Category

Uncategorized

လီဗာပူးရဲ့ တောက်ပနေမှုအပေါ် ပရိသတ်တစ်ယောက်အနေဖြင့် စတီဗင်ဂျရတ်ရဲ့ အမြင်နဲ့ အပျော်

လီဗာပူးရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေကို ပရိသတ်တစ်ယောက်အဖြစ် စတီဗင်ဂျရတ်က အတော်လေး နှစ်သက်နေဟန်ရှိပြီး ဒီနှစ်က လီဗာပူးနှစ်ပဲလို့တောင် ကြွေးကြော်စကား ဟစ်ကြွေးခဲ့ပါတယ်။ “ဒီနှစ်က ကျနော်တို့ နှစ်ပဲ” လို့ စတီဗင်ဂျရတ်က ပြောခဲ့ပြီး ဒီရာသီမှာ လီဗာပူးအသင်း အကောင်းဆုံး ပျံသန်းပြနေတာအတွက်လဲ ဂန္တဝင်ကစားသမားကြီးက ဝမ်းသာနေပါတယ်။ ဥရောပ လက်ရှိချန်ပီယံတွေဟာ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၁ ပွဲ အနိုင်ယူခဲ့ပြီး ဒုတိယနေရာက လက်စတာကို ၈ မှတ်၊ တတိယနေရာက ချယ်ဆီးကို ၈ မှတ်နဲ့ စတုတ္ထနေရာက… Continue Reading →

လီဗာပူးအသင်းမှာ နာမည်ပြောင်နှစ်ခု ရခဲ့ပြီး နာမည်တွေက လန်းတယ်လို့ ဆိုလာသူ ဖာဘင်ညို

လီဗာပူးရဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ဖာဘင်ညိုကို ဒီတလောအင်တာဗျူးမှာ ကလော့ပ်က အင်္ဂလန်နာမည်ကျော် ဖုန်စုတ်စက် ဒိုင်ဆန် နဲ့ ခိုင်းနှိုင်း နာမည်ပေးခဲ့ပါတယ်။ ထိုသို့ တံဆိပ်ကပ်ခံရခြင်း အပေါ် ဖာဘင်ညိုက တုန့်ပြန်စကား ဆိုလာခဲ့ပါပြီ။ လီဗာပူး ကွင်းလယ် ခံစစ်မှာ ဖာဘင်ညိုက အသင်းအတွက် အရေးပါတဲ့ ကစားသမား အဖြစ် နေရာယူထားပြီး တိုက်စစ်နဲ့ ခံစစ်သမားတွေကို ချိတ်ဆက်ကာ ပြိုင်ဘက်တွေကို ရှင်းလင်းပေးနေပါတယ်။ ၎င်းရဲ့ အထင်ကြီးလောက်ဖွယ် အစွမ်းပြမှုတွေကို ကလော့ပ်က အားရကျေနပ် နေပြီး ထုတ်ဖော် ချီးကျူးမှုတွေလည်း… Continue Reading →

ဆောင်းပါး – အမှတ်ပေးဖလားနဲ့ လက်တစ်ကမ်းမှာ ပြိုကွဲလေ့ရှိတဲ့ လီဗာပူးကို ကလော့ပ် တည်ဆောက်ပြခြင်း

လီဗာပူး နောက်ခံလူ ဗန်ဒိုက်က ပွဲကျပ်တဲ့ ခရစ္စမတ် ကာလအတွက် စိတ်ရောက်နေသလို အခုချိန် ဖလားပြိုင်ဆိုင်မှုမှာ ဦးဆောင်ထားနိူင်တာကို အောင်ပွဲခံဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။ မန်စီးတီး အပေါ် အနိုင်ရခဲ့တာကြောင့် လီဗာပူး ဟာ အဓိကပြိုင်ဘက်ကို ၉ မှတ် ဖြတ်ထားပြီး ဒုတိယနေရာက လက်စတာကို ၈မှတ် ဖြတ်ထားပါတယ်။ ဒါပေမယ့် ၁၂ ပွဲသာ ပြီးသေးတာကြောင့် လီဗာပူး က ဘယ်သူကမှ စီးတီးကို အနိုင်ရတဲ့အပေါ် ဖလားရသလို အောင်ပွဲခံဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။… Continue Reading →

ဆောင်းပါး – ကန်တေမရှိပဲ ချယ်ဆီးအသင်း အဆင်ပြေနေတဲ့ အကြောင်းရင်း သို့မဟုတ် ကိုဗာဆစ်

ချယ်ဆီး ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့တိုက်စစ်စွမ်းရည်တွေကို ထုတ်ပြပြီး ဝေဖန်နေသူတွေကို အသံတိတ်စေခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို မပြောင်းလာခင် သူက ရီးရဲလ်မက်ဒရစ်ရဲ့ အရန်ခုံမှာ မကြာခဏ ထိုင်ခဲ့ရပြီး အရည်အသွေးတွေကို ထုတ်ပြခွင့်မရခဲ့ပါဘူး။ ကိုဗာဆစ်က ၂၀၁၈-၂၀၁၉ ရာသီ ချယ်ဆီးမှာလဲ နေရာသိပ်မရခဲ့ပေမယ့် ထိပ်တန်းကစားသမား အဖြစ် သူ့ကိုယ်သူ သက်သေပြဖို့ လိုအပ်ခဲ့ချိန်မှာ ကံကောင်းမှုတွေက သူ့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ပထမဆုံးကတော့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုပါ။ ဒါကြောင့်ပဲ ကစားသမားသစ် ခေါ်ယူခွင့်မရတဲ့ ချယ်ဆီးက သူ့ကို အငှားကနေ အပြီးသတ်… Continue Reading →

ဆောင်းပါး | အိုဒွိုင်းနဲ့ပူလီဆစ်က ချယ်ဆီးရဲ့ အနာဂတ်ဆို ဝီလီယံက လက်ရှိ ကြယ်ပွင့်ပါ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄မှာ ချယ်ဆီးဟာ ဝုလ်ဗ်ကို ၅-၂ နဲ့ အနိုင်ရခဲ့ပြီးနောက် လမ်းပတ် ရဲ့ လူငယ်ကစားသမား တွေက နာမည်ကြီး လာခဲ့ပါတယ်။ အဲ့ဒီ့ ဂိုးအားလုံးကို အကယ်ဒမီထွက် ကစားသမားတွေ သွင်းယူခဲ့တာကဟာ တကယ်ကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တန်မီအေဗရာဟမ် ရဲ့ ဟက်ထရစ်၊ မေဆန်မောင့် နဲ့ တိုမီုရီ တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြတာပါ။ ဒါပေမယ့်လဲ ပွဲအပြီးမှာ ဂန္တဝင် ကွင်းလယ်လူ နည်းပြ လမ်းပတ်က သူတို့ကိူ ချီးကျုးဖို့ ဝန်လေးနေခဲ့ပြီး… Continue Reading →

ရက်ဖို့၊ ဂျိမ်းတို့ တောက်ပခဲ့တဲ့ လီဗာပူးနဲ့ပွဲမှ မန်ယူအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ

ဗစ်တာလင်ဒီအော့ဖ်က အိုရီဂီအပေါ် ရည်ရွယ်ချက် ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တာအတွက် ဘာမှမလုပ်ပေးခဲ့တဲ့ VARရဲ့ ဆုံးဖြတ်ချက်ကို အငြင်းပွားမှု ပြင်းထန်ခဲ့ပေမယ့်လဲ ဒန်နီရယ် ဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုး သွင်းယူသွားပြီးတဲ့နောက် ပထမပိုင်းမှာ ကလော့ပ်ရဲ့ အသင်းဟာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ပွဲပြီးဖို့ ငါးမိနစ်အလိုမှာ လီဗာပူးအတွက် လူစားဝင်ကစားသမား အဒမ် လယ်လာနာက ချေပဂိုး သွင်းယူခဲ့ပေမယ့်လဲ အဲ့မတိုင်ခင် ပထမပိုင်းမှာ VAR က လီဗာပူးကို နာကျင်စေခဲ့ပြီး မာနေးရဲ့ ဂိုးကို လက်ထိဘော သတ်မှတ်ခဲ့ပါတယ်။… Continue Reading →

လီဗာပူးရဲ့ အမှတ်ပေးဇယား ဦးဆောင်မှုအပေါ် အင်္ဂလန် မီဒီယာတွေ ဘယ်လိုမြင်ကြတယ်

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ နယူးကာဆယ် ကို ၃-၁ နဲ့ အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ အကောင်းဆုံး ရှေ့ဆက်နေပါတယ်။ မန်ချက်စတာ စီးတီးကတော့ နောဝစ်ခ်ျကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အခုဆို ဇယားထိပ်က လီဗာပူးနဲ့ ငါးမှတ်ကွာသွားပြီ ဖြစ်ပါတယ်။ ရာသီအစပဲ ရှိသေးတယ်ဆိုပေမယ့် ဥရောပချန်ပီယံတွေကို အထင်ကြီးဖို့ လုံလောက်တဲ့ အကြောင်းရှိပါတယ်။ Daily Mail ရဲ့ ဂျိုးဘန်စတိန်းက “လီဗာပူးဟာ ၂၀၁၇ အစောပိုင်းထဲက စလို့ အန်ဖီးမှာ မရှုံးခဲ့တာ… Continue Reading →

ပွဲ အဖြေပြောင်းနိုင်ကြသူများ၊ ၀ယ်လော့ ၀မ်းမြောက်စကားနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ် ကစားသမားဟောင်း မာတီဆက်ကာက အာဆင်နယ်အသင်းဟာ တိုက်စစ်၊ ခံစစ် ဟန်ချက် မညီ ဖြစ်နေပြီး ‘ဒါကို ထိန်းညှိဖို့ အရေးကြီးကြောင်း အမ်မရီအား သတိပေးစကား ဆိုလိုက်ပါတယ်။ အာဆင်နယ် လူငယ်ကြယ်ပွင့်လေး ဂျိုး ၀ယ်လော့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တဲ့အပေါ် အမ်မရီက – ” ဂျိုး (၀ယ်လော့) ခြေစွမ်းက မနှစ်တည်းက အများကြီး တိုးတက်လာတာပါ။ နည်းစနစ်ပိုင်းလည်း ကျေညက်သလို ဘယ်လို ပြိုင်ဘက်ကို မဆို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကစားနိုင်တယ်။… Continue Reading →

နိုင်ပွဲ ဆက်နေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ

ရာသီကြိုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြတဲ့ အာဆင်နယ် အသင်းသားတွေထဲမှာ မနှစ်က လိုက်ဇစ်အသင်းထံ အငှားထွက်ကစားနေတဲ့ ရိုဝီနဲ့ ကာလရှည် ဒဏ်ရာရနေတဲ့ ဟိုးဒင်းတို့လည်း ပါဝင်လာပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာအသစ် အီဒူးက ကလပ်အသင်းဟာ မန်နေဂျာ အာဆင်ဝင်းဂါးလက်ထက် အရှူံးမရှိပဲ တစ်ရာသီလုံး စွမ်းဆောင်နိုင်ခဲ့တုန်းကလို နိုင်ပွဲတွေကို ရယူနိုင်စွမ်းရှိတဲ့ စိတ်ဓါတ်တွေကို ပြန်လည် တည်ဆောက်ရမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဒန်နီ ဆီဘယ်လော့ကို အငှားနဲ့ ခေါ်ယူဖို့ အရှိန်မြင့် ကြိုးစားလာပါတယ်။ ကလပ် အသင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!