Date

September 11, 2019

ဥရောပချန်ပီယံအဖြစ် UEFA အဆင့် တက်လာပေမယ့် မန်စီးတီးကို မကျော်သေးတဲ့ လီဗာပူး

မနှစ်ကရာသီမှာ ဥရောပချန်ပီယံဖြစ်ခဲ့ပြီး ကလပ်အသင်းသမိုင်းမှာ ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဗိုလ်ဆွဲခဲ့တဲ့ လီဗာပူးဟာ ဥရောပ အဆင့်သက်မှတ်ချက်မှာ ထိပ်တန်းအဆင့်တွေကို ပြန်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်တယ်။ ဆာလက်၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေနဲ့ မက်ဒရစ်မြေမှာ စပါးကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ အရင်နှစ်က ဥရောပအဆင့်သက်မှတ်ချက် အဆင့် ၁၁ နေရာကနေ အဆင့် ၈ ကို ခုန်တက်လာနိုင်ခဲ့ပါတယ်။ ဥရောပ အောင်မြင်မှုအရ လီဗာပူးရဲ့ အဆင့်သက်မှတ်ချက် ပပိုကောင်းလာခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့်လည်း UEFA အဆင့် သက်မှတ်ချက်က ကုန်ခဲ့တဲ့ ၅ နှစ်အတွင်း ကစားတဲ့ပွဲတွေမှာ… Continue Reading →

လမ်းပတ်ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်တဲ့ ပေါင် ၃၅ သန်းတန် ကစားသမား

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဝင်ရောက် လှုပ်ရှားခွင့်ရရင် မန်နေဂျာလမ်းပတ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် နိုက်အသင်းမှ ညာအစွန်လူ Youcef Atal ကို ခေါ်ယူမယ်လို့ သတင်းကြီးလာနေပါတယ်။ ချယ်ဆီးဟာ ဈေးကွက်နှစ်ခုစာ အပြောင်းအရွှေ့ ပိတ်ခံထားရပေမယ့် ဇန်နဝါရီမှာ အယူခံအောင်ဖို့ မျှော်လင့်နေတာပါ။ ညာအစွန်နေရာဟာ ချယ်ဆီးအသင်း အားနည်းနေတဲ့နေရာလို့ ယူဆနေပြီး မန်နေဂျာလမ်းပတ်က အသက် ၁၉ နှစ်အရွယ် ရိစ်ဂျိမ်းကို ထုတ်သုံးမယ်လို့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။ နောက်ထပ် ရွေးချယ်မှုအဖြစ် အယ်ဂျီးရီးယား လက်ရွေးစင်ဟာ ချယ်ဆီးရဲ့ ဦးတည်မှုထဲ ပါဝင်လာခြင်းဖြစ်တယ်။… Continue Reading →

ဖာမင်နိုနဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေရဲ့ ကျော်ကြားတဲ့ ချီးကျူးစကားများ

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းမှာ နေရာရလာပေမယ့်လို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်အတွက် အရေးပါလာတာက တိုက်စစ်ပိုင်း ထူးချွန်ထက်မြက်ခြင်းဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်သမားတွေဖြစ်တ့ မာနေးနဲ့ ဆာလက်ဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားစာရင်းတွေထဲ ပါဝင်လာသလို ဘလွန်းဒီအော့၊ ယူအီးအက်ဖ်အေ၊ ဖီဖာ အစရှိတဲ့ အကောင်းဆုံး ကစားသမားဆုတွေအတွက် ရေပန်းစားမှုတွေထဲ ပါဝင်လာပေမယ့်လို့ တိုက်စစ်သမား ဖာမင်နိုကတော့ ချန်လှန်ခံထားရဆဲပါ။ ပုံမှန် အထောင်တိုက်စစ်သမားတွေနဲ ကွဲထွက်နေပြီး အသင်းတိုက်စစ်ကို ဦးဆောင်သူ၊ ခံစစ်ကို ကူညီသူနဲ့ ယာဂင်ကလော့ပ်ရဲ့ ဖိအားပေးကစားဟန်မှာ အသက်သွေးကြောလို့ ဆိုကြတဲ့ ဖာမင်နိုဟာ တစ်ဦးချင်း… Continue Reading →

ခြေစွမ်းပြနေလို့ ကာရာဘောင်းပွဲမှာ မြင်တွေ့လာရဖွယ်ရှိနေတဲ့ ချယ်ဆီး ဆယ်ကျော်သက်လေး

နိုင်ငံတကာသီတင်းပတ်အတွက် ကလပ်အသင်း ကစားသမားတွေ လက်ရွေးစင်အသင်းတွေထံ ကိုယ်စားပြုဖို့ သွားရောက်နေကြချိန်မှာ ချယ်ဆီးအသင်းမှ လူငယ်လေးနှစ်သီးဟာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူတို့ကတော့ လူငယ်လေး Marc Guehi နဲ့ ဟက်ဒါဖီးအသင်းထံ အငှားထွက်ကစားနေတဲ့ Trevoh Chalobah တို့ပဲဖြစ်တယ်။ ယူ-၂၁ အသင်း ကိုဆိုဗိုကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ခံစစ်တန်းသုံးဦးနေရာက ပါဝင်ကစားခဲ့ကြတယ်လို့ သိပါတယ်။ Guehi ဟာ ချယ်ဆီး ယူ-၂၃ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ဒီရာသီ လူငယ်ပြိုင်ပွဲရဲ့ ပွဲစဉ် လေးပွဲလုံ့းမှာ… Continue Reading →

တိုက်စစ်ပံ့ပို့မှုပိုင်း အရှိန်မြင့်လာနိုင်တော့မယ့်အကြောင်း သတင်းပေးလာတဲ့ အာဆင်နယ်အသင်း

စကောတလန် ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားဖြစ်တဲ့ တီရာနေးဟာ ဒီလထဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ကို ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆဲလ်တစ် ကစားသမားဟောင်းဟာ ဒီနွေမှာ အာဆင်နယ်ထံ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိသေးတာဖြစ်တယ်။ သူဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကစားရမယ့် မန်ယူနဲ့ပွဲအတွက် အဆင့်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ မနှစ်ကရာသီမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပထမလ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ တီရာနေးဟာ… Continue Reading →

အပြောင်းအရွှေ့မှာ လီဗာပူးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့နိုင်တဲ့ သန်း ၁၀၀ တန် ကစားသမား

အင်္ဂလန်အနောက်မြောက် ဒါဘီနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ယူတို့ဟာ မကြာခင် အပြောင်းအရွှေ့တွေမှာ ထိပ်တိုက်တွေ့နိုင်လောက်တဲ့ ပစ်မှတ်တစ်ခုက ပေါ်ပေါက်နေပြီလို့ အင်္ဂလန် အားကစားသုံးသပ်သူ ဂျေဆန်ကန်ဒီက ထုတ်ပြောလာပါတယ်။ ကလပ်နှစ်သင်းဟာ အားဖြည့်ဖို့ လိုအပ်နေတဲ့ ကွင်းလယ်နေရာတွေမှာ ဒီနှစ်တွေအတွင်း တောက်ပလာနေတဲ့ လက်စတာမှ မတ်ဒီဆန်ကို စောင့်ကြည့်မှုတွေ ရှိထားခဲ့ကြတာပါ။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ မနှစ်က ပရီးမီးယားလိဂ်ကို ပြောင်းလာပြီးနောက်ပိုင်း အထူးခြေစွမ်း တိုးတက်လာခဲ့သူဖြစ်တယ်။ မန်နေဂျာဆောက်ဂိတ်ရဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရထားခဲ့တဲ့ မတ်ဒီဆန်ဟာ မန်ယူနဲ့ သတင်းကြီးတွေ မကြာခဏ… Continue Reading →

ချယ်ဆီးရဲ့ တယ်ရီအငယ်အစားလေးကို ပွဲထွက်ခွင့်ပေးဖို့ လမ်းပတ်ထံ တောင်းဆိုနေကြ

နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ရှက်ဖီးနဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့တဲ့ လူငယ်ခံစစ်မှူး တိုမိုရီကို ဆက်လက်ပြီး နေရာပေးဖို့ ချယ်ဆီးပရိသတ်တွေက တောင်းဆိုနေကြပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ မနှစ်တုန်းက ဒါဘီအသင်းမှာ အငှားထွက်ကစားနေခဲ့သူပါ။ အသက် ၇ နှစ်အရွယ်ကတည်းက ချယ်ဆီးအသင်းနဲ့ ပူးပေါင်းခဲ့ပြီး သက်တမ်းအလိုက် အဆင့်တွေမှာ ပါဝင်ခဲ့တဲ့ လူငယ်လေးကို ကလပ်အသင်း ပရိသတ်တွေကတော့ တယ်ရီလက်သစ်အဖြစ် တင်စားမှုတွေလည်း ရှိနေခဲ့တာဖြစ်တယ်။ ရှက်ဖီးနဲ့ပွဲမှာ ဖြတ်ထုတ်မှု သုံးကြိမ် ပြုလုပ်နိုင်ခဲ့သလို ဘောလုံးပေးမှု ၉၅% ထိ အောင်မြင်ခဲ့တဲ့… Continue Reading →

လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ မန်ယူအသင်း အဓိကကစားသမား ၅ ဦးထိ လွဲချော်နိုင်

မန်ယူဟာ ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲအတွက် စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှုပြသနာတွေ ရင်ဆိုင်ရဖွယ်ရှိပြီး အသင်းသား ၅ ဦးဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဘူဂေးရီးယား၊ ကိုဆိုဗိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲတွေမှာ အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့ လုရှော၊ ဘစ်ဆာကာ၊ လင်ဂတ်တို့ ပါဝင်ကစားနိုင်ခြင်း မရှိသလို ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်သမား မာရှယ်တို့ကလည်း ဒဏ်ရာပြသနာတွေကြောင့် လက်ရွေးစင်လူစာရင်းတွေမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ကစားသမား ငါးဦးလုံးဟာ လက်စတာနဲ့ပွဲအမှီ ကြံ့ခိုင်မှု ပြန်ကောင်းလာဖွယ် ရှိမရှိကို မန်နေဂျာ ဆိုးရှားရဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!