Category

Daily News

မက်ဆီ၊ နေမာ၊ ဗာရက်တီလို နာမည်ကြီး ကစားသမားတွေ ပါဝင်လာတဲ့ အပြောင်းအရွှေ့ သတင်းထူးများ

မာတီနက်စ်ဟာ အက်စတွန်ဗီလာမှာ သူနဲ့အတူ လီယွန်နယ် မက်ဆီကို လာကစားစေချင်ပြီး မက်ဆီသာ လာမယ် ဆိုရင် သူ့ရဲ့ လစာကို လျှော့ယူဖို့တောင် ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ မက်အယ်လစ်စတာဟာ ဘရိုက်တန်မှာ ပျော်ရွှင်နေပြီး ကလပ်ကလည်း နောက်ရာသီမှာ သူ့ကို ဆက်ထိန်းထားချင်တယ်လို့ အမှုဆောင်ချုပ် ပေါလ်ဘာဘာက ပြောဆိုခဲ့ပါတယ်။ အေဂျက်နောက်ခံလူ ဂျာရီယန် တင်ဘာဟာ မနှစ်က မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ရဖို့ နီးစပ်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် အေဂျက်မှာ နောက်တစ်ရာသီ ဆက်နေဖို့ ရွေးချယ်ခဲ့သလို အခုလည်း အလားတူ အခြေအနေကို… Continue Reading →

မက်ဆီ နေရာအတွက် ဘာနာဒိုကို ချိန်လာတဲ့ PSG၊ ယူရို သန်း ၁၅၀ တန် ချယ်ဆီးပစ်မှတ်နဲ့ အပြောင်းအရွှေ့ သတင်းထူးများ

လီဗာပူးရဲ့ နွေပစ်မှတ်ထဲမှာ တန်းဆင်းသွားတဲ့ ဆောက်သမ်တန်အသင်းမှ ခံစစ်မှူး ကာလတ်တတ်ကာနဲ့ ကွင်းလယ်လူ ရိုမီရို လာဗီယာတို့ နှစ်ဦးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်အတွက် တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘူးလို့ ဒေါ့မွန် အသင်းဘက်က ထုတ်ပြောလာပါတယ်။ လက်တလောမှာတော့ အမှတ်ပေးလိဂ်ကို အာရုံစိုက်နေပေမယ့် ဒေါ့မွန်ဘက်ကလည်း ဘယ်လင်ဟမ်ကို ဆက်ထိန်းလိုနေဆဲလို့ သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ လိုဆယ်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လို့ စပါးနည်းပြသစ်က အာဂျင်တီးနား ကစားသမားနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်မလဲဆိုတာကို သိရဖို့တော့ အချိန်ပေးရပါလိမ့်မယ်။ ပီအက်စ်ဂျီ… Continue Reading →

ရိုက်စ် ဈေးတက်မှာ စိုးရိမ်နေတဲ့ အာဆင်နယ်၊ ဂလေဇာတို့ ရောင်းမယ့် အဖွဲ့၊ အဆန်စီယို၊ နယ်ဆန်နဲ့ အပြောင်းအရွှေ့ သတင်းများ

ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်ကလပ် များစွာရှိနေတာကြောင့် ၎င်းရဲ့တန်ကြေး ပေါင်သန်း ၁၀၀ ကျော်လွန်သွားမှာကို အာဆင်နယ်ဘက်က စိုးရိမ်နေပါတယ်။ ဂလေဇာတွေဟာ သူတို့ပိုသဘောကျတဲ့ ကမ်းလှမ်းသူအဖြစ် ဆာဂျင်ရတ်ကလစ်ကို ရွေးချယ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ပိုင်ရှင်သစ်လက်ထက်မှာ ဂလေဇာတို့က ရှယ်ယာရှင်တွေ အဖြစ် ဆက်ရှိနေမှာပါ။ အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး မက်ဂူဟီကို ဒီနွေမှာ ပဲလေ့စ်တို့ ရောင်းချမယ်ဆိုရင် အသင်းဟောင်း ချယ်ဆီးဟာ ပေါင် ၁၀… Continue Reading →

လီဗာပူးနဲ့ အန်းဖီး တောင်းဆိုမှု၊ ဒီဂီယာ စာချုပ်သစ်၊ မာနေးနဲ့ ချယ်ဆီး၊ ဖာရန်တောရက်စ် တို့နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဝက်စ်ဟမ်းအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ထွက်ခွင့်ပေးရမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ဘယ်လင်ဟမ် ဈေးလောက်နီးနီး အလိုရှိနေပါတယ်။ ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး အာမက် ဒီယာလို က နောက်ရာသီမှာလည်း ဆန်းဒါးလန်မှာ ထပ်မံ ကစားလိုကြောင်း ဖွင့်ဟလာပါတယ်။ ဒီယာလို က ဒီရာသီ ချန်ပီယံရှစ်ကလပ်မှာ ကစား ခြေစွမ်းပြနေတာပါ။ အန်ဖီးကွင်းကို တိုးချဲ့နေတဲ့ လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အစမှာ ကွင်းအပြီးသတ် ကိစ္စတွေ လုပ်ဆောင်ဖို့ ရှိနေတာကြောင့် ရာသီအဖွင့်ပွဲကို အဝေးကွင်း ကစားခွင့်ပေးဖို့ လိဂ်ကို တောင်းဆိုထားပါတယ်။… Continue Reading →

ဒိုလေးနဲ့ နေမာကို ချိန်လာတဲ့ ကာဆယ်၊ အီလေးဆွဲနေတဲ့ မန်ယူ ကိစ္စ၊ အေးစက်လာတဲ့ ဘိုင်ယန်-အိုဆီမန်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

နယူးကာဆယ် အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နေမာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေကို နည်းပြ အတ်ဒီဟောင်း က မငြင်းဆန်ခဲ့ဘဲ အဖြေရှာဦးမယ်လို့ ထုတ်ပြောသွားပါတယ်။ အက်စ်တွန်ဗီလာအသငျး ဟာ နွေရာသီမှာ ဆိုစီဒက် တောင်ပံကစားသမား ကူဘိုကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ပြိုင်ပွဲစုံ ၈ဂိုးသွင်း၊ ၇ဂိုး ဖန်တီးပေးထားတဲ့ ဂျပန်လက်ရွေးစင် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရိုသန်း ၆၀ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီမှာ လေဗာကူဆင်နောက်ခံလူ ဂျယ်ရမီ ဖရင်ပွန်ကို ခေါ်ယူဖို့ ထပ်မံ စောင့်… Continue Reading →

မန်ယူဘုတ်အဖွဲ့ထံ တန်ဟက် တောင်းဆိုမှု၊ ကလော့ပ်နဲ့ ဒိုင် တီယာနေး ကိစ္စ၊ ရီးရဲလ်ရဲ့ အရေးကြီးပလန်နဲ့ နောက်ဆုံးရ သတင်းထူးများ

လီဗာပူးနဲ့ ဒိုင်လူကြီး တီယာနေးကြား ပြဿနာတွေရှိနေတယ်လို့ ကလော့ပ်ရဲ့ စွပ်စွဲချက်ကို ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အဖွဲ့က တီယာနေးဟာ ပရော်ဖက်ရှင်နယ် ဆန်ဆန် ကိုင်တွယ်ခဲ့သူလို့ တုန့်ပြန်ပါတယ်။ တီယာနေးကို ပြောခဲ့တဲ့ မှတ်ချက်အတွက် ကလော့ပ်ကို အက်ဖ်အေက အရေးယူဖွယ် ရှိပါတယ်။ အက်စတွန်ဗီလာပွဲကြိုမှာ မန်ယူနိုက်တက် ပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာအဖွဲ့ကို ကလပ်ကို အပြီးသတ်ရောင်းပြီး ထွက်သွားကြဖို့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပွဲကို အရေးနိမ့်ပေမယ့် ဘောလုံးကိုင်ခွင့်ရတိုင်း တစ်ကြိမ် ဂိုးရလုဖြစ်ခဲ့တာမို့ စပါးက လီဗာပူးထက် အပုံကြီး ပိုကောင်းတယ်လို့… Continue Reading →

အာဆင်နယ် ဆုဖလားတွေ ရချင်ရင် ဂျေးဆု ကို ရာထူးချဖို့ ချက်ကျလက်ကျ တိုက်တွန်းလာတဲ့ လန်ဒန် သတင်းဌာန

ဘရာဇီးသားတိုက်စစ်မှူး ဂျေးဆုဟာ အာဆင်နယ်ရဲ့ တိုက်စစ်မှာ လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်ခဲ့ပေမယ့် ကာလတိုနဲ့ ကာလရှည်မှာ ဆုဖလားတွေကို အောင်မြင်လိုတယ်ဆိုရင် နည်းပြ အာတီတာ အနေနဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်မယ်လို့ လန်ဒန် အခြေစိုက် Fooltball London သတင်းဌာန က ထောက်ပြခဲ့ပါတယ်။ ဂျေးဆုဟာ အာဆင်နယ်ကို နောက်တစ်ဆင့်ထံ ရောက်ဖို့ ကူညီပေးခဲ့ပြီး အခုဆိုရင် အာဆင်နယ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘရာဇီး တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် လုံလောက်မှု… Continue Reading →

ဘယ်လင်ဟမ် ရွေးလိုက်တဲ့ အသင်း၊ ကာဆီမီရို အစားထိုး ပစ်မှတ်၊ ဒီကလန်ရိုက်စ် တန်ကြေးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန်ယူ နည်းပြ တန်ဟက်ဟာ ကွင်းလယ်ခံစစ်သမား ကာဆီမီရို နေရာ ရေရှည် အစားထိုးနိုင်ဖို့ ဆောက်သမ်တန် ကွင်းလယ် လာဗီယာ ကို ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။ ဖူလ်ဟမ် အသင်း ဟာ ပရီးမီးယားလိဂ် ၂၂ပွဲ ကစားထားရာမှာ ၆ဂိုး သွင်းထားတဲ့ တောင်ပံကစားသမား ဝီလီယံကို ၂နှစ် စာချုပ်သစ် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ ဂျူ့ဒ်ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်လိုက်ပြီဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေ စတင်တော့မှာပါ။ ဘယ်လင်ဟမ်ဟာ မက်ဒရစ်က ပြသလာတဲ့ စီမံကိန်းကို အထင်ကြီးခဲ့တာကြောင့်… Continue Reading →

ကာဆီမီရိုကို ချိန်လာတဲ့ ဘိုင်ယန်၊ လီဗာပူး ကွင်းလယ်ပစ်မှတ်၊ မက်ဆီ ဘာစီ အလားအလာနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်မဝင်စားဘဲ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ပိုသဘောတွေ့နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာ အသင်းထံ မက်ဆီ ပြန်ရောက်သွားနိုင်ချေဟာ ၇၀% ထိ ရှိလာနေပြီ ဖြစ်ကြောင်းနဲ့ ပီအက်စ်ဂျီက အာဂျင်တီးနား တိုက်စစ်သမား မပါဝင်တဲ့ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်နေပြီလို့ ပြင်သစ် သတင်းတွေက ဖော်ပြလာပါတယ်။ ဒီည ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် ပွဲကြိုမှာ စပါး ယာယီနည်းပြ ရိုင်ယန် မေဆန်က… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑