုဆင်ဟမ် ကို နာပိုလီက စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၁၂ သန်းထိ… Continue Reading →

မန်ချက်စတာ ယူနိုက်တက်နဲ့ မတွေ့ခင် ယူရိုပါလိဂ်မှာ ရှုံးပွဲတွေ့သွားတဲ့ ကလော့ပ်ရဲ့ လီဗာပူးအသင်း

ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် မနေ့ညက ဘယ်ဂျီယံကလပ် ယူနီယံစိန့်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ထိုပွဲ ရလဒ်ဟာ အရေးမပါတော့ဘဲ လီဗာပူးအသင်းက ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားပါတယ်။ ဒီပွဲပြီးရင် ယူနိုက်တက်နဲ့ အမှတ်ပေးပွဲရှိနေတာကြောင့် နည်းပြကလော့ပ်ဟာ အဓိက ကစားသမား အားလုံးနီးပါးကို အနားပေးပြီး ရှိသမျှ လူငယ်တွေကိုပဲ ပွဲထုတ်သွားခဲ့ကာ ဒဏ်ရာပြဿနာ ရှောင်ရှားဖို့ စီမံသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး ပွဲထွက်လူစာရင်း… Continue Reading →

မန်ယူနဲ့ နယူးကာဆယ်တို့ကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဥရောပမှာ မျက်နှာပန်း မလှဘဲ အဆင့်လျောကျ

၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်ခွာရခြင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအား အထိနာလာစေဖို့ ရှိနေပါတယ်။ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့်ရာသီ စနစ်သစ်ဖြင့် ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာမှာပါ။ လာမယ့်ရာသီကစလို့ ချန်ပီယံလိဂ်ကို ၄ သင်း ထပ်တိုးပြီး စုစုပေါင်း ကလပ်ပေါင်း ၃၆ သင်းထိ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေကတော့ UEFA coefficient တွက်ချက်မှုမှာ… Continue Reading →

ဘာပေရဲ့ ပီအက်စ်ဂျီ အပါအဝင် အာဆင်နယ် အသင်း ချန်ပီယံလိဂ် ရှုံးထွက်မှာ တွေ့ရနိုင်တဲ့ ပြိုင်ဘက် အသင်းများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲတွေ ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက် အဆင့် တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စုတွင်းမှာ အုပ်စုဗိုလ်နေရာကနေ ရှုံးထွက်ကို တက်ရောက်ခဲ့ကာ PSV ကတော့ အုပ်စု ဒုတိယဖြင့် ရှုံးထွက်ကို တက်ရောက်လာခဲ့ပါတယ်။ အုပ်စု တတိယနေရာက လန့်စ်အသင်းကတော့ ယူရိုပါလိဂ်ဆင်းကာ play-off ကစားရမှာဖြစ်ပြီး ဆီးဗီးလာ ကတော့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စု ဒုတိယနေရာက… Continue Reading →

ချန်ပီယံလိဂ် အုပ်စုပွဲတွေ အကုန်ပြီးစီးလို့ ၁၆ သင်း ရှုံးထွက် အဆင့် တက်တဲ့ ကလပ်အသင်းတွေ ထွက်ပေါ်လာပါပြီ

ဒီနှစ် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေက ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက်ကို တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်းလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီဟာ စနစ်ဟောင်းဖြင့် ယှဉ်ပြိုင်တဲ့ နောက်ဆုံး ဘောလုံးရာသီဖြစ်ကာ ကလပ်ပေါင်း ၃၆ သင်းက အုပ်စု အဆင့်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုဗိုလ်အဖြစ် ၈ သင်း၊ အုပ်စု ဒုတိယအဖြစ် ၈ သင်းတို့ဟာ နောက်အဆင့်ကို တက်ရောက်သွားခဲ့တယ်။ အုပ်စု တတိယနေရာက ၈ သင်းကတော့… Continue Reading →

ရိုက်စ်ကို နေရာပြောင်း ကစားခိုင်းပြီး သူ့ အကွက်သူ ပြန် ကြွေနေတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ တက်ဖို့ သေချာပြီးတဲ့နောက် ကြားရက်က အုပ်စု နောက်ဆုံးပွဲ PSV နဲ့ ပွဲကို သက်တောင့်သက်သာ ကစားကာ ၁-၁ သရေ ရလဒ် ထွက်ပေါ်စေ ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ အာတီတာက ဗဟိုခံစစ် နေရာက ဆာလီဘာနဲ့ ဂါဘရီရယ်ကို တွဲကာ ပုံမှန်လို ပွဲထုတ် ခဲ့ပေမယ့် ပွဲ ပြီးခါနီး နောက်ဆုံး မိနစ် ၃ဝ လောက်မှာ ဒီကလန်ရိုက်စ် အား ဗဟိုခံစစ်… Continue Reading →

ပရီးမီးယားလိဂ်မှာ ဒိုင်တွေကို ပြန်လှန် ပြောဆို အတိုက်အခံလုပ်တဲ့ နည်းပြတွေအား မလှုပ်ရဲအောင် အပြစ်ပေးဖို့ ဒိုင်လူကြီးဟောင်း လှုံ့ဆော်

ပရီးမီးယားလိဂ်မှာ ဒိုင်တွေကို ဖိအားပေး ဝေဖန် ပြောဆိုပြုမူနေကြတဲ့ အသင်း နည်းပြတွေက အပြစ်ပေးခံရလည်း အေးဆေး ဖြစ်နေတဲ့ အပေါ် ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာ ဝေါ်လ်တန်ကတော့ မကျေနပ်နိုင် ဖြစ်နေပါတယ်။ ဝေါ်လ်တန်ကတော့ ပရီးမီးယားလိဂ်မှာ အာတီတာနဲ့ ယာဂင်ကလော့ပ် တို့လို ဒိုင်တွေကို ဖိအားပေး ပြောဆိုတဲ့ နည်းပြတွေ အပေါ် အခုထက် ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။ ဒီလို ပြောဆိုမှုဟာ တူရကီလိဂ်မှာ ဒိုင်လူကြီး Halil… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!