Category

Daily News

ရှာကာရဲ့ အသင်းဖော်ကို ခေါ်ချင်တဲ့ အာဆင်နယ်၊ မက်ဆီဆင်ရဲ့ တန်ကြေး၊ တူချယ် – ဟာဗက်ဇ်နဲ့ အပြောင်းရွှေ့ သတင်းများ

မန်ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို အက်စတွန်ဗီလာ အသင်းက ပေါင် သန်း ၃ဝ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗီလာဂိုးသမား မာတီနက်ဇ်ဟာ လာမယ့်နွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။ တူချယ် ဘိုင်ယန်နည်းပြ ဖြစ်လာပြီးနောက် ကိုင်ဟာဗက်ဇ် အသင်းပြောင်းသွားဖွယ် ရှိတယ်လို့ သတင်းကြီးလာပေမယ့် ကစားသမားကတော့ ချယ်ဆီးနဲ့ စာချုပ် ၂နှစ်ရှိသေးပြီး လန်ဒန်မှာ အခြေကျ ပျော်ရွှင်နေတယ်လို့ ပြောဆိုလာပါတယ်။ အာဆင်နယ် အသင်းဟာ ရှာကာရဲ့ နိုင်ငံ အသင်းဖော် ဖြစ်တဲ့ ဖရန့်ဖတ်… Continue Reading →

ဇီဒန်း EPL မလာရတဲ့ အကြောင်း၊ ဂိုးသမား ဒေးဗစ်ရာယာ၊ မက်ဆီ အလားအလာ၊ ဖရင်းပေါင် ခေါ်ချင်သူများနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

မန်ယူ ပစ်မှတ်ထားနေတဲ့ လီဗာကူဆင် အစွန်နောက်ခံလူ ဖရင်းပေါင်ကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကပါ စိတ်ဝင်စား ချိတ်ဆက်လာပါတ်။ ဇီဒန်းဟာ အင်္ဂလိပ်စကား မတတ်တာကြောင့် ချယ်ဆီး ဒါမှမဟုတ် စပါးမှာ နည်းပြသစ် ဖြစ်လာမှာမဟုတ်ဘူးလို့ အီမန်နူရယ် ပီတစ်က ဆိုပါတယ်။ အင်တာမိုင်ယာမီဟာ ဒီနွေရာသီမှာ မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် ကလပ်က ရှယ်ယာ ရာခိုင်နှုန်းတစ်ခုပေးပြီး ကမ်းလှမ်းဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားဟာ နောက်ဆုံးတကြိမ် ချန်ပီယံလိဂ်ရအောင် ကြိုးပမ်းဖို့ ၂၀၂၄ ကိုပါအမေရိက မတိုင်ခင်အထိ ဥရောပမှာ ဆက်နေလိုနေပါတယ်။ မက်ဆီကို အသင်းဟောင်း… Continue Reading →

တန်ကြေး အမြင့်ဆုံး ကမ်းလှမ်းမှုနဲ့ မက်ဆီ၊ ကင်မင်ဂျယ်ကို ခေါ်ချင်တဲ့ PL ၃သင်း၊ အိုနာနာ ဈေးနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ တော့တင်ဟမ် စပါးအသင်းတို့ဟာ နာပိုလီ နောက်ခံလူ ကင်မင်ဂျယ် ကို လာမယ့်နွေမှာ ခေါ်ဖို့ အပြိုင် စိတ်ဝင်စားနေပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ပေါင် သန်း ၄ဝ ရှိပြီး နာပိုလီက သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီ အသင်း ကမ်းလှမ်းတဲ့ စာချုပ်သစ်မှ ကြီးမားတဲ့ လစာ လျှော့ချမှုကို လက်မခံရင် ရာသီကုန်မှာ အလွတ်နဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ မက်ဆီကို… Continue Reading →

နည်းပြ ၂ယောက် ထုတ်ခံရခြင်း၊ မက်ဂွဲရား၊ အသင်းကြီးတွေ လိုက်နေတဲ့ ဖာလန်း မန်ဒီနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

တနင်္ဂနွေနေ့ညကတော့ ပရီးမီးယားလိဂ် အသင်း မန်နေဂျာ နှစ်ဦး ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ ထုတ်ပယ် ခံခဲ့ရပါတယ်။ လက်စတာစီးတီးအသင်းဟာ နည်းပြ ဘရန်ဒန် ရော်ဂျာကို အရင် ထုတ်ပယ်ခဲ့ပြီး နောက် နာရီ အနည်းငယ် အကြာမှာ ချယ်ဆီးအသင်းကလည်း နည်းပြ ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဂရေဟမ် ပေါ်တာ ဟာ ချယ်ဆီးကနေ ထုတ်ခံခဲ့ရပေမယ့် လက်စတာအသင်း နည်းပြ ဖြစ်လာဖို့ ချက်ချင်း ရေပန်း စားလာပါတယ်။ အာဆင်နယ်၊ မန်စီးတီးနဲ့ နယူးကာဆယ်တို့ အပြိုင်… Continue Reading →

ဂိုးသမား ရှာနေတဲ့ မန်ယူနဲ့ စပါးတို့ အချက်၊ လွဲဖွယ်ရှိတဲ့ ဟာလန်း၊ ရက်ဖို့ဒ် ငြင်းချက်ထုတ်ခြင်းနဲ့ အပြောင်းအရွှေ့ သတင်းများ

ဘရန့်ဖိုဒ့် အသင်းဟာ နယ်သာလန် ဂိုးသမား မက်ဖလက်ကန်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ၎င်းတို့ အဓိက ဂိုးသမား ဒေးဗစ် ရာယာ ကို ခေါ်ယူလိုနေတဲ့ ယူနိုက်တက်နဲ့ စပါးတို့အတွက် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီနွေမှာ ဘာစီလိုနာကနေ ထွက်ခွာဖွယ်ရှိတဲ့ ဖာတီကို ခေါ်ယူဖို့ရာ ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိ ပေါ်တာရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ နည်းပြဘာရီဟာ သူ့ရဲ့ တွဲဘက်ဟောင်း တူချယ်ရှိရာ ဘိုင်ယန်မြူးနစ် အသင်းထံ လိုက်သွားလိုနေတယ်လို့ သိရပါတယ်။ မန်စီးတီး… Continue Reading →

ကိန်းအတွက် ခြေလှမ်းသွက်နေတဲ့ မန်ယူ၊ မေဆန်မောင့် တန်ကြေး ချယ်ဆီး သတ်မှတ်၊ စာချုပ်သစ် ငြင်းတဲ့ ဒီဂီယာနဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ရာသီကုန်တဲ့အထိ မစောင့်ပဲ စပါးရဲ့ဆွေးနွေးမှုလုပ်ကာ ပေါင်သန်း ၈၀ နဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရဖို့ မျှော်လင့်နေပါတယ်။ စပါးအသင်း မန်နေဂျင်း ဒါရိုက်တာ ပရာတီဆီဟာ အီတလီမှာ ဖြစ်ခဲ့တဲ့ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ဘောလုံးကမ္ဘာမှာ ၂ နှစ်ခွဲ ပါဝင်ခွင့် မရှိစေရလို့ ပိတ်ပင်ခံခဲ့ရပါတယ်။ အာဆင်နယ်ပစ်မှတ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူရေးအတွက် ဘိုင်ယန်မြူးနစ်ဘက်က ချိတ်ဆက်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။ ချယ်ဆီးဟာ နွေရာသီအတွင်း အူဘာမီယန်း၊ ကော်နာ… Continue Reading →

ဟာလန်း အခြေအနေ၊ လစာ ၂ဆကို ငြင်းတဲ့ ရက်ဖို့ဒ်၊ ဂျေးဆုရဲ့ သန္နိဌာန်၊ တူချယ်ကို မျှော်နေတဲ့ မာနေးနဲ့ နံနက်ခင်း ဘောလုံးသတင်းများ

ဘာစီလိုနာဟာ ရူဘင်နီဗက်စ်ကို လက်လျှော့လိုက်တာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဟာ ဝုဗ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ရေး ပိုမို ရေပန်းစားလာတော့မှာ ဖြစ်ပါတယ်။ လီဗာပူး ဘယ်တောင်ပံလူ ဒီယက်ဇ်ဟာ ဒီအပတ်မှာ အကယ်ဒမီ အသင်းနဲ့ လေ့ကျင့်ရေး စဝင်ခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်အပြီး စီနီယာအသင်း လေ့ကျင့်ရေးကို အပြည့် ပြန်ပါဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ မနှစ်ကနွေမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းပေးမယ့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာ ကလပ်မှာ ဆက်နေဖို့… Continue Reading →

မတ်လ အကောင်းဆုံး ၃ ဦး၊ ဒီဂျောင်၊ တဲလက်စ်၊ ဂွန်ကာလို ရာမို့စ်နဲ့ မန်ယူ အပြောင်းအရွှေ့ ထူးခြား သတင်းများ

အဲလက်စ် တဲလက်စ်ဟာ လာမယ့်နွေမှာ ဆီဗီလာ အသင်းထံ အပြီး ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ ယူနိုက်တက် အစွန်ခံစစ်သမား ဟာ ဇွန်လမှာ မန်ချက်စတာ ကလပ်ထံ ပြန်လာမှာ ဖြစ်ပါတယ်။ တဲလက်စ် ဟာ ဒီရာသီ ဆီဗီလာ အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားထားပေမယ့် အပြီး ခေါ်ယူရလောက်အောင် လာလီဂါကလပ်ကို မဆွဲဆောင်နိုင်ဘူး ဖြစ်နေပါတယ်။ ဒဏ်ရာ ရှိနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်… Continue Reading →

ထုတ်ခံရပြီ ဖြစ်တဲ့ ကွန်တီ၊ မန်ယူ တိုက်စစ် ပစ်မှတ်များ၊ ကန်တေ စာချုပ်သစ်နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းထူးများ

တော့တင်ဟမ် စပါးအသင်းဟာ နည်းပြ ကွန်တီကို မနေ့ညက ပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စတယ်လာနီကို ယာယီနည်းပြ အဖြစ် ရာသီကုန်ထိ တာဝန်ယူစေပြီး ရိုင်ယန် မေဆန်ကို လက်ထောက် အဖြစ်နဲ့ ရာသီကုန်ထိ ဆက်သွားဖို့ ရည်မှန်းထားပါတယ်။ ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ကန်တေကို နောက်ထပ် ၂ ရာသီ သက်တမ်းတိုးဖို့နဲ့ ကလပ်ဘက်က ဆန္ဒရှိရင် ထပ်တိုး ၁ နှစ်ပါ ထပ်ချုပ်ခွင့် ပါဝင်တဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုရန် ဆွေးနွေး… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑