စပါးအသင်းဟာ နယူးကာဆယ် အသင်းကို အရှက်တကွဲ ၆-၁ နဲ့ ဂိုးပြတ် ရှုံးပြီးတဲ့နောက် ယာယီ နည်းပြ စတယ်လီနီ ကို ထုတ်ပယ်ဖို့ စီစဉ်လာပါတယ်။ အဲရစ်တန်ဟက်ဟာ ၂၀၂၃ အတွင်း ဘရူနိုဖာနန်ဒက်စ်၊ အဲရစ်ဆင်နဲ့ ကာဆီမီရိုတို့ ကွင်းလယ်အတွဲကို ၇ ပွဲသာ အသုံးပြုနိုင် ခဲ့ပေမယ့် အဲ့၇ ပွဲမှာ ၆ပွဲနိုင်၊ ၁ပွဲသရေကျခဲ့ပါတယ်။ မေဆန်မောင့်ဟာ ဒီနွေမှာ ချယ်ဆီးကနေ လီဗာပူးထံ ပြောင်းသွားမယ်ဆိုရင် ကစားသမားဘဝ တဆင့်မြှင့်လိုက်တာ ဖြစ်လိမ့်မယ်လို့ စတန်ကော်လီမိုးက ယုံကြည်နေပါတယ်။ ဘိုင်ယန်… Continue Reading →
မန်ချက်စတာ ယူနိုက်တက် က ဒီဂီယာရဲ့ နေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေပြီး ဘရန့်ဖို့ဒ်မှ ဒေးဗစ် ရာယာ၊ ပေါ်တိုမှ ဒီယေဂို ကော်စတာနဲ့ ဗလင်စီယာရဲ့ Mamardashvili တို့ကို ပစ်မှတ်ထားနေပါတယ်။ လီဗာပူးအသင်းရဲ့ အသက် ၂ဝ အရွယ် ကွင်းလယ် ကစားသမားလေး ဖာဘီယို ကာဗာရို ဟာ နောက်ရာသီမှာ အငှား ထွက် ကစားဖို့ စီစဉ်ထားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ချယ်ဆီး ကြယ်ပွင့်တွေ… Continue Reading →
ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပဲနဲ့တောင် နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ အိုဆီမန်ကို မန်ယူကလည်း ချိန်ရွယ်နေပါတယ်။ တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ဆီက စိတ်ဝင်စားမှုကို ရနေပေမယ့်လည်း စပါးက နည်းပြသစ် ခန့်အပ်လိုက်တာနဲ့ အသင်းမှာ စာချုပ်သစ်ကိစ္စကို ပြန်သုံးသပ်ဖို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဖော် ဆာနေးနဲ့ ရန်ပွဲ ဖြစ်ခဲ့သလို ဘိုင်ယန်မှာလည်း အခြေမကျသေးတဲ့ မာနေးက မပျော်ရွှင်တော့ဘဲ လီဗာပူးအသင်းကို လွမ်းဆွတ်နေကြောင်း မိတ်ဆွေတွေထံ ရင်ဖွင့်ခဲ့ပါတယ်။ ဆီနီဂေါသား က… Continue Reading →
နယူးကာဆယ် အသင်း ဟာ ဒီနွေမှာ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ အာဆင်နယ်၊ လီဗာပူး အသင်းတို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဆင်နယ်အသင်းဟာ ချယ်ဆီးနဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ ကြိုးစားနေတဲ့ ကန်တေအတွက် စုံစမ်းမေးမြန်းမှုလုပ်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ လောက် ပေးရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဘယ်လောက် ပမာဏဖြစ်ဖြစ် ပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ကွန်တီ နေရာ… Continue Reading →
မက်ဂွဲရား ဘယ်လောက် ကောင်းလဲ ဆိုတာ တနင်္ဂနွေနေ့က ကျနော်တို့ မြင်ခဲ့ရပြီ လို့ နည်းပြ တန်ဟက်က ထုတ်ဖော် ပြောခဲ့ပြီး ဆီဗီလာနဲ့ ပွဲမှာ ထုတ်သုံးဖို့ အရိပ်အမြွက် ဆိုခဲ့ပါတယ်။ ဆီဗီလာ အသင်းခေါင်းဆောင် ရာကီတစ်ကတော့ ယူရိုပါလိဂ် ဆိုတာ သူတို့အသင်းရဲ့ ပြိုင်ပွဲလိုတောင် ဖြစ်နေပြီ လို့ ဆိုကာ ယူနိုက်တက်ကို အနိုင်ကစားမယ့် အကြောင်း ပွဲကြိုစကား ဆိုလိုက်ပါတယ်။ ကာဆီမီရို မန်ချက်စတာ ယူနိုက်တက် ထံ ရောက်လာတာ တစ်နှစ် မပြည့်သေးပေမယ့် ဘရာဇီးသားဟာ… Continue Reading →
ယူနိုက်တက်ရဲ့ အသင်းကို ရောင်းချရေး အစီအစဉ်တွေဟာ ရှုပ်ထွေးနေပြီး ကမ်းလှမ်းမှုတွေကို တတိယအကြိမ် လက်ခံ စဉ်းစားဦးမယ် လုပ်လာတာကြောင့် ဂယ်ရီနဗီးလ်ကတော့ ဂလေဇာ မိသားစု ဟာ အဆင့် မရှိဘဲ အဆိပ် အတောက် ဆန်ဆန် အသင်းကို ကိုင်တွယ်နေကြောင်း ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ အဲဗာတန်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က ယူနိုက်တက်ရဲ့ ပွဲ အနည်းငယ်ကို လွဲချော်ဦး မှာ ဖြစ်တယ်လို့ နည်းပြ တန်ဟက်က အတည်ပြုလာပါတယ်။ ဒါကြောင့်… Continue Reading →
ဘရိုက်တန်အသင်း ဟာ အာဆင်နယ် တောင်ပံကစားသမား ရစ်နယ်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အေစီမီလန်ဟာလည်း ဖိုလာရင် ဘာလိုဂန်ကို နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ လီဗာပူးအသင်းဟာ အဓိက ကွင်းလယ် ပစ်မှတ် ဖြစ်တဲ့ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှ နောက်ဆုတ် သွားခဲ့ပြီ လို့ သတင်းထွက်လာပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ရှင်းထုတ်မှုတွေလုပ်ဖို့ ပြင်ဆင်ထားပြီး အသင်းကနေ ထွက်ခွာမယ့် ကစားသမား ၁၃ ယောက်လောက် ရှိနေပါတယ်။ လီဗာပူးဟာ ဘရစ္စတိုစီးတီးအသင်းမှ အသက်… Continue Reading →
မန်ယူမှာ အငှားလာကစားနေတဲ့ ကွင်းလယ် ကစားသမား ဆာဘစ်ဆာ က မန်ချက်စတာ ကလပ် ထံ အပြီး ပြောင်းရွှေ့လိုနေပြီး ၎င်းရဲ့ မိခင် ကလပ် ဘိုင်ယန်မြူးနစ် ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ – သန်း ၃ဝ ကြားလောက် ရရင် နွေမှာ ရောင်းချဖွယ် ရှိပါတယ်။ ဟယ်ရီ ကိန်းကို အရ ခေါ်ယူမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြေးလမ်းထဲမှာ ဘိုင်ယန်မြူးနစ်ကတော့ ဝင်မပါဘူးလို့ သိရပါတယ်။ စပါး တိုက်စစ်မှုးကို နွေမှာ… Continue Reading →
ဒီည ကန်မယ့် လီဗာပူးနဲ့ ပွဲ မတိုင်ခင်မှာ အသင်းသား တစ်ဦး လေ့ကျင့်ရေး ပြန်ဝင်နေပြီလို့ နည်းပြ အာတီတာက ထုတ်ပြောခဲ့ပြီး ဘယ်သူလဲဆိုတာကို အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီရာသီ လီဗာပူးအသင်းကို ဟက်ထရစ် သွင်းထားဖူးတဲ့ ထရော့ဇက်လို ကစားသမားကို အာဆင်နယ် ပိုင်ဆိုင် ထားတာဟာ အသင်းအတွက် သိပ်ကောင်းတယ်လို့ အာတီတာက ထုတ်ပြောပါတယ်။ နာမည်ကြီး ခန့်မှန်းသူတွေဖြစ်တဲ့ လော်ရိုး၊ ခရစ်ဆက်တန်နဲ့ ပေါမာဆန်တို့က တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးက အာဆင်နယ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။ လက်စတာအသင်းဟာ… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑